Monday, May 27, 2019

ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်း ၂၆ ပါတီ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ခွင့်တောင်း ကော်မရှင်ဆောင်ရွက်ချက် တရားမျှတသော ရွေးကောက်ပွဲနှင့် ဆန့်ကျင်နေဟုဝေဖန်ထား

 ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေး နွေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေး လိုကြောင်း ပြည်ခိုင်ဖြိုးအပါအ ၀င် ၂၆ ပါတီက ကော်မရှင်သို့ အိတ်ဖွင့်စာ ပေးပို့တောင်းဆို သည်။ ‘‘အဓိကကတော့ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မျက်နှာချင်းဆိုင် ပွင့်လင်းမြင်သာစွာနဲ့ အချိန်လုံ လုံလောက်လောက်နဲ့ပေါ့။ သင့် လျော်တဲ့အချိန်တစ်ခု သတ်မှတ် ပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ဒီအိတ်ဖွင့်ပေးစာပေးပို့ပြီးတောင်းဆိုတာပါ’’ ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက ပြောသည်။

စစ်မှန်ခိုင်မာသော ဒီမိုက ရေစီစနစ်တည်ဆောက်နိုင်ရန် အများယုံကြည် လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပပေးရန်  ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့ စည်း တာဝန်ပေးထားခြင်းဖြစ် သော်လည်း လက်ရှိကော်မရှင်၏ ဆောင်ရွက်ချက်များသည် ဆန့် ကျင်ဘက်လားရာသို့ ဦးတည်နေ  ကြောင်း မေလ ၂၃ ရက်စွဲတပ် ထားသည့် အဆိုပါအိတ်ဖွင့်ပေး စာတွင် ဖော်ပြထားသည်။

လက်ရှိ ရွေးကောက်ပွဲကော် မရှင် သက်တမ်းသုံးနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် သုံးကြိမ် သာ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးချိန် လုံလောက်မှုမရှိ ကြောင်းပါရှိသည်။ ယခင်အစိုးရ လက်ထက်တွင် တာဝန်ယူသည့် ကော်မရှင်သက်တမ်းအတွင်း ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃၇ ကြိမ်အထိတွေ့ဆုံညှိနှိုင်းနိုင် ခဲ့ပြီး  ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း ၂၀၁၃ မှ ၂၀၁၅ အထိ တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့သည်ဟု ဆိုသည်။

လက်ရှိ ဒီချုပ်အစိုးရလက် ထက်ကော်မရှင်သက်တမ်းတွင် မူ ထိုသို့ပွင့်လင်းမြင်သာစွာ တွေ့ ဆုံမှုမရှိသည့်အပြင် ကော်မရှင် အဆင့်ဆင့်မှ နိုင်ငံရေးပါတီများ သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက် ရာ၌ နိုင်ငံရေးပါတီများအား ကော်မရှင်၏ လက်အောက်ခံဌာန များသဖွယ် သဘောထားညွှန် ကြားခြင်း၊ ဥပဒေနှင့်အညီဆောင် ရွက်မှုများအပေါ် ကန့်သတ်ချုပ် ချယ်ရာရောက်ခြင်း စသည့် ဆောင်ရွက်မှုများ တွေ့ရှိရသည် ဟု ဝေဖန်ထားသည်။

ထို့ကြောင့် လာမည့်အထွေ ထွေရွေးကောက်ပွဲတွင် လွတ် လပ်၍ တရားမျှတသော ရွေး ကောက်ပွဲမဖြစ်နိုင်ဟု ယုံကြည် ကြောင်း ပါရှိသည်။ ယင်းအိတ် ဖွင့်ပေးစာ၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေး အပါအ၀င် တစည၊ အမျိုးသားဒီမိုကရေစီပါ တီသစ်၊ အမျိုးသားတိုးတက်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန် မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ စ သည့် ၂၆ပါတီမှ တာဝန်ရှိသူများ လက်မှတ်ရေးထိုးထားသည်။ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကမူ အဆိုပါအိတ်ဖွင့် ပေးစာကို လက်ခံရရှိခြင်းမရှိသေး ၍ မှတ်ချက်မပေးနိုင်သေး ကြောင်း ယမန်နေ့ညက ပြော သည်။ ‘‘တွေ့ဖို့လိုအပ်တဲ့ အချိန် မှာ တွေ့မယ်ဆိုတဲ့ အနေအထား တော့ ရှိပါတယ်’’ဟု ၎င်းကပြော သည်။ သို့သော် လတ်တလော တွင် တွေ့ဆုံရန် စီစဉ်ထားခြင်း မရှိသေးဟု ဆိုသည်။

No comments:

Post a Comment