Monday, May 27, 2019

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း အိန္ဒိယ၏ အတိုက်အခံကွန်ဂရက်ပါတီက ဂန္ဒီကို ဆက်လက်ထောက်ခံ

 မေ ၂၅ ရက်တွင် နယူးဒေလီ၌ ပါတီအစည်းအဝေးတွင် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ရာဟူးဂန္ဒီ(ယာ)နှင့် မိခင်ဖြစ်သူ ဆိုနီယာဂန္ဒီ(ဝဲ)ကို တွေ့ရစဉ်အိနၵိယေရြးေကာက္ပြဲတြင္ ကြန္ဂရက္ပါတီက နှစ်ကြိမ်ဆက်တိုက် အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးနောက် နေရူးဂန္ဒီမျိုးဆက်တစ်ဦး ဖြစ်သည့် အတိုက်အခံခေါင်းဆောင် ရာဟူးဂန္ဒီက မေ ၂၅ ရက်တွင် ပါတီဥက္ကဋ္ဌဌရာထူးမှ နုတ်ထွက်ခွင့်တင်ခဲ့သော်လည်း ပါတီဝင်များက ကန့်ကွက်ခဲ့ကြသည်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ဒုတိယသက်တမ်းအတွက် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီးနောက် မဟာမိတ်ပါတီများ၏ အဖွဲ့ဝင်များထံမှ ကတိသစ္စာခံခြင်းကို လက်ခံနေစဉ် ကွန်ဂရက်ပါတီ ခေါင်းဆောင်များသည် နယူးဒေလီတွင် အထူးအစည်းအဝေးတစ်ခု ပြုလုပ်ပြီး ゞင်းတို့၏ ရှုံးနိမ့်မှုအတွက် ပြန်လည်အားယူနေသည်။



“ပါတီဥက္ကဋ္ဌဌ ရာဟူးဂန္ဒီက နုတ်ထွက်စာတင်ခဲ့ပေမယ့် ကွန်ဂရက် အလုပ်အမှုဆောင်အဖွဲ့ဝင်တွေက တညီတညွတ်တည်း ပယ်ချခဲ့တယ်” ဟု ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် Randeep Surjewala ပြောကြားခဲ့သည်။


ဂန္ဒီသည် မိုဒီ၏ဟိန္ဒူအမျိုးသားရေးဝါဒီ  Bharatiya Janata Party (BJP)ကို ယှဉ် ပြိုင်သည့် ပါတီမဲဆွယ်မှုတွင် ဦးဆောင်ခဲ့သော်လည်း အမတ်နေရာ ၅၂ နေရာသာ အနိုင်ရရှိခဲ့သည်။ ကွန်ဂရက်ပါတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အမတ်နေရာ ၄၄ နေရာသာ အနိုင်ရရှိခဲ့သည်။

BJP ပါတီသည် ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမတ်နေရာထက် မဲအသာရရှိမှု ပိုမိုများပြားခဲ့ပြီး အမတ် ၅၄၃ နေရာအနက် ၃၀၃ နေရာကို အနိုင်ရရှိခဲ့သည်ဟု မေ ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။ “ဒီမိုကရေစီစနစ်မှာ အနိုင်နဲ့ အရှုံးဆိုတာ ဆက်တိုက်ဖြစ်ပေါ်နေပေမယ့် ဦးဆောင်တဲ့ အပိုင်းကတော့ မတူတဲ့ ကိစ္စတစ်ခုပါ။ သူ (ဂန္ဒီ)က ခေါင်းဆောင်မှုကို ပေးခဲ့တယ်” ဟု ကွန်ဂရက်ပါတီ၏ အကြီးတန်းအဖွဲ့ဝင် Ghulam Nabi Azad က အစည်းအဝေး ကျင်းပပြီးချိန်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါတီအထူးအစည်းဝေးတွင် ရာဟူးဂန္ဒီ၏ မိခင်ဆိုနီယာဂန္ဒီ၊ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအပါအဝင် ပါတီတွင် သြဇာလွှမ်းမိုးမှုရှိသူများက ゞင်းကို ပါတီဥက္ကဋ္ဌဌ ရာထူးဆက်လက်ထမ်းဆောင်ရန် တိုက်တွန်းခဲ့သည်ဟု Azad က ပြောကြားခဲ့သည်။

ရာဟူးဂန္ဒီသည် ၂၀၁၇ ခုနှစ်တွင် မိခင်ထံမှ ပါတီဥက္ကဋ္ဌဌရာထူးကို လွှဲပြောင်းယူမှုမတိုင်မီ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ကွန်ဂရက်ပါတီမဲဆွယ်မှုကို ဦးဆောင်ခဲ့သည်။

အသက် ၄၈ နှစ်အရွယ်ရှိ ရာဟူးဂန္ဒီသည် ゞင်းတို့မိသားစု၏ ဆယ်စုနှစ်များစွာ အမာခံနယ်မြေဖြစ်ခဲ့သည့် ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၊ Amethi မြို့ရှိ ゞင်း၏ အမတ် နေရာကိုလည်း ဆုံးရှုံးခဲ့သည်။ ရာဟူးဂန္ဒီသည် တောင်ပိုင်းပြည်နယ် ကေရာလာတွင် အမတ်နေရာကိုမူ အနိုင်ရရှိခဲ့သည်။ ယင်းသည် အိန္ဒိယရွေးကောက်ပွဲ စည်းမျဉ်းများအရ ခွင့်ပြုခဲ့သည့် ဓလေ့ထူးတစ်ခုဖြစ်သည်။

ကွန်ဂရက်ပါတီဝင်မဟုတ်သည့် ကျွမ်းကျင်ပညာရှင်များကမူ မိုဒီကိုယှဉ်ပြိုင်သည့် ရာဟူးဂန္ဒီ၏ အခင်းအကျင်းကို  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ အတိုက်အခံ ပါတီခေါင်းဆောင် ဂန္ဒီသည် ၁၉၄၇ ခုနှစ်  လွတ်လပ်ရေးရပြီးနောက် အိန္ဒိယနိုင်ငံရေးတွင် ကြီးစိုးခဲ့သည့် မိသားစုမျိုးဆက်၌ အသုံးမကျသည့် မိသားစုဝင်တစ်ဦးဟု သရော်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် မိုဒီသည်  ယခုသီတင်းပတ်တွင်  သက်တမ်းအသစ်အတွက် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။

No comments:

Post a Comment