Monday, May 27, 2019

ဂျပန်တိုယိုတာကုမ္ပဏီ မြန်မာနိုင်ငံတွင် ကားစက်ရုံတည်ဆောက်မည်

ဂျပန်မော်တော်ကား ကုမ္ပဏီ တိုယိုတာက သီလ၀ါအထူးစီးပွားရေးဇုန်တွင် ပထမဆုံး ကားစက်ရုံကို ယခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာသည်။ြ မန်မာနိုင်ငံသို့ ကားတင်သွင်းရာတွင် အခွန်သက်သာစေရန်နှင့် ဈေးကွက် ပိုမိုယှဉ်ပြိုင်နိုင်စေရန် နှစ်စဉ် Toyota Pickup Truckကားအစီး ၁၀,၀၀၀ ထုတ်လုပ်မည့်  စက်ရုံကိုတည်ဆောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုစက်ရုံတွင် ယန်းဘီလီယံ များစွာ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အသေးစိတ်ကို မကြာမီထုတ်ပြန် မည်ဟု ဆိုသည်။



အဆိုပါ ကားစက်ရုံကို ‘Knock Down ’ စနစ်ဖြင့်ပြည်ပမှ ကား အစိတ်အပိုင်းများ တင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်မည်ဟု ဆို သည်။ တိုယိုတာကားကုမ္ပဏီ သည် လက်ရှိတွင် ထိုင်းနိုင်ငံ၌ စက်ရုံရှိပြီး ယင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်သွင်းခြင်းဖြစ်သည်။

မြန်မာအစိုးရက ကား ဟောင်းဈေးကွက်ကို လျှော့ချနိုင် မည့် မူဝါဒကြေညာပြီးနောက် မြန်မာနိုင်ငံတွင် ကားသစ်ဈေး ကွက် ကြီးမားကျယ်ပြန့်လာခြင်း ကြောင့်ဟု အဆိုပါကုမ္ပဏီက ဆိုသည်။

‘‘ဈေးကွက်လိုအပ်ချက်အ ရ သင့်တော်တဲ့ ရောင်းအားကို ဆောင်ရွက်ခြင်း ဖြစ်တယ်’’ဟု တိုယိုတာကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ကားအပို ပစ္စည်းဈေးကွက် မရှိသေးသော ကြောင့် တပ်ဆင်ထုတ်လုပ်သည့် စနစ်ကို အသုံးပြုခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘ကားလောကမှာ တိုယိုတာ က ရောင်းအားအကောင်းဆုံးဖြစ် မှာပေါ့။ မြန်မာနိုင်ငံမှာ လူကြိုက် များလို့ သူလည်းဝင်လာရဲတာပေါ့’’ ဟု Capital Motive Automobile  ကုမ္ပဏီပိုင်ရှင် ဦးခင်ထွန်းက သုံး သပ်သည်။

ပြည်တွင်း၌တပ်ဆင်ထုတ် လုပ်ခြင်းကြောင့် တိုယိုတာကား များကို ဈေးနှုန်းသက်သာစွာနှင့် ပြည်သူများဝယ်ယူစီးနိုင်မည်ဖြစ်  ပြီး ပြည်တွင်းတွင်လည်းလူကြိုက် များသည့်ကားဈေးကွက်တစ်ခုဖြစ် သည်ဟု ကားဝယ်ရောင်းဆောင် ရွက်သူ ကိုဝေယံကပြောသည်။

မြန်မာနိုင်ငံတွင် ကားဈေး ကွက် ၉၀ ရာခိုင်နှုန်းကို ဂျပန်ကား ဟောင်းဈေးကွက်က ထိန်းချုပ်ထားသည်။ ကားအဟောင်းများ ၏ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကြားသည် တိုယိုတာကားများဖြစ် ပြီး တိုယိုတာသည် သုံးစွဲသူများ၏ ယုံကြည်မှုရထားသည်ဟု ဆို သည်။

မြန်မာနိုင်ငံရှိ မော်တော် ယာဉ်လုပ်ငန်းဆိုင်ရာအသင်းများ ၏ အဆိုအရ၂၀၁၈ တွင် တစ်နိုင်ငံလုံး၌ ကားအသစ်စီး ၁၇,၅၀၀ ရောင်းချရပြီး ယခင်နှစ်ထက် နှစ်ဆကျော်မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆူဇူကီးသည် ကားအသစ်ဈေးကွက်တွင် အရောင်းရဆုံးဖြစ်၍အစီး ၁၀,၀၀၀ ကျော်ရောင်းချထားပြီး ဒုတိယ အများဆုံးသည် တိုယိုတာဖြစ်ကာ အစီး ၃,၀၀၀ ကျော် ရောင်းချထား သည်။ မြန်မာနိုင်ငံ၌ ၂၀၁၃ တွင် ဆူဇူကီးက ပထမဆုံးကားတပ် ဆင်ထုတ်လုပ်သည့်  စက်ရုံတည်ဆောက်ခဲ့သည်။ လက်ရှိတွင် ဟွန်ဒိုင်းကားကုမ္ပဏီအပါအ၀င် အခြားကုမ္ပဏီများလည်း မြန်မာနိုင်ငံ၌ ကားများ တပ်ဆင်ထုတ်လုပ်နေ သည်။

No comments:

Post a Comment