Monday, May 27, 2019

တိုင်းရင်းသားပူးပေါင်းပါတီအရေအတွက် ခြောက်ခုရှိလာ

၂၀၁၅ အထွေထွေရွေး ကောက်ပွဲနောက်ပိုင်းတွင် တိုင်း ရင်းသား နိုင်ငံရေးပါတီများ ပေါင်းစည်းမှုများရှိခဲ့ရာ လက်ရှိအချိန် အထိ ကော်မရှင်က ခွင့်ပြုထား သည့် ပေါင်းစည်းတည်ထောင် သော ပါတီခြောက်ခုရှိလာသည်။ တည်ဆဲတိုင်းရင်းသားပါတီ များ ပေါင်းစည်းမှုတွင် ကယား၊ ကရင်၊ ကချင်၊ ချင်း၊ အင်းတိုင်း ရင်းသားနှင့် မွန်နိုင်ငံရေးပါတီများ ပါဝင်သည်။ ယင်းတို့အနက် အင်း တိုင်းရင်းသား နှစ်ပါတီပေါင်း စည်းထားသော အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယား နိုင်ငံရေး နှစ်ပါတီပေါင်းစည်း သော ကယားပြည်နယ် ဒီမိုက ရက်တစ်ပါတီနှင့် ကရင်သုံးပါတီ ပေါင်းစည်းသော ကရင်အမျိုး သား ဒီမိုကရက်တစ်ပါတီတို့ကို ကော်မရှင်က တရားဝင်နိုင်ငံရေး ပါတီများအဖြစ် အသိအမှတ်ပြု ပြီးဖြစ်သည်။
ကချင်နိုင်ငံရေးပါတီသုံးခု ပူးပေါင်း၍ ပြန်လည်တည်ထောင်သည့် ကချင်ပြည်နယ်ပြည်သူ့ပါတီ က အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို လည်း ကန့်ကွက်သူမရှိ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်က အတည်ပြုထားပြီး ပါတီ အမှုဆောင်နှင့် ပါတီဝင်အင်အား စာရင်း ဆက်လက်တင်ပြရန် လုပ်ငန်းစဉ်အချို့သာ ကျန်ရှိသည်။

ထို့အပြင် မွန်နိုင်ငံရေး နှစ် ပါတီပေါင်းစည်း၍ တည်ထောင် ထားသည့် မွန်ညီညွတ်ရေးပါတီ နှင့် ချင်းနိုင်ငံရေးပါတီ သုံးခု ပူးပေါင်းတည်ထောင်သည့် ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့ အသုံးပြုမည့် ပါတီ အမည်၊ အလံနှင့် အမှတ်တံဆိပ် တို့ကို ကန့်ကွက်လိုသူရှိပါက ခုနစ်ရက်အတွင်း ကန့်ကွက်ရန် ကော်မရှင်က မေလ ၂၅ ရက်တွင် နိုင်ငံပိုင်သတင်းဌာနများမှတစ် ဆင့် ကြေညာထားသည်။

မွန်နိုင်ငံရေးပါတီများဖြစ် သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီနှင့် မွန်အမျိုးသားပါတီ တို့ကို ပူးပေါင်း၍ မွန်ညီညွတ်ရေး ပါတီအဖြစ် တည်ထောင်ခြင်းဖြစ် သည်။ အလားတူ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုး တက်ရေးပါတီနှင့် ချင်းဒီမိုကရေ စီအဖွဲ့ချုပ် သုံးပါတီကို ပူးပေါင်း ၍ ချင်းအမျိုးသား ဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီအဖြစ် တည်ထောင် ပြီး အဆိုပါ ပေါင်းစည်းမှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က  ခွင့်ပြုခဲ့သည်။ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်း ဥပဒေများအရ ယင်းပါတီများက အသုံးပြုမည့် အမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်သူရှိလျှင် ကော်မရှင်က ပြန်လည်စိစစ်၍ ခိုင်လုံသော ကန့်ကွက်မှုဖြစ်ပါက ပြန်လည်ပြင်ဆင်ရန် ညွှန်ကြားရ မည်ဖြစ်သည်။

No comments:

Post a Comment