Monday, May 27, 2019

Hot Pot အိုးထဲကြွက်သေထည့်ကာ ဆိုင်မှ လျော်ကြေးတောင်းသူ ထောင် ၃ နှစ်နဲ့ဒဏ်ငွေချ

တရုတ်နိုင်ငံမှာ နာမည်ကျော် Hot Pot စားသောက်ဆိုင်ကြီးများဖွင့်ထားတဲ့ လုပ်ငန်းတစ်ခုထံကနေ ခြိမ်းခြောက်ငွေညှစ်သူတစ်ဦးကို တရားရုံးက ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ယွမ်သုံးသောင်း ရိုက်ခဲ့ကြောင်း The Global Post သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံက နာမည်ကျော် Hot Pot ဆိုင် Haidilao မှာ လာစားရင်း အိုးထဲမှာ ကြွက်သေပါလာတယ်ဆိုပြီး လူတစ်ဦးက ယွမ်ငွေ ငါးသန်း (အမေရိကန်ဒေါ်လာ ခုနစ်သိန်းနှစ်သောင်းလေးထောင်) တောင်းခဲ့တာဖြစ်ပါတယ်။
ဂေါင်လို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ Hot Pot အိုးထဲမှာ ကြွက်တွေ့တယ်ဆိုပြီး လာပြလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က သူ့ကိုလျော်ကြေးယွမ်ငွေ နှစ်သောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမဲ့ သူဟာ လျော်ကြေးငွေ ယွမ်ငါးသန်း ထပ်တိုးတောင်းလာခဲ့ရာ စားသောက်ဆိုင်က မပေးတော့ပါဘူး။ ဒီအခါမှာ ဂေါင်ဟာ တရုတ်အစားအသောက်နဲ့ ဆေးဝါးဌာန ကို သွားတိုင်ခဲ့ပါတယ်။ စားသောက်ဆိုင်ကလည်း ငွေညှစ်မှုနဲ့ ဘေဂျင်းရဲဌာနကို သွားတိုင်ခဲ့ပါတယ်။ ရဲတွေရောက်လာပြီး စားသောက်ဆိုင်ရဲ့ စောင့်ကြည့်ကင်မရာ CCTV ကို စစ်ဆေး ကြည့်လိုက်ရာမှာတော့ ဂေါင်ဟာ Hot Pot အိုးထဲကို ကြွက်သေထည့်လိုက်တာကို တွေ့တော့တာပါပဲ။

No comments:

Post a Comment