Monday, May 27, 2019

အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ်နှစ်စင်းရောက်ရှိ

အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Saryu နှင့် INS Bangaram တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း၊ MITT တံတားသို့ ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အိန္ဒိယ နိုင်ငံ ရေတပ် စစ်သံ မှူးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင် အဖြစ် အိန္ဒိယရေတပ်မှ Commodore Ashutosh Ridhorkar ဦးဆောင်၍ အရာရှိ၊ စစ်သည် ၁၇၃ဦး လိုက်ပါလာပြီး မေ ၂၈ရက်အထိ သုံးရက်ကြာနေထိုင်၍ လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment