Monday, May 27, 2019

ဇီးရိုးဒေါ်လာ တိုရစ်ဇမ်နဲ့ မြန်မာ

ဇီးရိုးဒေါ်လာတိုရစ်ဇမ် စတင်ပေါ်ပေါက်လာပုံ
Zero-Dollar Tourism (Zero-Dollar Tour/Zero-Budget Tour) ဆိုတာ ကမ္ဘာကပေးထားတဲ့ အမည်ပါ။ ဇီးရိုးဒေါ်လာတိုရစ်ဇမ်ရဲ့ အဓိပ္ပာယ်ကတော့ မသမာတဲ့ တရုတ်ခရီးသွားလုပ်ငန်းရှင်တွေ က သူတို့ရဲ့ဌာနေကိုယ်စားလှယ် တွေနဲ့ (ဥပမာ- မြန်မာကိုယ်စား လှယ်) ပေါင်းပြီး မတော်လောဘ နဲ့ ‘ရိုက်စားခရီးစဉ်များ’ စီစဉ် ရောင်းချကြတာပါ။ ဒါကို ၂၀၁၀ ခုနှစ်ပတ်ဝန်းကျင်မှာ တစ်ကမ္ဘာ လုံးက စတင်သတိထားမိလာကြ ပါတယ်။



တရုတ်တိုးရစ်တွေဟာ ဈေး ပေါတဲ့ ခရီးစဉ်တွေဝယ်ပြီး နိုင်ငံ တကာကို သွားလာလည်ပတ်နေ ခဲ့တာ ကြာပါပြီ။

တချို့ဆို တိုးပါးဝလာလို့ ကိုယ်ပိုင်အစီအစဉ်တွေနဲ့တောင် ကမ္ဘာလှည့်နေကြပါပြီ။ ဒါပေမဲ့ ဈေးပေါတဲ့ တိုး (အတင်းအကျပ် ရှော့ပင်းလုပ်ခိုင်းတဲ့တိုး)တွေဟာ လူဦးရေထူထပ်တဲ့ တရုတ်နိုင်ငံ မှာ ဝင်ငွေနည်းပြီး ခရီးဆာလောင် နေသူများကိုတော့ ဆွဲဆောင်နေ ကြတုန်းပါ။ ၂၀၁၅ ခုနှစ် အောက် တိုဘာလတုန်းကဆိုရင် ဟောင် ကောင်က တရုတ်ပိုင်ရတနာဆိုင် တစ်ခုမှာ ဈေးဝယ်ဖို့ ငြင်းဆန်တဲ့ Zero-Dollar Tour နဲ့အလည်လာ သူ အသက်(၅၃)နှစ်အရွယ် တရုတ်လူမျိုးတစ်ယောက်ကို သေလုမြောပါးရိုက်နှက်လိုက်ကြပါ တယ်။ ဒီသတင်းဟာ ကမ္ဘာကျော် သတင်းတစ်ပုဒ် ဖြစ်ပွားခဲ့ပါ တယ်။ ဒါတောင်မှ ယနေ့တိုင် ဇီးရိုးဒေါ်လာတိုးတွေ ခေတ်စား နေဆဲ...လုပ်စားနေကြဆဲပါ...။

ဇီးရိုးဒေါ်လာတိုရစ်ဇမ်ဆိုတာ

ဒီ Zero-Dollar Tour တွေ ဟာ ခရီးစဉ်ဒေသတွေ၊ သက်ဆိုင် ရာနိုင်ငံတွေမှာ နိုင်ငံ့ဘဏ္ဍာဝင် ငွေမရသလောက်ဖြစ်ရတာ၊ နိုင်ငံ့ ခရီးသွားကဏ္ဍမှာ ခရီးစဉ်ဈေးပေါ သွားတာ၊ မသမာတဲ့ ခရီးသွား စီးပွားရှာမှုနဲ့ တရုတ်ခရီးသွားများ ရဲ့မယဉ်ကျေးတဲ့ အပြုအမူများ ကြောင့် နိုင်ငံရဲ့ခရီးသွားပုံရိပ်ကျ ဆင်းသွားတာတွေ ဖြစ်ပေါ်စေပါ တယ်။

မိမိတို့နိုင်ငံရဲ့ ပုံရိပ်နဲ့ နိုင်ငံ့ ခရီးသွားစီးပွားတိုးတက်အောင် အကျိုးမပြုနိုင်လို့၊ အကျိုးမရှိလို့ Zero-Dollar Tourism လို့ ခေါ် ဝေါ်သုံးစွဲလာကြတာပါ။

ဥရောပနဲ့ နိုင်ငံတော်တော်များ များမှာ ဘာလို့ ဇီးရိုးဒေါ်လာတို ရစ်ဇမ် လုပ်စားမရတာလဲ

ဘာကြောင့် ဥရောပနဲ့ နိုင်ငံ တော်တော်များများမှာ ဇီးရိုးဒေါ် လာတိုရစ်ဇမ်လုပ်စားမရတာလဲ ဆိုတော့ အုပ်ချုပ်သူများ အသိ​ ဉာဏ်ကြီးစွာနဲ့ နိုင်ငံ့အတွက် အ ကျိုးမဲ့တဲ့ မသမာစီးပွားရေးတွေ ဝင်လာလို့မရအောင် ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်း သိမ်းထားနိုင်ကြလို့ပါ။

ဘယ်နိုင်ငံတွေမှာ ဇီးရိုးဒေါ်လာ တိုရစ်ဇမ်လုပ်စားနေကြတာလဲ

 အာရှနိုင်ငံတချို့ ဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေနဲ့ ရုရှား နိုင်ငံမှာ ဇီးရိုးဒေါ်လာတိုရစ်ဇမ် ဟာ တော်တော်လေးတွင်ကျယ်ခဲ့ ပြီး ယခုအထိလည်း ထိန်းမရ အောင် တွင်ကျယ်နေဆဲပါ။ ၂၀၁၆ နောက်ပိုင်းမှာတော့ ဒီလို ခရီးသွားတွေရဲ့ ဆိုးမွေကို သက် ဆိုင်ရာနိုင်ငံတွေ ကြီးမားစွာ ခံစား နေကြရပါပြီ ဝန်ကြီးရှင့်။

Package Tour (စရိတ်ငြိမ်းခရီးစဉ်)ကို လေယာဉ်လက်မှတ် ဘာညာအပါအဝင်နဲ့မှ ဗီဇာ ပေးတယ်လို့ ဝန်ကြီးက ပြောသွားပါတယ်။ Package Tour နဲ့ Zero-Dollar Shopping Package Tour နဲ့ မတူတာလေး တင်ပြချင်ပါ တယ်။ လုံးဝ ခြားနားနေပါတယ် ရှင့်။

Package Tour ဆိုတာက နိုင်ငံတော်ကိုပေးရတဲ့ အခွန်အခ ပါဝင်ပြီး ဝန်ဆောင်မှုအမြတ်အ စွန်းနဲ့ နိုင်ငံတော်ပုံရိပ်တက်စေပြီး နိုင်ငံ့ယဉ်ကျေးမှုနဲ့ သဘာဝတွေ၊ အလှအပတွေကို ပြသတဲ့ခရီးစဉ် ပါ။

Zero- Dollar Shopping Package Tour ဆိုတာက ပုံမှန် မြန်မာငွေ ၁၀ သိန်း၊ ရှစ်သိန်းတန် ခရီးစဉ်ကို ထက်ဝက်မကလျှော့ ပြီး သုံးသိန်း၊ လေးသိန်းတွေနဲ့ ရောင်းချပေးနေကြတာပါ။ တစ်ခါ တလေ နှစ်သိန်းကျော်လောက် နဲ့တောင်ခေါ်လာတဲ့ ဧည့်သည် တွေ ပါဝင်နေတာပါ။ အဓိကရည် ရွယ်ချက်က အတင်းဈေးဝယ်ခိုင်း ပြီး ဧည့်သည်ကို ခွင်ရိုက်ကြဖို့ပါပဲ ဝန်ကြီးရှင့်။ နိုင်ငံ့သဘာဝအလှအ ပတွေကို ပြသဖို့က အဓိကမဟုတ် ပါဘူး။

မသမာတဲ့ တရုတ်ခရီးသွား လုပ်ငန်းရှင်တွေက ခရီးစဉ်တွေ ဘယ်လိုရောင်းနေကြတာလဲ

ဝန်ကြီးရှင့်...

မသမာတဲ့ တရုတ်ခရီးသွား လုပ်ငန်းရှင်တွေနဲ့ သူတို့ရဲ့ဌာနေ ကိုယ်စားလှယ်တွေက တရုတ်ခရီး သည်တွေကို ညွှန်ကြားထားတာ တွေ ရှိပါတယ်။ အင်မတန်မှ သက်သာတဲ့ အထူးဈေးနှုန်းနဲ့ နိုင်ငံခြားကို လေယာဉ်ပျံကြီးနဲ့ စီးပြီး သွား၊ ကားကြီးနဲ့စီးပြီးသွား၊ ဟိုတယ်တွေမှာတည်း၊ လှပတဲ့နေ ရာတွေ သွားလည်ခွင့်ရမယ့် အခွင့်အရေးကောင်းကြီးမို့ သူတို့ဟာ (၁) မဖြစ်မနေ သတ်မှတ်ထားတဲ့ နေရာမှာ ဈေးဝယ်ရပါ့မယ်၊ (၂) တရုတ်လူမျိုးပိုင်ဆိုင်တဲ့ ဆိုင်တွေမှာ ဈေးဝယ်ရပါ့မယ်၊ (၃) တရုတ်ငွေနဲ့ လက်ငင်းပေးချေလို့ရ၊ WeChat သုံးပြီး ငွေချေလို့ ရကြပါတယ်၊ (၄) ခရီးသည်ပတ်စ်ပို့တွေ အကုန် တရုတ်တိုးလီဒါက ကိုင်ထားပါတယ်၊ (၅) သတ်မှတ်ထားတဲ့ ခရီးစဉ်တွေပဲ လည်ခွင့်ရှိပါ တယ်၊ (၆) သတ်မှတ်ထားတဲ့ ဟိုတယ်မှာပဲ တည်းရပါတယ်၊ (၇) သတ်မှတ်ထားတဲ့ စားသောက် ဆိုင်မှာ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရပါတယ်။ အထက်ပါသတ်မှတ်ချက်တွေအ ပြင် တခြားအများကြီးရှိနေပါသေး တယ်။

သူတို့ဟာ သူတို့ Zero-Dollar Tour ပို့နေတဲ့ နိုင်ငံတွေ အပေါ်မှာ ဝင်ကြေးရှောင်တာ၊ လိုင်စင်မဲ့ လုပ်ကိုင်တာ၊ ဒေသခံ ဝင်ငွေမရအောင် အကုန်ပိတ်ဆို့ ထားတာ၊ ငွေမည်းကို ငွေဖြူလုပ်

တာ၊ ပစ္စည်းအတုတွေကို မတန်တဆ ဈေးနဲ့ရောင်းတာ စတာ တွေပေါ့ ဝန်ကြီးရယ်။

မြန်မာလုပ်ငန်းရှင်တွေဝင်ငွေရကြတယ်ဆိုလို့

ဝန်ကြီးရေ... မြန်မာလုပ်ငန်း ရှင်တွေ ဝင်ငွေရကြတယ်ဆိုလို့ ပါ။ သေသေချာချာ အောက်ခြေ မှာ ဆင်းပြီး လေ့လာကြည့်စေချင် တာပါ။ ဟိုတယ်တွေ ဝင်ငွေရ ကြတယ်ဆိုတာ လည်ပင်းညှစ် ထားတဲ့ လချုပ်၊ နှစ်ချုပ်အောက် ဈေးနဲ့ တရုတ်တိုးလီဒါချုပ်ကိုင် ထားတဲ့ အခန်းအဝင်အထွက်စာ ရင်းနဲ့ ဟိုတယ်လည်ပတ်နေရုံ၊ ဝန်ထမ်းစရိတ်ရရုံပါလားရှင်။

စားသောက်ဆိုင်တွေ၊ ကား တွေ ဝင်ငွေရတယ်ဆိုတာ ထက် ဝက်ဈေးလောက်နဲ့ လုပ်ငန်းလည် ပတ်နိုင်ရုံလားရှင်။

ဧည့်လမ်းညွှန်ဝင်ငွေရတယ် ဆိုတာ လိုင်စင်ကတ်ပြားငှားစား တာလားရှင်။

မြန်မာ့ခရီးသွားစီးပွားရေး ကဏ္ဍဟာ မသမာသူ တရုတ်ခရီး သွား စီးပွားရေးသမားတွေနဲ့ ပစ္စည်းတုလုပ်သူတွေရဲ့ ကြိုးဆွဲ ရုပ်လားရှင်။

Low Cost တရုတ်ခရီးသွား တွေရဲ့ မယဉ်ကျေးမှုကြောင့် ဧည့်ကောင်းဆောင်ကောင်းတွေ အ ဝင်နည်းသွားတာ၊ ဧည့်ကောင်း တွေက တရုတ်မရှိတဲ့၊ နည်းတဲ့ ဟိုတယ်ကိုသာ ထားပေးဖို့ တောင်းဆိုလာတာ နိုင်ငံ့ခရီးသွား ပုံရိပ်ကျဆင်းလာတာကို ဘယ်လို ဖြေရှင်းကြမလဲရှင့်။

တရုတ်တိုးရစ်တွေကော ဘာတွေခံစားနေကြရသလဲ

တခြားတစ်ဖက်မှာ တရုတ် တိုးရစ်တွေရဲ့ခံစားချက်နဲ့ အတွေ့ အကြုံတွေကိုလည်း နားစွင့်မိပါတယ် ဝန်ကြီး။ တရုတ်တိုးရစ် တွေကို အင်ဒိုနီးရှားသတင်း ထောက်က အင်တာဗျူးတဲ့အခါ မှာ Zero-Dollar Tour နဲ့ လာကြ တဲ့ ခရီးသည်တွေက ဝန်ဆောင်မှု ညံ့ဖျင်းကြောင်း၊ ဈေးမဖြစ်မနေ ဝယ်ရကြောင်း၊ လုံခြုံမှု (Safe) မရှိကြောင်းနဲ့ ခရီးစဉ်သက်သောင့် သက်သာမရှိကြောင်း ရင်ဖွင့်ကြ ပါတယ်။

ဒါပေမဲ့ ဈေးနှုန်းအမှန်နဲ့ ပိုက်ဆံအပြည့်ပေးပြီး လာလည်ကြတဲ့ ရိုးရိုး Package Tour (စရိတ် ငြိမ်းခရီးစဉ်) ခရီးသည်တွေက တော့ မဖြစ်မနေ ဈေးဝယ်စရာ မလိုဘဲ ခရီးစဉ်နဲ့ ဝန်ဆောင်မှုကို ကျေနပ်ကြပါတယ်။

ထိုင်းနိုင်ငံက ဇီးရိုးဒေါ်လာတိုရစ်ဇမ် ဖြိုခွင်းပုံ

၂၀၁၆ မှာတော့ ထိုင်းနိုင်ငံ အစိုးရဟာ ကျဆင်းလာတဲ့ ခရီး သွားပုံရိပ်တွေကြောင့် ဇီးရိုးဒေါ် လာတိုးလုပ်စားသူတွေကို စတင် အရေးယူပါတယ်။ တိုးရစ်ဘတ်စ် ကားပေါင်း ၂,၁၅၅ စီးကို ဖမ်းဆီး ပြလိုက်ပြီး မသမာတဲ့ ခရီးသွား ကုမ္ပဏီသုံးခုပိတ်သိမ်းခံလိုက်ရ ပါတယ်။

ငွေကြေးခဝါချမှု၊ အရည်အ သွေးနိမ့်ခရီးစဉ်များ ရောင်းချမှုနဲ့ လူပေါင်းများစွာကို ဖမ်းဆီးလိုက် ပါတယ်။

အစိုးရအနေနဲ့လည်း ဘဏ္ဍာ ငွေအမေရိကန်ဒေါ်လာ နှစ်ဘီလီ ယံဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဧည့်ဝင်လည်း ၁၂ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါ ပေမဲ့လည်း ဇီးရိုးဒေါ်လာတိုးကို အမြစ်ပြတ်အောင် မလုပ်နိုင်ခဲ့ပါ ဘူး။

မကြာသေးခင်က ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ Zero-Dollar Tour Package တိုးဝယ်ပြီး သင်္ဘော Safe မဖြစ်တာ စီးမိလို့ တရုတ်တိုးရစ်တွေ သေဆုံးခဲ့ကြ ရပါတယ်။ အဲဒီကိစ္စကြောင့် ကြောက်လန့်ပြီး တရုတ်ဧည့်သည် တွေအဝင်နည်းသွားလို့ ဟိုတယ် အခန်းထောင်ပေါင်းများစွာ ဘွတ် ကင်ဖျက်သိမ်းသွားခဲ့ပါတယ်။ ဟို တယ်တွေနဲ့ ဈေးရောင်းမကောင်း တဲ့ တရုတ်စားသောက်ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေက အစိုးရကို ပြင်းပြင်းထန်ထန် ဝေ ဖန်ပြစ်တင်ခဲ့ကြပါတယ်။ အရေး ဆိုခဲ့ကြပါတယ်။

ဗီယက်နမ်နိုင်ငံက ဇီးရိုးဒေါ်လာတိုရစ်ဇမ် ဖြိုခွင်းပုံ

၂၀၁၇ ခုနှစ် ဗီယက်နမ်နိုင်ငံ မှာလည်း Zero-Dollar Tourism ကို ဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။ ထူးခြားတာကတော့ ကွမ်နင်းခရိုင် မှာ ဒေသခံမဝင်ရတဲ့ မှောင်ခိုလက် ဆောင်ပစ္စည်းအရောင်းဆိုင်ကြီး ၁၅ ဆိုင်ပိတ်သိမ်းခံလိုက်ရပါ တယ်။

ဘာလီမှာ ဘာတွေဖြစ်ခဲ့လဲ

ဝန်ကြီးရှင့်။ ၂၀၁၇ မှာ တရုတ်တိုးရစ် ၇၀ ရာခိုင်နှုန်းဝင်နေတဲ့ ဘာလီဟာ ‘Bali is CHEAP ဈေးပေါတဲ့ ဘာလီ’ ဖြစ်နေရတဲ့ ပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။ (အခုအချိန် မှာ မြန်မာပြည်ကိုတော့ တရုတ် ဧည့်သည်ပျမ်းမျှ ၄၀ ရာခိုင်နှုန်း ဝင်ရောက်နေပါပြီ။)

ဘာလီက တရုတ်ခရီးသွား ကော်မတီဦးစီး မစ္စတာဆူဒီရာတို က ‘Poor Quality Tour Packagescould drive down Bali's Repu-tation’ ခွက်တိုးတွေက ဘာလီရဲ့ နာမည်ကောင်းကို ဖျက်ဆီးလာ နေပြီလို့ ဆိုပါတယ်။ သူ ဒီလောက် ပေါက်ကွဲခဲ့ရတာလည်း အ ကြောင်းရှိပါတယ်ရှင့်။

MAHKOTA (မာကိုတာ)ဆိုတဲ့ တရုတ်ပိုင်လက်ဆောင် ပစ္စည်းအရောင်းဆိုင်တွေကို အပြင်လူဝင်ခွင့်မရှိပါဘူး။ ဒေသခံကို ဝင်ခွင့်မပေးပါဘူး။ အင်ဒိုက သတင်းထောက်တွေကို တိုးရစ်ကတ်ပြားမပါလို့ ဈေးဆိုင်ထဲ ဝင်ခွင့်မပေးပါဘူး။ အပြင်က ကြည့်ရင် အပိတ်ဖြစ်ပေမယ့် အထဲမှာ အင်ဒိုနီးရှားထွက်ကုန်ဆိုတာတွေ ကို အကြီးအကျယ်ရောင်းချနေ တာပါ။

  ရော်ဘာခေါင်းအုံးတွေ၊ အရောင်အသွေးစုံ အင်ဒိုနီးရှားပါတိတ်တွေကို တရုတ်မှာထက် ဈေးသက်သာတယ်။ အစစ်တွေ ဆိုပြီး တရုတ်ဧည့်သည်တွေ ဝယ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ တာဝန်ရှိသူတွေက ဒါတွေဟာ သူတို့နိုင်ငံမှာ ထုတ်လုပ်တာမ ဟုတ်ဘူးလို့ ဆိုပါတယ်။ ဒေသခံဝင်ငွေမရတဲ့၊ နိုင်ငံ့ထွက်ကုန်တွေ မရောင်းရတဲ့၊ နိုင်ငံတော်အခွန် ဘဏ္ဍာမရတဲ့ Zero-Dollar Tourism ကို ကာကွယ်ဖို့၊ ဒါ့အပြင် မသမာတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ တိုးလီဒါတွေကို စစ်ဆေးဖော် ထုတ်ပေးကြဖို့ အစိုးရက မီဒီယာ အကူအညီတောင်းခံခဲ့ပါတယ်။

တို့မြန်မာပြည် ဘာတွေလုပ်ကြ မလဲ

ဝန်ကြီးရှင့်...

သူများနိုင်ငံက အတွေ့အ ကြုံတွေကို သင်ခန်းစာယူပြီး ကျွန်မတို့လုပ်လို့ရတာတွေလည်း ရှိနေပါတယ်။ အကြံပြုချင်ပါ တယ်။ လတ်တလော အတည်ပြု လိုက်တဲ့ မြန်မာနိုင်ငံခရီးသွား ဥပဒေအသစ်မှာရော ယခင်အ ဟောင်းမှာပါ ဥပဒေသတ်မှတ် ချက်အတိုင်း ကျွန်မတို့မြန်မာနိုင်ငံ သားနဲ့ တခြားနိုင်ငံခြားသားများ က (လိုင်စင်ရ ခရီးသွားစီးပွား ကဏ္ဍက အားလုံး) လိုက်နာကျင့် သုံးကြရတာပါ။ အဲဒီအတိုင်းပဲ ပြည်ပတရုတ်နိုင်ငံသားနဲ့ သူတို့ ရဲ့ ဌာနေကိုယ်စားလှယ်များအ တွက်ပါ စည်းမျဉ်းစည်းကမ်းများ နဲ့ ဥပဒေအသက်ဝင်ပေးဖို့ တောင်းဆိုပါတယ်။

အကြံပြုချက်

နောက်ဆုံးတစ်ခု အကြံပြု ချင်တာကတော့ ကျွန်မတို့နိုင်ငံရဲ့ ခရီးသွားပေါ်လစီပါ။ ဝန်ကြီးတို့ အနေနဲ့ Mass Tourism လို့ခေါ်တဲ့‘တိုးများများလာ ဘာလာလာ’ လမ်းကြောင်းကို သွားကြမှာလား။

ဒါဆိုရင် နောင်တစ်ချိန်မှာ Zero-Dollar Tourism ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿ နာတွေကို ကျွန်မတို့ဖြေရှင်းကြရ ပါလိမ့်မယ်။ ဖြေရှင်းလို့ မရတော့ တာလည်း ဖြစ်သွားနိုင်ပါတယ်။

ဒါမှမဟုတ် နိုင်ငံတော်အ ကြီးအကဲတွေ လမ်းညွှန်ထားခဲ့ဖူး တဲ့ ယဉ်ကျေးမှုနဲ့ သဘာဝအခြေခံ တာဝန်သိခရီးသွားလုပ်ငန်း လမ်း ကြောင်းကို (Cultural Tourism/ Eco Tourism/Responsible Tourism) သွားကြမှာလားဆိုတာ အချိန်မနှောင်းခင် ခရီးသွားပေါ် လစီ ချမှတ်သင့်ပါကြောင်း...။

No comments:

Post a Comment