Monday, May 27, 2019

ချန်ပီယံရှစ်ရှုံးထွက်ဗိုလ်လုပွဲတွင် ဒါဘီကို အနိုင်ရရန်လိုဟု အက်စတွန်ဗီလာကွင်းလယ်လူမက်ဂင်းပြော

ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရေး အင်္ဂလန်ချန် ပီယံရှစ်ရှုံးထွက်ဗိုလ်လုပွဲတွင် မိမိ တို့အနေဖြင့် ဒါဘီကိုအနိုင်ရရန် လိုအပ်ကြောင်း အက်စတွန်ဗီလာ ကွင်းလယ်လူဂျွန်မက်ဂင်း (၂၄ နှစ်)က ပြောကြားပြီး ယနေ့ည ကစားမည့်ယင်းပွဲသည် ၎င်း၏ ကစားသမားဘ၀အကြီးကျယ်ဆုံး ပွဲဖြစ်သည်ဟု ယုံကြည်နေသည်။ ချန်ပီယံရှစ်တွင် ချန်ပီယံ နော်ဝှစ်ခ်ျထက် ၁၈ မှတ်နှင့် ဒုတိ ယနေရာမှ ရှက်ဖီးယူနိုက်တက် ထက် ၁၃ မှတ်လျော့နည်းပြီး ၇၆ မှတ်ရရှိခဲ့သော အက်စတွန်ဗီလာ သည် ရှုံးထွက်အဆင့်ဆီမီးတွင် ၀က်စ်ဘရွန်းနှင့် နှစ်ကျော့ပေါင်း နှစ်ဂိုးစီသရေကျသော်လည်း အ ဝေးဂိုးစည်းမျဉ်းဖြင့် ဗိုလ်လုပွဲ တက်ရောက်ခဲ့သည်။



ချယ်လ်ဆီးကစားသမား ဟောင်းလမ်းပတ်ကိုင်တွယ်နေ သော ဒါဘီက လိဒ်ယူနိုက်တက် ကို နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံရှစ်တွင် ထိပ်ဆုံး နှစ်သင်း ပရီးမီးယားလိဂ်သို့တိုက် ရိုက်တန်းတက်ခွင့်ရပြီး အဆင့် (၃)မှ အဆင့်(၆)အတွင်းရှိ လေး သင်းက ပရီးမီးယားလိဂ်သို့ တိုက် ရိုက်တန်းတက်ခွင့် လက်ကျန် တစ်နေရာစာရရန် ရှုံးထွက် ကစားရခြင်းဖြစ်သည်။ ယခုဗိုလ်လုပွဲတွင်အနိုင်ရ သောအသင်းသည် အနည်းဆုံး ပေါင်သန်း ၁၇၀ ခန့်ဝင်ငွေရရှိနိုင် သည်။

‘‘ဒီပွဲက ကျွန်တော့်ကစား သမားဘ၀မှာ အကြီးကျယ်ဆုံးပွဲ ပါ။ ဒါကိုမျှော်လင့်စောင့်စားနေပါ တယ်’’ ဟု မက်ဂင်းကပြောသည်။ အက်စတွန်ဗီလာသည် ချန် ပီယံရှစ်သို့ တန်းဆင်းခဲ့ရသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး ဒါဘီက ၂၀၀၈ ကတည်းက တန်းဆင်းခဲ့ရသည်။ ၎င်း၏အသင်းသည် ကြီးမား သောဖိအားများကို ရင်ဆိုင်ရန် သင့်လျော်ကြောင်း ဒါဘီနည်းပြ လမ်းပတ်ကယုံကြည်နေသည်။ ‘‘ဒီပွဲမှာ ကျွန်တော်တို့အနေ နဲ့ ပွဲကြီးပွဲကောင်းစိတ်ဓာတ်လို အပ်ပါလိမ့်မယ်’’ ဟု လမ်းပတ်က ပြောသည်။

No comments:

Post a Comment