Monday, May 27, 2019

ဗင်နီဇွဲလားအစိုးရအဖွဲ့နှင့် လုပ်ဆောင်မည့် ဆွေးနွေးပွဲများအတွက် အတိုက်အခံခေါင်းဆောင်ဂွါအီဒိုက ကိုယ်စားလှယ်များ စေလွှတ်မည်

လာမည့်သီတင်းပတ်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့၌ကျင်းပမည့် သမ္မတနီကိုးလပ်စ် မာဒူရိုအစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ကြောင်း ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွါအီဒိုက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ “ကျွန်တော်စေလွှတ်မယ့် ကိုယ်စားလှယ်အဖွဲ့က ဗင်နီဇွဲလားအစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့သာမက နော်ဝေအစိုးရအဖွဲ့နဲ့ပါ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်အတွင်း ဂွါအီဒိုက ပြောကြားခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ် အမေရိကန်နှင့် အခြားသောနိုင်ငံများစွာ၏ အသိအမှတ်ပြုခြင်းကို ခံရသော ဂွါအီဒိုသည် ゞင်း၏အတိုက်အခံ ကိုယ်စားလှယ်အဖွဲ့တွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဌစ တာလင်ဂွန်ဇာလက်ဇ်၊ အရာရှိဟောင်း ဂီရာဒိုဘလိုင်ဒီတို့က ဦးဆောင်လိမ့်မည်ဟု ဆိုသည်။ ဂွန်ဇာလက်ဇ်နှင့် ဘလိုင်ဒီတို့သည် ကနဦးကကျင်းပခဲ့သည့် နော်ဝေကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲအတွင်း ပါဝင်ခဲ့ကြသူများဖြစ်သည်။

ကနဦး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွင်း ဗင်နီဇွဲလားဆက်သွယ်ရေးဝန်ကြီး ဂျော့ဂ်ျရိုဒရီဂွက်ဇ်နှင့် မီရန်ဒါပြည်နယ် အုပ်ချုပ်ရေးမှူး ဟက်တာရိုဒရီဂွက်ဇ်တို့သည် မာဒူရိုအစိုးရအဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ကြကြောင်း သတင်းမီဒီယာက ထုတ်ပြန်ခဲ့သော်လည်း လာမည့်သီတင်းပတ်ဆွေးနွေးပွဲတွင် ゞင်းတို့ပြန်လည်ပါဝင်လိမ့်မည် ဟုတ်၊ မဟုတ်ကို တိတိကျကျ မသိရသေးပေ။ သမ္မတရာထူးမှ မာဒူရိုနုတ်ထွက်ရန် လပေါင်များစွာကြာ လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သော အတိုက်အခံများသည် အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပွဲများ လုပ်ဆောင်မည့် အကြံနှင့်ပတ်သက်၍ စိတ်ဝင်စားကြောင်း မပြသခဲ့သည့်နောက်ပိုင်း အတိုက်အခံခေါင်းဆောင် ဂွါအီဒိုသည် မာဒူရို၏ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲကျင်းပမည့် ကိစ္စရပ်အပေါ် သတိထားနေသည့် အသွင်ရှိသည်။

အစစ်အမှန်မဟုတ်သော ညှိနှိုင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ စိတ်ရှုပ်နေရသည့် မိမိတို့ကို မည်သူကမျှ နားလည်မည်မဟုတ်ကြောင်း၊ နော်ဝေတွင်ကျင်းပသော ယခင်ဆွေးနွေးပွဲများအတွင်း စေ့စပ်ညှိနှိုင်းမှု အလျဉ်းမရှိခဲ့ကြောင်း၊ မည့်သည့်သဘော တူညီချက်တွင်မဆို မာဒူရိုနုတ်ထွက်ရေးနှင့် ရွေးကောက်ပွဲသစ် ကျင်းပမည့်ရက်ကို စီစဉ်ရေးအချက်သည် ပြေလည်မှုရရှိရန် ဆောင်ရွက်ချက်အတွင်း ပါဝင်သင့်ကြောင်း ဂွါအီဒိုက လာရာပြည်နယ် ကာရိုရာမြို့တွင် ゞင်းအား ထောက်ခံသူများအား ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ခေါင်းဆောင် ဂွါအီဒိုနှင့် ဆိုရှယ်လစ်ဝါဒီသမ္မတ မာဒူရိုတို့အကြား လပေါင်းများစွာကြာ အာဏာလွန်ဆွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရန် တိုက်တွန်းမှု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အကွက်ဆင်မှုများရှိခဲ့သည်ဟု ကြီးကြီးမားမားဝေဖန်ခံခဲ့ရသော ပြီခဲ့သည့်နှစ် ရွေးကောက်ပွဲများတွင် မာဒူရို ပြန်လည်ရွေးကောက်ခံရပြီးနောက် ဂွါအီဒိုကို ထောက်ခံသူများက မာဒူရို၏သမ္မတသက်တမ်းကို တရားမဝင်ကြောင်း သတ်မှတ်ထားကြသည်။

အတိုက်အခံများအား အပြင်းအထန် ဖိနှိပ်ခြင်းအပြင် အခြေခံစားနပ်ရိက္ခာများ ပြတ်တောက်ခြင်းသို့ ဦးတည်စေခဲ့သည့် ပြိုလဲနေသော နိုင်ငံ့စီးပွားရေးကို တာဝန်ယူနေရသည့် မာဒူရိုအား နိုင်ငံတကာ အဖွဲ့အစည်းအများအပြားက ရှောင်ဖယ်နေကြသည်။ မာဒူရိုကမူ ဗင်နီဇွဲလား၏ သြဇာကြီးစစ်တပ်အပြင် နိုင်ငံ၏ အဓိက ကြွေးရှင်များဖြစ်သော ရုရှား၊ တရုတ်၊ ကျူးဘား၏ ကျောထောက်နောက်ခံပြုမှုကို ရရှိထားသည်။

No comments:

Post a Comment