Monday, May 27, 2019

လူငယ်ကြယ်ပွင့် ဆန်ချိုကို ရောင်းချရန်အစီအစဉ်မရှိဟု ဒေါ့မွန်အသင်း ပြောကြား

အင်္ဂလန်လူငယ်ကြယ် ပွင့် ဂျော်ဒန်ဆန်ချိုကို ရောင်းချ ရန် အစီအစဉ်မရှိဟု ဒေါ့မွန်အ သင်း၏ အမှုဆောင်အရာရှိချုပ် ဟန်းစ်ဂျိုချင်ဝက်စကီးက အတိ အလင်း ပြောကြားသည်။ ယင်းတိုက်စစ်မှူးသည် မန် ယူ (သို့မဟုတ်) လီဗာပူးသို့ပြောင်း ရွှေ့မည်ဟု သတင်းထွက်နေပြီး ဘာစီလိုနာကလည်း စိတ်ဝင်စား နေသည်ဟုဆိုသည်။ သို့သော် ဒေါ့မွန်က ၎င်းကို ယခုနွေရာသီတွင် ထွက်ခွာခွင့် ပေးရန် ပြင်ဆင်မထားဘဲ ယင်း ကစားသမားကို လာမည့်ရာသီ၌ ဒေါ့မွန်တွင် ဆက်လက်ရှိမည်ဟု ၀က်စကီးက အာမခံသည်။


‘‘ဂျော်ဒန်ဟာ ဒေါ့မွန်မှာ ၁၀ နှစ်ကျော်ကျော် ကစားမှာမဟုတ် ဘူးလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ လည်း လက်ရှိပစ္စုပ္ပန်နဲ့ပတ်သက် လို့ ကျွန်တော်တို့ ရှင်းလင်းတဲ့ သဘောတူညီချက်တွေ ရှိပါ တယ်’’ဟု ဒေါ့မွန်စီအီးအိုကပြော သည်။

‘‘ဂျော်ဒန်ဟာ ဈေးကွက်ထဲ မှာ မရှိပါဘူး။ လာမယ့်ရာသီမှာ ဒေါ့မွန်မှာ ကစားနေမယ်လို့ အာမခံပါတယ်’’ဟု ၀က်စကီးကပြောသည်။

ဒေါ့မွန်သည် လာမည့်ရာသီ အတွက် ဈေးကွက်တွင် လျင်မြန် စွာလှုပ်ရှားနေကာ သော်ဂန်ဟာ ဇက်၊ နီကိုရူးဇ်နှင့် ဂျူလီယန်ဘရန့် တို့ကို ခေါ်ယူထားသည်။

သို့သော် ဒေါ့မွန်အနေဖြင့် လုပ်ဆောင်စရာအချို့ ရှိနေသေး ပြီး မာရီယိုဂေါ့ဇီနှင့် မန်နေဂျာ လူစီယန်ဖာဗာတို့ လာမည့်နှစ် တွင် ဆက်ရှိရန် စာချုပ်သစ်များ လိုအပ်နေသည်။ သို့သော် ၎င်းတို့ နှစ်ဦးစလုံးနှင့် လာမည့်သီတင်း ပတ်များတွင် စာချုပ်ချုပ်နိုင်မည် ဟု ၀က်စကီးက ယုံကြည်စိတ်ချ နေသည်။ မိမိတို့အနေဖြင့် ၎င်းတို့ နှစ်ဦးစလုံးကို အလိုရှိသည်ဟု ၀က်စကီးက အခိုင်အမာပြော ကြားသည်။

No comments:

Post a Comment