Monday, May 27, 2019

ရခိုင်ပြည်နယ်အရေး ဘင်္ဂလားဒေ့ရှ် ဖျက်လိုဖျက်ဆီးလုပ်နေဟု ကုလလုံခြုံရေးကောင်စီ၌ မြန်မာသံအမတ်ကြီးပြော Safe Zone ထူထောင်ရေး မြန်မာဘက်က ပြတ်သားစွာငြင်းဆို

ရခိုင်ပြည်နယ်အရေးနှင့် နှစ်နိုင်ငံဆောင်ရွက်ချက်အပေါ် ဘင်္ဂလားဒေ့ရှ်၏ ဖျက်လိုဖျက်ဆီးတရစပ် အားထုတ်နေမှုသည် ပြဿနာကို ဖြေရှင်းရာမရောက် ကြောင်း နယူးယောက်မြို့ ကုလ သမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ကြီး ဦးဟောက်ဒိုဆွမ်းက ပြော သည်။ မေလ ၂၃ ရက်တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၌ 'Pro-tection of Civilians in Armed Conflicts' ခေါင်းစဉ်ဖြင့် တံခါး ဖွင့်ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာ သံအမတ်ကြီးက ယင်းသို့ ထည့် သွင်းပြောကြားခဲ့ကြောင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က သတင်း ထုတ်ပြန်သည်။ ထိုသို့သော အခြေအနေက ပြည်သူများအကြား ခွဲခြားဆက် ဆံနေမှုနှင့် ဒုက္ခခံစားရမှုကိုသာ ပိုမိုဆိုးရွားကြာမြင့်စေမည်ဟု ဦးဟောက်ဒိုဆွမ်းက ပြောကြား သည်ဟု ဆိုသည်။



ထို့အပြင် မြန်မာအစိုးရ သည် ဘင်္ဂလားဒေ့ရှ်က အဆိုပြု သည့် နှစ်နိုင်ငံနယ်စပ်တွင် Safe Zone ထူထောင်ရန် ကိစ္စကို ထပ်မံ၍ ပြတ်သားစွာ ငြင်းဆိုကန့်ကွက် ကြောင်း မြန်မာသံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်အရေးတွင် လူ့အခွင့်အရေးအကြမ်းဖက်မှု များနှင့် ပတ်သက်၍ အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့ (ICOE)ဖွဲ့စည်းဆောင်ရွက်နေကြောင်း နှင့် တပ်မတော်ကလည်း သီးခြား ခုံရုံးဖြင့် ဖွဲ့စည်းစစ်ဆေးမည်ဖြစ် ကြောင်း ဦးဟောက်ဒိုဆွမ်းက ကုလလုံခြုံရေးကောင်စီ၌ ရှင်းပြ သည်။

ထို့အပြင် မြန်မာအစိုးရ သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ် ရေးအနှစ်သာရကို တန်ဖိုးထား သော နိုင်ငံဖြစ်၍ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးတွင် ငြိမ်းချမ်း ရေးကို ဗဟိုချက်ထားကာ ဆောင် ရွက်နေကြောင်း ၎င်းက ဆိုသည်။ အထက်ပါ တံခါးဖွင့်ဆွေး နွေးပွဲတွင် ပဋိပက္ခအတွင်း ပြည် သူများကို ကာကွယ်ရန် သက်ဆိုင်ရာ နိုင်ငံအစိုးရ၌ တာဝန်ရှိပြီး အချုပ်အခြာအာဏာ၊ နယ်နိမိတ် အပိုင်းအခြားနှင့် နိုင်ငံရေးလွတ် လပ်ခွင့်ဆိုင်ရာ မူဝါဒများကို လိုက်နာ၍ နိုင်ငံတကာအသိုင်းအဝိုင်း က အစိုးရကို ထိရောက်အကျိုးရှိ မည့် နည်းလမ်းများဖြင့် ကူညီရန် အရေးကြီးကြောင်း ဦးဟောက် ဒိုဆွမ်းက ထည့်သွင်းပြောကြား သည်ဟု မြန်မာကိုယ်စားလှယ် အဖွဲ့ထုတ်ပြန်ချက်တွင်  ပါဝင် သည်။

No comments:

Post a Comment