Monday, May 27, 2019

အကျဉ်းထောင်ဆူပူမှုဖြစ်စေရန် ရည်ရွယ်၍ လူမှုကွန်ယက်ပေါ်တွင် သတင်းမှား ဖြန့်ချိနေသူများကို တရားဥပဒေနှင့်အညီ အရေးယူမည်ဟု အကျဉ်းဦးစီးထုတ်ပြန်

အကျဉ်းထောင်ဆူပူမှုဖြစ်စေရန် ရည်ရွယ်၍ လှုံ့ဆော်သည့်အနေဖြင့် သတင်းမှားများကို ဆက်လက်ဖြန့်ချိနေပါက လူမှုကါန်ယက်ပေါ်တွင် သတင်းမှားဖြန့်ချိနေသူများကို တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ြ ပည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန သေဒဏ် ပြစ်ဒဏ်ကျအကျဉ်းသား လွတ်မြောက်လာသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်ထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

အကျဉ်းဦးစီးဌာန ၊ အကျဉ်းထောင်တစ်ခုတွင် ပြစ်ဒဏ် ကျခံလျက်ရှိသော အကျဉ်းသားချစ်ပို (ခ) ဝေယံဖြိုး (ဘ) ဦးသန်းဌေးဦး သည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများ၊ ကြောက်ရွံ့နေကြကြောင်း၊ အကျဉ်းထောင်တာဝန်ရှိသူများကို အရေးယူရန် ဌာနဆိုင်ရာကို ပုတ်ခတ်စော်ကားသည့် သတင်းများကို လူမှုကွန်ယက်အချို့မှ သတင်းမှားဖြန့်ချိနေသည်ကိုတွေ့ရှိရသည်။

ယင်းသို့ သတင်းမှားဖြန့်ဝေနေခြင်းမှာ ထောင်ဝင်စာတွေ့ဆုံချိန်တွင် မိသားစုများမှ တစ်ဆင့် အကျဉ်းသားများသိရှိစေပြီး ထောင်တွင်း၌ ဆူပူမှုဖြစ်စေရန် ရည်ရွယ်၍ သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်သည်ဟုလည်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment