Monday, May 27, 2019

မြိတ်မြို့တွင် တင်ဒါအောင်ထားသည့် ဈေးနှုန်းအတိုင်း လျှပ်စစ်ဖြန့်ဖြူးနိုင်ခြင်း မရှိသည့် ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီး တင်ဒါအသစ် ပြန်လည်ခေါ်ယူမည်

မြိတ်မြို့တွင် လျှပ်စစ်မီးဖြန့်ဖြူးရန် တင်ဒါအောင်ထားသည့် ဈေးနှုန်းအတိုင်း ဖြန့်ဖြူးနိုင်ခြင်း မရှိသည့် ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပြီး တင်ဒါအသစ် ပြန်လည်ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။ြ မိတ်မြို့တွင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကို မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီက တာဝန်ယူဖြန့်ဖြူး ရောင်းချနေပြီး တနင်္သ࿿ာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် တင်ဒါအောင်ထားသည့် ဈေးနှုန်းအတိုင်း ကျပ် ၂၆၀ ဖြင့် မဖြန့်ဖြူးဘဲ ကျပ် ၃၈၀ ဖြင့် ဆက်လက်ဖြန့်ဖြူး နေသည့်အတွက် တိုင်းအစိုးရက လုပ်ပိုင်ခွင့်ပြန်လည် ရုပ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



လျှပ်စစ်ဈေးနှုန်း ကြီးမြင့်စွာ သုံးစွဲနေရသည့် မြိတ်မြို့တွင် တင်ဒါအောင်ထားသည့်အတိုင်း လျှပ်စစ်မီးဈေးနှုန်းသို့ မချပေးသည့်အတွက် ပြည်သူများ အကြားတွင် ဝေဖန်မှုများ မြင့်တက်နေပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးစဉ်တွင် တင်ပြခဲ့ကြကြောင်း သိရသည်။ “သူတို့အနေနဲ့ လုပ်ငန်းကို ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် လုပ်ငန်းလုပ်ပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်း လိုက်ပါပြီ။ စာချုပ်ပါစည်း မျဉ်းစည်းကမ်း အတိုင်းဆိုရင် အစိုးရအဖွဲ့ အစည်းအဝေးမှာ တိုင်းဥပဒေချုပ်ရဲ့ သဘောထားမှတ်ချက်နဲ့ ဆုံးဖြတ်ချက်ချမှာ။ ဘယ်လိုအရေးယူမလဲ ဆိုတာတို့ ငါးလလောက် မှန်းထားပါတယ်။ တင်ဒါကြော်ငြာမှာနဲ့ ရွေးချယ်ရမှာ ကျွန်တော့်အနေနဲ့ မပြောနိုင်သေးပါဘူး။ တင်ဒါပြန်ခေါ်မှာပါ။ တင်ဒါအမြန်ဆုံး ပြန်ခေါ်မှာပါ။ အဲဒီကာလစပ်ကြားမှာ မြိတ်မှာ လက်ရှိမီးပေးနေတဲ့ ကုမ္ပဏီပဲရှိတယ်။ တခြား ရွေးစရာ မရှိပါဘူး။ ဒါကြောင့် ယာယီသဘောလေး ပြန်ပေးခိုင်းထားပါတယ်။  မီးလင်းရေး အဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဈေးနှုန်းတစ်ခုတော့ တိုင်ပင်ထားပါတယ်။ တင်ဒါအောင်မြင်တဲ့ ပုဂ္ဂိုလ်တွေအတွက် ပြင်ဆင်ချိန်က ငါးလလောက် မှန်းထားပါတယ်။ အရင်မီးလင်းရေး ကောက်တဲ့နှုန်းထားအောက် ၁၄ ရာခိုင်နှုန်း လျှော့ပြီး ကောက်မှာပါ။ အမှန်က ပြည်သူလူထုကို ဈေးနှုန်းချိုသာစွာနဲ့ ပေးချင်ပါသော်လည်း တနင်္သ࿿ာရီတိုင်းဒေသကြီး အခြေအနေက မဟာဓာတ်အားလိုင်း မရရှိသေးခင်မှာ ဒီလိုပဲ တင်ဒါခေါ်ပြီး ပေးနေရမယ့် အခြေအနေမျိုးမှာ ရှိနေပါတယ်” ဟု တနင်္သ࿿ာရီတိုင်းဒေသကြီး လျှပ်စစ်/စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

မြိတ်မြို့တွင် လျှပ်စစ်ဖြန့်ဖြူးနေသည့် မြိတ်စိမ်းလန်းစွမ်းအင် ကုမ္ပဏီမှာ တင်ဒါအောင်ထားသည့် ကုမ္ပဏီ မဟုတ်ဘဲ အမှန်တကယ် တင်ဒါအောင်ထားသည့် ကုမ္ပဏီများကို အရေးယူပေးရန် လိုအပ်ကြောင်း စောင့်ကြည့်နေသည့် အရပ်ဘက် အဖွဲ့အစည်းများက ပြောကြားခဲ့သည်။

“မြိတ်စိမ်းလန်းစွမ်းအင်ကို လုပ်ငန်းဖျက်သိမ်းမယ်ဆိုတဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီး ပြောတဲ့စကားက ဥပဒေအရပဲ ကြည့်ကြည့်၊ တရားဝင်စာချုပ်မှာ မပါတဲ့ ကုမ္ပဏီတစ်ခုကို တရားဝင်ဖြစ်အောင် ပြောလိုက်သလို ဖြစ်နေတယ်။ တကယ်ဆိုရင် ဖျက်သိမ်းစရာရှိရင် စာချုပ်ထဲမှာပါတဲ့ ကုမ္ပဏီသုံးခုကို ဖျက်သိမ်းရမှာ။ တင်ဒါစည်းမျဉ်း စည်းကမ်းအရဆိုရင် တင်ထားတဲ့စပေါ်ကို သိမ်းရမယ်။ လုပ်ပိုင်ခွင့် ရုပ်သိမ်းရမယ်။ Black List သွင်းရမယ်။ ဒီသုံးဖွဲ့စလုံးကို Black List သွင်းရပါမယ်။ စိမ်းလန်းစွမ်းအင်ကိုပဲ လုပ်ပိုင်ခွင့်ရုပ်သိမ်းပြီး ကျန်တဲ့ကုမ္ပဏီ သုံးခုကို မရပ်ဆိုင်းဘူးဆိုရင် အစိုးရဟာ အဂတိနှင့် ကင်းပါရဲ့လားဆိုပြီး စွပ်စွဲစရာ ရှိလာပါတယ်။ အရင်တုန်းက ချုပ်ဆိုခဲ့တဲ့ လျှပ်စစ်နဲ့ ပတ်သက်တဲ့ စာချုပ်မှာ တိုင်းဥပဒေချုပ်တောင် မသိဘူးလို့ သိရပါတယ်။ ပြည်သူကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ ဘာတင်ဒါပဲဆွဲဆွဲ ပြည်သူတွေကို အသိပေးဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ အမြဲတမ်း လိမ်ခံထိနေလိမ့်မယ်။ လက်ဝါးကြီးအုပ်တာ ခံနေရလိမ့်မယ်။ ဒါတွေမဖြစ်အောင် အစိုးရက လုပ်ဆောင်ပေးမှဖြစ်မယ်။ ကိုယ့်ဒေသ ဖွံ့ဖြိုးဖို့၊ ကိုယ်ဒေသသားတွေ အဆင်ပြေစေဖို့ သင့်တော်တဲ့ ဈေးနှုန်းတစ်ခုကို လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်” ဟု မြိတ်ခရိုင် ၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ လူထုဆက်ဆံရေး တာဝန်ခံ ကိုလှမော်က ပြောကြားသည်။

လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရန် တင်ဒါအောင်ထားသည့် ကုမ္ပဏီများကို အရေးမယူဘဲ ကြားခံကုမ္ပဏီတစ်ခုကို ဟန်ပြအဖြစ် အရေးယူပြမည်ကို ဒေသခံများကလည်း မလိုလားကြကြောင်း ဒေသခံတို့ အဆိုအရ သိရသည်။

လျှပ်စစ်မီးကို တင်ဒါအောင်ထားသည့် ဈေးနှုန်းအတိုင်း မဖြန့်ဖြူးပေးခြင်းနှင့် ပတ်သက်ပြီး မြိတ်ခရိုင် ၈၈ မျိုးဆက်ကလည်း ကြေညာချက်များ၊ တိုင်ကြားစာများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“အစိုးရမှာလည်း အခက်အခဲတွေ ရှိနေတယ်ဆိုတာ နားလည်ပါတယ်။ စာချုပ်တွေ ချုပ်တဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုလာပါပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှုလည်းရှိဖို့ လိုလာပါပြီ။ အစိုးရသွားနေတဲ့ ရည်မှန်းချက်က ဒါပဲ။ တရားဥပဒေ စိုးမိုးရေးရှိဖို့၊ ကျင့်ဝတ်ရှိဖို့၊ ပြည်သူများကလည်း လိုက်နာဖို့ လိုပါတယ်။ ကျွန်တော်တို့ကလည်း ပြည်သူလူထုက လိုလားတောင့်တမှုတွေကို တစ်ဆင့်ခံပြီး အကြံပြုစာတွေပေးတယ်။ နောက်ဆုံး တိုင်ကြားရတဲ့ အဆင့်အထိ ရောက်လာတယ်” ဟု မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ သယံဇာတနှင့် ပတ်ဝန်းကျင်ရေးရာ တာဝန်ခံ ကိုပိုအင်က ပြောကြားသည်။

လျှပ်စစ်မီး တင်ဒါစည်းကမ်း ဖောက်ဖျက်သည့်အတွက် လုပ်ပိုင်ခွင့်များ ရုပ်သိမ်းပြီး တင်ဒါပြန်ခေါ်မည်ဟု ဆိုသော်လည်း လက်ရှိတွင် ပြည်သူများ အနေဖြင့် ဈေးနှုန်းကြီးမြင့်စွာ နောက်ထပ် ငါးလကျော်ကို လျှပ်စစ်မီး ဆက်လက် ဝယ်ယူသုံးစွဲနေရဦးမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment