Monday, May 27, 2019

တောစည်တဲ့ လောကီ

(တစ်) အဲသည့်မိုးဦးလေဦး နံနက် ခင်းတုန်းက စုံနံ့သာမြိုင်တော လမ်းတစ်နေရာရာမှာ အဘယ်သို့ သော သတ္တ၀ါနဲ့ပဲတွေ့လိုက် တွေ့လိုက်၊ ဘယ်သွားမလို့လဲဗျ လို့မေးကြည့်လိုက် တစ်တောလုံး ဇာတ်များတိုက်ထားလေရော့သ လားလို့ အောက်မေ့ရတယ်။ အ ကုန်လုံး ဈေးကိုချည်းပဲ။ ဟုတ် တယ်။ ပုရွက်ဆိတ်ကနေ ဆင် ကြီးအဆုံး အားလုံးဈေးကို။ အား လုံးသုတ်သုတ်သုတ်သုတ်နဲ့ အ သော့နှင်နေလိုက်ကြတာ။ ဒီနေ့မှ ဈေးကို မသွားမိရင် တိရစ္ဆာန်ဖြစ် ရကျိုးပဲ မနပ်တော့မယ့်ပုံနဲ့။ ဟုတ်ကဲ့။ ထပ်ပြောပါရစေ။ စုံနံ့ သာမြိုင်နေ သတ္တ၀ါအထွေထွေတို့ ထိုနံနက်ခင်းက အားလုံး ဈေးကို။

‘‘အနို့ နေပါဦး။ ဈေးမှာ ဘာ များဝယ်စရာ၊ ခြမ်းစရာအရေးတ ကြီးရှိနေလို့တုံး’’

သို့ကလို ဂျက်ကွမ်းခြံကုန်း က လမ်းပေါ်သွားမျောက်ကြီးတစ် ကောင်ကို လှမ်းမေးကြည့်မိပါရဲ့။ ဘာပြန်ဖြေတယ်မှတ်သတုံး။

‘‘ဘာဝယ်ရမှာတုံး။ ဘာမှ ၀ယ်စရာမရှိဘူး။ ပွဲဗျ။ ဈေးရှေ့ က ရယ်ဒီ(Ready)ဆိုတဲ့ စား သောက်ဆိုင်။ အဲသမှာ ပရိုမိုးရှင်း ဆိုတဲ့ ရောင်းအားမြှင့်ပွဲရှိသဗျ။ ကျုပ်တို့သတ္တ၀ါတွေ အဲသည့်ပြေး နေကြတာ။ တွေ့ရခဲ၊ မြင်ရခဲ ကြည့်ချင်ရင် ရယ်ဒီကိုသာကြွ လှမ်းခဲ့တော့ ဆရာကြီးဂျက်ရယ်’’

ရယ်ဒီ(Ready)တဲ့။ ယင်း ၎င်းဆိုင်ကို ဂျက်ကွမ်းခြံကုန်းသိ သပေါ့။ တိရစ္ဆာန်ဈေးကြီးရှေ့က စားသောက်ဆိုင်။ ကော်ဖီ၊ လက် ဖက်ရည်၊ အပူ၊ အအေး၊ မုန့်ပဲ သရေစာတော်တော့်ကို စုံစုံလင် လင်ရတဲ့ဆိုင်။ တောသတ္တ၀ါတွေ အထိုင်များတဲ့ဆိုင်။ အခုအဲသမှာ ရောင်းအားမြှင့်ပရိုမိုးရှင်း (Promotion)ပွဲရှိလေသတဲ့။ တော သတ္တ၀ါတွေ ဈေးကို ဈေးကိုနဲ့ အ ပြေးဆိုသလို အသော့နှင်နေကြ တာဟာ အဲသည်ရယ်ဒီဆိုတဲ့ ဆိုင်ကြီးရှိရာဆီကိုပါတဲ့။

ဆိုင်ကို လူအ၀င်၊ အထွက် များအောင်လို့ ရောင်းအားမြှင့်ပွဲ လုပ်တဲ့အခါ ဘယ့်နှာသို့သောအ စီအစဉ်တွေနဲ့များ တီထွင်ကာ ထားပါလိမ့်မလဲရယ်လို့ ဂျက် ကွမ်းခြံကုန်းလည်း သိချင်၊ကြည့် ချင်လာမိပါရဲ့။

ဒါနဲ့ အဲသည့်နေ့က ကျွန်ုပ် သည်လည်း ရှိရှိသမျှသော သတ္တ ၀ါဝေနေယျတို့နဲ့အတူ စုံနံ့သာမြိုင် တိရစ္ဆာန်ဈေးကြီးရှေ့နားက အသင့်ရယ်ဒီ (Ready)ဟု အမည်ရသော စားသောက်ဆိုင်ကြီးရှိရာဆီသို့။

(နှစ်)

ဟုတ်သဗျ။ တကယ့်ပရိုမိုး ရှင်းပွဲ။ ဆိုင်ကိုရောင်းအားမြှင့် တာ။ သတ္တ၀ါတွေ၊ သတ္တ၀ါတွေ ဆိုတာ ကြိတ်ကြိတ်ကိုတိုးလို့။ ဆိုင်ထဲမှာ ၀ယ်ယူစားသုံးသူသတ္တ ၀ါတွေနဲ့ ထိုင်ခုံအလွတ်မရှိတော့။ ဆိုင်အပြင်မှာကလည်း သတ္တ၀ါ ပေါင်းစုံတို့ စုပြုံအုံခဲကာ အတင်း တိုးဝှေ့နေတာကြောင့် တိရစ္ဆာန် လုံခြုံရေးတွေခမျာ ၀ီစီတွေကို တ တွီတွီနဲ့ မှုတ်လို့။ မလှမ်းမကမ်းက ပိတောက်ပင်ကြီးအောက်မှာ တော့ ချွေးထွက်လွန်ပြီး မူးလဲ သွားတဲ့ သိုးမကြီးကို တိရစ္ဆာန် ကြက်ခြေနီတွေက တတ်အားသ မျှ ပြုစုလို့။

မတိုးကြပါနဲ့ဆိုတဲ့ အသံ တွေ၊ ဆိုင်ထဲက အကောင်တွေ စားပြီးသောက်ပြီးရင် ထကြတော့ လေဆိုတဲ့အသံတွေ၊ နောက်မှာ စားသုံးသူတွေရှိသေးသကွဆိုတဲ့ အသံတွေ၊ ခုံအလွတ်ရှိရင် ပြော ပါဗျို့ဆိုတဲ့အသံတွေ ပွက်စီပွက် စီညံနေတဲ့ကြားကပဲ ရုတ်တရက် ဆိုသလို မီးခဲကိုရေထဲချလိုက်သ လို ရှဲခနဲမြည်ကာ တိတ်ဆိတ်လို့ သွားပါလေရဲ့။

ဟောဗျ။ ရေဆေးငါးကြီးပါ ခင်ဗျ။ မျှစ်စို့ကြီးပါခင်ဗျ။ ဖွေးဖွေး ဖြူဖြူ ၀င်းဝင်းမွတ်မွတ် တုတ် တုတ်ခိုင်ခိုင်။ အကွေးအ၀ိုက် အ နိမ့်အမြင့် အဖုအဖောင်းအားလုံး ကို ဟိုးလိုးဟောင်းလောင်းမြင်ရ မတတ်ပါးပါးရယ်မှ လှပ်လှပ်က လေးသာလို့ဆိုရမယ့် ဇာဖြူဖြူ ကလေးကို ခြုံကာ လူအမျိုးသမီး ငယ်ကလေးတစ်ယောက် ဆိုင်ထဲ မှာဟိုသည်လျှောက်လို့ စားပွဲတစ် လုံးက နောက်တစ်လုံးရှိရာဆီ လိပ်ပြာကလေးပမာ လူးလာပျံဝဲ လို့သွားနေပါပေါ့လား။

တစ်ကိုယ်လုံးကို ဘာအ ၀တ်အစားနဲ့မှ ဖုံးမထားဘဲ ဇာက လေးနဲ့သာခြုံလို့ထားပြီး စားသုံး သူသတ္တ၀ါတွေကို ပြုံးပြီး လိုက် လံနှုတ်ဆက်နေရာက ရုတ်ခြည်း ဆိုသလို ဇာပ၀ါကိုလျှောချလိုက် ပါလေရော။ အပေါ်ပိုင်းတစ်ခုလုံး ဗလာကျင်းသွားပါလေရဲ့။

‘‘ဒီဝိုင်းကို ပေါက်စီတစ်ပွဲ ထပ်ချမယ်’’

မြေခွေးက အသားပေါက်စီ တစ်လုံးကို ဂွိခနဲမြည်အောက်မျို ချနေရာက နောက်ထပ်လိုက်ပွဲမှာ သဗျ။

ဆိုင်ရဲ့ရောင်းအားမြှင့်ပရို မိုးရှင်းပွဲအတွက် လူ့ရပ်လူ့ရွာထဲ အထိသွားကာ ကြေးကြီးပေးပြီး ဖိတ်ခေါ်လာခဲ့ရတဲ့ လူအမျိုးသမီး ကလေးဟာ မခို့တရို့အပြုံးက လေးနဲ့အတူ ဆိုင်အလယ်က စား ပွဲခုံတစ်လုံးပေါ်ကို တက်လိုက်ပြန် ပါလေရော။ ဒေါက်ဖိနပ်အမြင့် ပေါ်က ပေါင်တံကို ဖွင့်ကားကာ ဆံပင်ကို နောက်လှန်ချလို့ အလှ ပြလိုက်ပြန်ပါလေရဲ့။

‘‘စမူဆာ ရှိသေးရင် ချပါဦး ဟ’’

             နွားကြီးတစ်ကောင်ကသောက် လက်စနွားနို့ခွက်ကို ပြန်ချရင်း လှမ်းအော်နေပြန်ပေါ့။

သတ္တ၀ါတွေ သတ္တ၀ါတွေ ထပ်လို့သာ တိုးလို့ တိုးလို့လာပြန် ပါရဲ့။ စုံနံ့သာမြိုင်ဈေးရှေ့က ရယ်ဒီဆိုတဲ့ဆိုင်ကဖြင့် တစ်တော လုံးမှာရှိတဲ့ သတ္တ၀ါတွေနဲ့ အုံခဲ ကာ ပေါက်ပြီးရင်း ပေါက်လို့။

‘‘အဲသည့် အ၀ှာမကလေးက ပေါက်သဗျ။ လူ့ရွာမှာ ပွဲစည်ချင် ပြီဆို သူ့ပဲ ဈေးကြီးပေးပြီး ဖိတ်ရ တာ။ အို...လူတွေဆိုတာ တိုး မပေါက်ဘူး’’

ဪ...ဟုတ်ပါရဲ့။ ဂျက် ကွမ်းခြံကုန်းမြင်ဖူးတဲ့ မျက်နှာ။ အခုသူက တိရစ္ဆာန်ကမ္ဘာမှာ တောင်လာပြီး အောင်မြင်မှုရလို့။

‘‘အနို့ မိမွေးတိုင်း၊ ဖမွေး တိုင်း အလှအပက အဆွေတို့ သတ္တ၀ါတွေအတွက် ဆန်းသ လားဗျာ’’

အဲဒါ ဂျက်ကမေးမိတာ။ တောခွေးက ပြန်ဖြေပါတယ်။

‘‘ အယ်.... ကျုပ်တို့က တိရစ္ဆာန်။ အမြဲတမ်းတုံးလုံး။ ခု ဟာက လူ။ လူက တုံးလုံးနီးနီးဖြစ် သမို့ ဆန်းလို့ လာကြည့်တာ’’ တဲ့။

(သုံး) ဘာပဲဖြစ်ဖြစ် စည်ပါတယ်။ တိရစ္ဆာန်လည်းစည်၊ လူလည်း စည်ပေါ့။

စာအုပ်တွေ အရောင်းအ ၀ယ်ပါးတဲ့ကာလမှာ ဂျက်ကွမ်းခြံ ကုန်းရဲ့ စာအုပ်အသစ်မိတ်ဆက် ပွဲကလေးကိုတောင် ပရိသတ်တွေ နဲ့ တိုးဝှေ့စုပြုံအုံခဲနေအောင်လို့ ယင်း၎င်းအနှီမလုံမလဲ မပေါ့်တ ပေါ် ဟိုးလိုးဟောင်းလောင်း တစ် ယောက်လောက်ကို ဖိတ်ကြား တက်ရောက်စေကာ ပရိုမိုးရှင်း လုပ်ရရင်များ ကောင်းလေမလား မသိ။
အဲ... တစ်ခုပဲ ချိန်ဆနေ တာ။ စာအုပ်က ပုဂံဘုရားတွေ အကြောင်း ရေးထားတဲ့စာအုပ် ဖြစ်နေလို့။

No comments:

Post a Comment