Monday, May 27, 2019

ကရင်ပြည်နယ် ဘားအံမြို့တွင် သိန်း ၃၀ဝ တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ သိန်း ၄၀ဝ ခန့်ရှိ မူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိ

ကရင်ပြည်နယ် ဘားအံမြို့တွင် သိန်း ၃၀ဝ တန်ဖိုးရှိ မူးယစ်ဆေးပြား ၁၀ဝ၀ အား ဖမ်းဆီးရရှိပြီး ကွင်းဆက် ဖော်ထုတ်ချက်အရ မူးယစ်ဆေးပြား ၁၂၈၀ဝ၀ (ကာလတန်ဖိုး သိန်း ၄၀ဝ) နီးပါးကို ထပ်မံဖော်ထုတ် ရရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲက ဘားအံခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ဘားအံမြို့ အမှတ် ၉ ရပ် ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် စောင့်ဆိုင်းနေစဉ် ဆိုင်အတွင်း ဝင်ရောက်လာသည့် ဘားအံမြို့နယ် လှာကမြင် ကျေးရွာနေ အောင်မိုးဦး (ခ) အောင်မိုး (ခ) ကိုမိုးဆိုသူအား စစ်ဆေးရှာဖွေရာ ကိုမိုးကိုင်ဆောင်ထားသည့် ကြွပ်ကြွပ်အိတ် အတွင်းမှ ပလတ်စတစ် ကပ်ခွာဖြင့် ထုပ်ပိုးထားသည့် မူးယစ်ဆေးပြား ၁၀ဝ၀ဝ (ကာလတန်ဖိုးကျပ် သိန်း ၃၀ဝ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရရှိပြီး
စစ်ဆေးချက်အရ ゞင်း၏နေအိမ်မှ ဇနီးဖြစ်သူ မဝင်းသူဇာ အသက် ၄၅ နှစ် အပါအဝင် ရှမ်းပြည်နယ် ညောင်ရွှေမြို့နေ တင်အောင်ကျော် အသက် ၃၂ နှစ် တောင်ကြီးမြို့ မြေဖြူရပ်ကွက်နေ သန်းဝင်း အသက် ၄၈ နှစ်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ ၇ ရပ်ကွက်နေ စောကျော်ရှိ အသက် ၅၄ နှစ် နေအိမ်များမှ စိတ်ကြွဆေးပြား ၁၂၈၀ဝ၀ (ကာလတန်ဖိုး ကျပ်သိန်း ၃၈၄၀) တို့ကို စစ်ဆေးတွေ့ရှိ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးပြားများကို လက်ဝယ်တွေ့ရှိမူနှင့် ပတ်သက်၍ ゞင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူကာ ကွင်းဆက်များ ဆက်လက်ရရှိရေးအတွက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment