Monday, May 27, 2019

တောင်ကိုရီးယားကလပ်နှင့် မြန်မာအသင်း ခြေစမ်းပွဲ ကံစမ်းမဲအစီအစဉ်များ ပါဝင်

တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားအသင်းနဲ့ မြန်မာယူ ၂၂ အသင်း၊ ဧရာဝတီယူနိုက်တက် အသင်းတို့ရဲ့ ခြေစွမ်းပွဲကို မနက်ဖြန် စတင်ကျင်းပမှာဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့နဲ့ ကံစမ်းမဲအစီအစဉ်တွေ ပါဝင်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ဒီခြေစမ်းပွဲကို မြန်မာနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် မြန်မာပေါ်စကိုနဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပတာပါ။



ကိုရီးယား K-League အသင်း ပိုဟန်စတီးလားဟာ ပထမခြေစမ်းပွဲအဖြစ် ဧရာဝတီ ယူနိုက်တက်အသင်းနဲ့ မေလ ၂၈ ရက် ညနေ ၅ နာရီ၊ ဒုတိယ ခြေစမ်းပွဲအဖြစ် မြန်မာ ယူ၂၂ အသင်းနဲ့ မေလ ၃၀ ရက် ညနေ ၅း၀၀ နာရီ ယှဉ်ပြိုင်ကစားမှာပါ။

ခြေစမ်းပွဲနှစ်ပွဲစလုံးကို သုဝဏ္ဏဘောလုံးကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး ပွဲစဉ်တွေအားလုံး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ကွင်းအဝင်ဂိတ်တွေမှာ လက်မှတ်ထုတ်ယူနိုင်ပါတယ်။

ကံစမ်းမဲအစီအစဉ်အရ လက်မှတ်တွေမှာ အမှတ်စဉ် ရေးထိုးပေးထားမှာ ဖြစ်တာကြောင့် လက်မှတ်တွေကို သေချာစွာ သိမ်းထားဖို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

ဆုမဲတွေကတော့ LG ၄၉ လက်မ TV ၄ လုံး၊ ဆမ်ဆောင်းဂလက်ဆီ ဟမ်းဆက် ၂ လုံး၊ Lotte Hotel မှာ တညတာ တည်းခိုနေထိုင်ခွင့် ၄ စောင်၊ Lotte Hotel မှာ ဘူဖေးသုံးဆောင်ခွင့် ၄ စောင်၊ ဘောလုံး ၂၂ လုံး၊ အင်္ကျီအထည်  ၅၀ တို့ ဖြစ်ပါတယ်။

ပွဲမစတင်မီမှာ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment