Monday, May 27, 2019

နိုင်ငံတကာတွင် ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှု လျော့ကျခြင်းက မြန်မာ့ကုန်ကြမ်းဈေး မြင့်တက်လာဟုဆို

ရော်ဘာကုန်ကြမ်းထုတ် လုပ်မှု နိုင်ငံတကာတွင်လျော့ကျ  လာခြင်းက မြန်မာနိုင်ငံ၌ကုန် ကြမ်းဈေး မြင့်တက်လာစေ သည်ဟု မြန်မာနိုင်ငံရော်ဘာစိုက် ပျိုးထုတ်လုပ်သူများအသင်း အ တွင်းရေးမှူး ဦးခိုင်မြင့်ကပြော သည်။ေ ရ်ာဘာကုန်ကြမ်းထုတ် လုပ်နေသော အိန္ဒိယနိုင်ငံတွင် ရေကြီးမှုနှင့် ရာသီဥတုဖောက် ပြန်မှုများကြုံတွေ့ခြင်း၊ ထိုင်း နိုင်ငံကလည်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှု လျော့ကျခြင်းက ဈေးမြင့်တက်ရန် တွန်းအားတစ် ခုဖြစ်လာကြောင်း ၎င်းကပြော သည်။

နိုင်ငံတကာဈေးကွက်တွင်  ရော်ဘာကုန်ကြမ်းဈေးနှုန်းက မေ လအတွင်း ၁၀ရာခိုင်နှုန်းမြင့်တက် ခဲ့သည်။ နိုင်ငံတကာ ဈေးကွက် တွင် ရော်ဘာကုန်ကြမ်းတစ်တန် လျှင် ကန်ဒေါ်လာ ၁,၆၅၀ ခန့်မှ ၁,၈၀၀ ခန့်သို့မြင့်တက်လာသည်။

‘‘နိုင်ငံတကာ ဈေးတက် တော့ ပြည်တွင်းဈေးကပါလိုက်  တက်လာတဲ့သဘောပဲ’’ ဟု ဦး ခိုင်မြင့်ကပြောသည်။ြ ပည်တွင်းဈေးကွက်တွင်  ရော်ဘာကုန်ကြမ်းဈေးနှုန်းတစ် ပေါင်ကျပ် ၈၀၀ မှ ၉၀၀ ကျပ်သို့ မြင့်တက်လာသည်။

ယခုနှစ်မြန်မာနိုင်ငံ၏ ရော်  ဘာကုန်ကြမ်းထုတ်လုပ်မှု တန် ချိန်သုံးသိန်းခန့်ရှိမည်ဟု  ခန့် မှန်းပြီးထုတ်လုပ်ထားသော ကုန် ကြမ်းပမာဏစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့် တင်ပို့နိုင်မည်ဟု ၎င်းကဆိုသည်။ ရာသီဥတုပုံ မှန်ရှိနေခြင်းကြောင့် ရော်ဘာအ ထွက်နှုန်းပုံမှန်အခြေအနေတွင် ရှိ သည်ဟု ဘီးလင်းမြို့နယ်မှ ရော် ဘာခြံပိုင်ရှင်တစ်ဦးက ပြော သည်။  သို့သော်လက်ရှိတွင် ရော် ဘာကုန်ကြမ်း ထုတ်လုပ်သည့် ရာသီကုန်ဆုံးတော့မည်ဟု ၎င်း ကဆိုသည်။

မြန်မာနိုင်ငံတွင် ရော်ဘာ စိုက်ဧက ၁၆ သန်းကျော်ရှိပြီးအ စေးလှီးနိုင်သည့် ဧကရှစ်သိန်း ကျော်ရှိကာမိုးရာသီ၌ ရော်ဘာအ စေးလှီးခြင်းလုပ်ငန်း ရပ်ဆိုင်းပြီး ခြံပိတ်လေ့ရှိသည်။

နှစ်ရှည်ပင်အမျိုးအစားဖြစ်  သော ရော်ဘာစိုက်ပျိုးထုတ်လုပ် မှုက နှစ်စဉ်တိုးတက်နေပြီး အ ရည်အသွေးမြင့် ရော်ဘာကုန် ကြမ်း ထုတ်လုပ်မှုကို ဦးတည်နေ သည်။ ဂျပန်နိုင်ငံ နည်းပညာ အကူအညီဖြင့် ငါးနှစ်အတွင်းအ ရည်အသွေးမြင့် ရော်ဘာကုန် ကြမ်း ၁၅ ရာခိုင်နှုန်းခန့်တိုးမြှင့်  ထုတ်လုပ်နိုင်သည်ဟု ဦးခိုင်မြင့်   ကပြောသည်။ ဆက်လက်ပြီး ဂျပန်နိုင်ငံက နှစ်နိုင်ငံအစိုးရချင်း လက်မှတ် ရေးထိုးပြီး အကူအညီဆက်  လက်ပေးရန် စီစဉ်နေကြောင်း ၎င်းကပြောသည်။

No comments:

Post a Comment