Monday, May 27, 2019

အစိုးရမှတ်ချက်မတောင်းဘဲ တပ်မတော် တရားစွဲဆိုမှုများ ခြေဥနှင့်ညီ၊ မညီ အရပ်ဘက်ပုဂ္ဂိုလ်အချို့ ပူးပေါင်းသုံးသပ်နေ

 ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှမှတ်ချက်မတောင်းခံဘဲ တပ်မတော်က တရားစွဲဆိုနေမှုများ၊ ရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများကို ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်  အရပ်ဘက်အဖွဲ့အစည်းများက ဆန်းစစ်နေပြီး မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောကြားသည်။ ‘‘တပ်မတော်ဘက်ကနေပြီးတော့ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအသီးသီးရဲ့မှတ်ချက်တစ်စုံတစ်ရာမရှိဘဲ သူ့ ဘာသာသူတရားစွဲနေခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ညီ ညွတ်ခြင်းရှိရဲ့လားဆိုတာ ပြန်သုံး သပ်ရတော့မယ်’’ဟု ကိုဂျင်မီက ပြောသည်။ အဆိုပါဆန်းစစ်မှုကို စတင် ပြုလုပ်နေပြီး မကြာမီအဖြေထွက် လာမည်ဟု ၎င်းကဆိုသည်။



‘‘ရဲတွေကနေပြီးတော့ ဖမ်း ချင်တဲ့သူကျတော့ အမြန်ဖမ်း တယ်။ ညသန်းခေါင်ကြီးလည်း ဖြစ်ချင်ဖြစ်တယ်။ မဖမ်းချင်တဲ့ သူကျလည်း လွှတ်ပေးထားတယ်။ မလိုရင် မလိုသလို ဥပဒေနဲ့တင်း ကျပ်လုပ်နေတာက ရဲလုပ်ထုံးလုပ် နည်းနဲ့ညီရဲ့လား၊ ရဲကျင့်ဝတ်နဲ့ညီ ရဲ့လား၊ နောက်ကွယ်က ဘာတွေ ရှိလားဆိုတာ ပြန်ဆန်းစစ်နေ တယ်။ ဒါက နိုင်ငံတော်အတွက် လည်း အရေးကြီးတဲ့နှစ်ချက်ဖြစ် တယ်’’ဟုကိုဂျင်မီကပြောသည်။

တပ်မတော်က တစ်စုံတစ် ဦးကို တရားစွဲဆိုခြင်းနှင့်ပတ် သက်ပြီး အစိုးရထံမှတ်ချက် တောင်းခံရန် ဥပဒေတွင် မပါရှိ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

‘‘သူတို့(တပ်မတော်)က တ ရားစွဲရင် တရားရုံးကို ဦးတိုက် လျှောက်တယ်။ တရားရုံးက လက်ခံတာကိုး။ တရားသူကြီးက လက်ခံတယ်။ ဥပဒေမှာလည်း ဘယ်သူမဆို တရားစွဲလို့ရတယ် လေ။ ကန့်သတ်ထားတာမဟုတ် ဘူး။ အဓိကကတော့ဥပဒေနဲ့မညီ ရင် တရားရုံးကလက်ခံဖို့မလိုဘူး’’ ဟုဦးကျော်ဟိုးကပြောသည်။

တပ်မတော်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့က တရားစွဲဆို သည့်သူများ (ဒါရိုက်တာမင်းထင် ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက်စသ ဖြင့်)ကို ရဲတပ်ဖွဲ့က မြန်မြန်ဆန် ဆန်ပင် လိုက်လံဖမ်းဆီးသော် လည်း ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ၀င်များ၏ ဥပုသ်လ၀တ်ပြုဆု တောင်းပွဲတားဆီးပိတ်ပင်မှု ကြောင့် ဖမ်းဝရမ်းထုတ်ထားသော အမျိုးသားရေးလှုပ်ရှားသူဟုဆို သူ မိုက်ကယ်ကျော်မြင့်ပါနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခြင်းမရှိသေး သည့်အပေါ် ဥပဒေပညာရှင်များ က ဝေဖန်နေသည်။ တပ်မတော်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့က တရားစွဲဖမ်းဆီး အရေးယူနေခြင်းများသည် နိုင်ငံ တော်၏လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေ ကို လျော့ပါးနိမ့်ကျစေသဖြင့် တည်ဆဲအစိုးရအနေဖြင့် ယင်းအ မှုများကို ဆန်းစစ်လေ့လာသုံး သပ်ကာ တာဝန်ယူဖြေရှင်းသင့် ကြောင်း ပဲန်မြန်မာက မေလ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။

No comments:

Post a Comment