Monday, May 27, 2019

အွန်လိုင်းကနေ ဆေးခန်းပြနိုင်တဲ့ဝန်ဆောင်မှုစတင်

ဆေးခန်းသွားစရာမလိုဘဲ အွန်လိုင်းကနေ ဆေးခန်း ပြပြီး ကျန်းမာရေးဆိုင်ရာဆွေးနွေး နိုင်မယ့်ဝန်ဆောင်မှုကို အွန်လိုင်း ကနေ ရယူနိုင်တယ်လို့ Myan-Care Co.,Ltd ကသိရပါတယ်။ အသုံးပြုသူတွေအနေနဲ့သည်အပလီကေးရှင်းရှိပြီဆိုတာနဲ့စာနဲ့ပဲဖြစ်ဖြစ်၊ ဗီဒီယိုနဲ့ဖြစ်စေအသံနဲ့ဖြစ်စေကိုယ်အဆင်ပြေတာနဲ့ အချိန်ကိုကြိုတင်ချိန်းဆိုရမှာပါ၊ ချိန်းဆိုထားတဲ့အချိန် ရောက်တဲ့အခါမှာ အင်တာနက် ဖွင့်ပြီး အွန်လိုင်းကနေ ဆေးခန်းပြ နိုင်မှာဖြစ်ပါတယ်လို့ MyanCare Co,ltd က CEO ဦးဇော်မင်းထွန်း က ပြောပါတယ်။



MyanCare Application အနေနဲ့ အွန်လိုင်းပေါ်ကနေတစ်ဆင့်ကျန်းမာရေးဝန်ဆောင်မှု တွေနဲ့ကျန်းမာရေးပြဿနာတွေကို ဆရာဝန်တွေနဲ့တိုက်ရိုက်ဆွေး နွေးနိုင်အောင်ဆောင်ရွက်ပေး ထားတာဖြစ်ပါတယ်။

လူနာတွေရဲ့ကျန်းမာရေးဆိုင် ရာအချက်အလက်တွေကို ကွန် ပျူတာဆာဗာမှာသိမ်းဆည်း ထားတဲ့စနစ်ကိုအသုံးပြုတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအထွေထွေရောဂါကု ဆရာဝန်နဲ့အထူးကုဆရာဝန်စုစု ပေါင်း ၂၀ ခန့်နဲ့ချိတ်ဆက်ဝန် ဆောင်မှုပေးတယ်လို့ ဆိုပါတယ်။

MyanCare application ကို Google play store နဲ့ Apple Store တို့မှာအခမဲ့ဒေါင်းလုပ်ဒ် ရယူနိုင်ပြီး Android version မှာ 5.0 နဲ့အထက်ဖုန်းတွေနဲ့ IOS Version 9 နဲ့အထက်ဖုန်းတွေမှာ အသုံးပြုနိုင်ပြီး မြန်မာဘာသာနဲ့လည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

No comments:

Post a Comment