Monday, May 27, 2019

ရန်ကုန်တိုင်းတွင် တောဆင်ရိုင်း သတ်ဖြတ်မခံရမှု (၁)နှစ်ပြည့်အဖြစ် ကင်းလှည့်ထိန်းသိမ်းရေးဝန်ထမ်းများကို ဂုဏ်ပြု

ရန်ကုန်တိုင်း ဒေသကြီးတွင် တောဆင်ရိုင်း အသတ်မ ခံရမှု (၁)နှစ်ပြည့် အထိမ်းအ မှတ်အဖြစ် ကင်းလှည့်ထိန်းသိမ်း ရေးဝန်ထမ်း ၁၀၉ ဦးကို တိုင်းဒေ သကြီး အစိုးရအဖွဲ့က ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။ ၂၀၁၈ ဧပြီ ၁၈ရက် မှ ၂၀၁၉ ဧပြီ၁၈ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် တောဆင်ရိုင်း လုံးဝအသတ်မခံရသဖြင့် သစ်တောဦးစီးဌာန၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နှင့်  မြန်မာ့သစ်လုပ်ငန်းတို့မှ ၀န်ထမ်း ၁၀၉ ဦးကို မေလ ၂၅ ရက်က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။



တောဆင်ရိုင်းသတ်ဖြတ်ခံရ မှု လျော့ကျစေရန် ပူးပေါင်းအဖွဲ့များနှင့် ကင်းလှည့်ထိန်းသိမ်းရေး ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် တောဆင်အသတ်ခံရမှု လုံးဝမရှိခြင်း ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးသောင်းနိုင်က ပြောသည်။ ‘‘တောဆင်ကလုံးဝကို အသတ်မခံရတာ၊ ညအိပ်ပြီးတော့ ကို တောထဲမှာပတ်ပြီး ကင်းလှည့် တာတွေပါ လုပ်ခဲ့တာ။ တကယ်လို့ အသတ်ခံရရင် ကျွန်တော်တို့ သိရမှာ’’ဟု ဦးသောင်းနိုင်က ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးသည် ပဲခူးရိုးမနှင့် ထိစပ်နေပြီး မှော်ဘီ ၊ တိုက်ကြီး၊ လှည်းကူးတစ်လျှောက် သစ်တောကြိုးဝိုင်းများ တွင် တောဆင်ရိုင်းများ အုပ်စုလိုက် ကျက်စားမှုရှိသော်လည်း ယခုအခါ တရားမ၀င်သတ်ဖြတ်မှု များကြောင့် မျိုးသုဉ်းပျောက်ကွယ် မည့် အခြေအနေမျိုး ကြုံတွေ့လာရသည်ဟု  ရန်ကုန်တိုင်းဝန်ကြီး ချုပ်  ဦးဖြိုးမင်းသိန်းက  ပြော သည်။

‘‘တစ်ချိန်တုန်းက လှည်းကူးဘက်မှာဆိုရင် ဆင်ရိုင်းဝင် တယ်ဆိုပြီး လူတွေက စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်။ အဆိပ်လူးမြား တွေနဲ့ နှိမ်နင်းဖို့ ပြင်ဆင်တယ်။ ဒီနှိမ်နင်းမှုတွေကနေ စီးပွားရှာ တဲ့အထိ အဆင့်တက်လာပြီး ဆင်ရိုင်းတွေက ရပ်ကွက်ထဲဝင်ဖို့ ထက်  တဖြည်းဖြည်းမျိုးသုဉ်း ပျောက်ကွယ်ဖို့အထိ  ဖြစ်လာ တယ်’’ဟု ၎င်းကပြောသည်။

သစ်တောဦးစီးဌာန စာရင်းများအရ ၂၀၁၀ မှ ၂၀၁၈ အတွင်းတောဆင် ၂၂၇ ကောင်သေဆုံးခဲ့ပြီး ယင်းအနက် ၁၂၄ ကောင် သည်  တရားမ၀င်သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ ဒေါက်တာညီညီကျော်က ပြော သည်။

တောဆင်ရိုင်းသတ်ဖြတ်ခံ ရမှု လျော့ကျစေရန်  တောဆင်ကျက်စားရာ သဘာဝနယ်မြေများ ထိန်းသိမ်းခြင်း၊ ပူးပေါင်းကင်းလှည့်ခြင်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းကြောင့် သတ် ဖြတ်ခံရမှုများ လျော့ကျလာပြီး ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၌ တောဆင်နှစ်ကောင်သာ သတ်ဖြတ်ခံခဲ့ရသည်ဟု ၎င်းကပြောသည်။

တောဆင်ရိုင်း လုံးဝအသတ်မခံရမှုသည် ရန်ကုန်တိုင်းဒေသကြီးအပြင် ပဲခူးတိုင်းဒေသကြီး၌ လည်း (၁)နှစ်ပြည့်ခဲ့သည်။

ကင်းလှည့် ထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်နိုင်မှုကြောင့်  ၂၀၁၈ သည် ဆင်ထိန်းသိမ်းရန်ရလဒ် ကောင်းသည့် နှစ်ဖြစ်ခဲ့ပြီး ဆင်ထိန်းသိမ်းရေး ဦးစားပေးနယ်မြေတွင် ကင်းလှည့် ထိန်းသိမ်းရေးဝန်ထမ်းများ ပိုမိုထားရှိကာ ဆောင်ရွက်လာမှုကြောင့် ပျမ်းမျှတစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရရာမှ တစ်လလျှင် တစ်ကောင်နှုန်းအထိ ကျဆင်းခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့က ပြောသည်။ တရုတ်နိုင်ငံ၏ ၀ယ်လိုအား ကြောင့် တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်း ပစ္စည်းမှောင်ခိုဈေး ကွက် နှစ်စဉ်မြင့်တက်နေပြီး ဆင်များကျက်စားရာ ဧရာဝတီတိုင်း၊ ပဲခူးရိုးမ၊ ရန်ကုန်နှင့် ရခိုင်ပြည် နယ်တို့၌ မကြာခဏ ဖမ်းဆီးသတ်ဖြတ်ခံနေရသည်။

No comments:

Post a Comment