Monday, May 27, 2019

တောင်တက်သမား မစိမ့်ထက်၏ ရုပ်အလောင်း ပြန်လည်တွေ့ရှိဟုဆို

ဖန်ဂရန်ရာဇီ  ရေခဲ တောင်ပေါ်မှ ပြုတ်ကျခဲ့သည့် အ မျိုးသမီးတောင်တက်သမား မစိမ့် ထက်၏ရုပ်အလောင်းကို ပြန် လည်တွေ့ရှိပြီဟု မြန်မာနိုင်ငံ ခြေ လျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦးက ပြော သည်။  ဒေသခံလမ်းပြ လန်ဝမ်ထိန် ဦးဆောင်သည့် အဖွဲ့က မေလ ၁၈ ရက်ကစ၍ မစိမ့်ထက်၏ ရုပ်အလောင်းကို ရှာဖွေခဲ့ရာ ၂၄ ရက်တွင် ရှာဖွေတွေ့ရှိခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း အသေးစိတ်အချက်အလက်များ ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်  ပြန်ကြားရေးတာဝန်ရှိသူက ပြောကြားသည်။  ‘‘ရှာတဲ့အဖွဲ့တွေက ပြန်ဆင်းလာတုန်းပဲ။ မြေပြင်မရောက်သေး တဲ့အတွက် အသေးစိတ်အချက် အလက်တွေ မသိရသေးပါဘူး’’ ဟု ၎င်းက ပြောသည်။


မစိမ့်ထက်ရုပ်အလောင်းကို တွေ့ရှိပြီဟု သတင်းများကြားသိ သော်လည်း ၎င်းထံသို့ မည်သူမျှ တရားဝင်အကြောင်းမကြားသေး ဟု မစိမ့်ထက်၏ဖခင် ဦးမောင် မောင်လေးက ဆိုသည်။  ‘‘သတင်းတွေကတော့ ကြား တယ်။ ဒါပေမဲ့ သူ့ရုပ်အလောင်း၊ ဓာတ်ပုံဖြစ်ဖြစ် မမြင်ရသေးတော့ အတည်မပြုနိုင်သေးဘူး’’ ဟု ဦးမောင်မောင်လေးက ပြောကြား သည်။

ပြီးခဲ့သည့် မေလ ၄ ရက်က မြန်မာနိုင်ငံခြေလျင်နှင့် တောင် တက်အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးဆောင် သည့် တောင်တက်အဖွဲ့ဝင်များ က မစိမ့်ထက်ကို ရှာဖွေခဲ့ရာ တောင်ထိပ်မှ ပေ ၁,၀၀၀ ကျော်အနက်ရှိ ချောက်အတွင်း ကျောက်ဆောင်တစ်ခုပေါ်၌ ၎င်း၏ဂျာကင် အင်္ကျီနှင့် ပျက်စီးနေသည့် မျက်မှန်သာ တွေ့ရှိပြီး ရာသီဥတုဆိုးရွားသဖြင့် ဆက်လက်ရှာဖွေမှုမပြု လုပ်နိုင်ခဲ့ပေ။  ဖန်ဂရန်ရာဇီရေခဲတောင်မှ မစိမ့်ထက်ပြုတ်ကျမှုသည် တစ်လ ကျော် ကြာမြင့်နေပြီး ၎င်း၏တည်နေရာညွှန်ပြနိုင်သူကို ကျပ်သိန်း ၅၀ ချီးမြှင့်မည်ဟု မိသားစုက ကြေ ညာထားသည်။

No comments:

Post a Comment