Monday, May 27, 2019

မန္တလေးလေဆိပ်လုံခြုံရေး ဒုရဲချုပ်(၁)စစ်ဆေး

အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး လေဆိပ်တွင် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်(၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက မေလ ၂၅ ရက်တွင် လိုအပ်သည့် စစ်ဆေးမှုများ သွားရောက်ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။  ‘‘လေဆိပ်မှာ ပေးနေတဲ့ ဝန် ဆောင်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေမှုတွေ ကို ဒုတိယရဲချုပ်(၁) ကိုယ်တိုင် လာပြီး စစ်ဆေးမှုတွေ ပြုလုပ်သွား တာဖြစ်ပါတယ်။ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လည်း လမ်းညွှန်ပြောကြားသွားပါ တယ်’’ဟု မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်လေကြောင်း ရဲတပ်ဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
  ပြည်ထဲရေးဝန်ကြီးဌာနအ နေဖြင့် လေဆိပ်လုံခြုံရေးကျိုး ပေါက်မှုမရှိစေရေး ဆောင်ရွက် ရန်နှင့် ခရီးသည်များ လုံခြုံအေး ချမ်းစွာ သွားလာနိုင်ရေး လိုအပ်သည့် စစ်ဆေးမှုများကို မေလ ၂၂ ရက်ကလည်း ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူကိုယ်တိုင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ပြုလုပ်ခဲ့သည်။

ထို့နောက် မေလ ၂၅ ရက် တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲချုပ်(၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများ မဖြစ်စေရေး သွားရောက်စစ်ဆေးခဲ့သည်။

‘‘လုံခြုံရေးဆိုင်ရာ ဆောင် ရွက်မှုတွေကို ပူးပေါင်းဆောင် ရွက်ဖို့အတွက် ရန်ကုန်မှာ စစ်ပြီး ဖြစ်တဲ့အတွက် မန္တလေးကို ဆက် ပြီး စစ်တာဖြစ်ပါတယ်’’ဟု မန္တ လေးအပြည်ပြည်ဆိုင်ရာ လေ ဆိပ်၏စီမံခန့်ခွဲရေးဝန်ဆောင်မှု ကုမ္ပဏီ MC. JALUX Airport Ser-vices မှ အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းက ပြောသည်။  မန္တလေးအပြည်ပြည်ဆိုင် ရာလေဆိပ်တွင် လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုများအတွက် ပူးပေါင်း ဆောင်ရွက်ရန် ဒုရဲချုပ်(၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းက  လေဆိပ်လုံခြုံရေးကြီးကြပ်မှုကော်မတီ၊ အမှတ်(၃) လုံခြုံရေးရဲကွပ်ကဲမှုအ ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ လေဆိပ်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးကော်မတီ၊ ဌာနဆိုင်ရာ တာဝန်ခံများနှင့် လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီ MC. JaluxAirport Service တို့ကို လမ်းညွှန် မှာကြားခဲ့သည်။

No comments:

Post a Comment