Monday, May 27, 2019

ရေလှူရန်သွားသည့်ပရဟိတယာဉ်ကို ရန်ပြုခဲ့သည့်ဗိုလ်ကြီး ပြန်လည်တောင်းပန် ပြစ်မှုထင်ရှားလျှင် တပ်ဥပဒေအရ အရေးယူမည်ဟု တပ်မတော်တာဝန်ရှိသူပြော

ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ ရေလှူရန် သွားစဉ် လမ်းမလွတ်ဟုဆိုကာ တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးက ဆဲဆိုခြင်း၊ ကားမှန်ရိုက်ခွဲခြင်းတို့ ပြုလုပ်သည်ကို ကျူးလွန်သူကိုယ်တိုင် ယမန်နေ့နံနက်က လာရောက်တောင်းပန်ကြောင်း မုဒိ တာ လူမှုပရဟိတအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်ကပြောသည်။  ‘‘ဗိုလ်ကြီးတစ်ယောက် ရယ်၊ ဒုတပ်ရင်းမှူးတစ်ယောက် ရယ်၊ ကာယကံရှင် ဗိုလ်ကြီးရယ် သုံးယောက်လာတယ်။ ကျွန်တော်တို့ကို တောင်းပန်တယ်။ အသင်းရဲ့မှတ်တမ်းမှာ မနေ့က ဖြစ်စဉ်မှာ သူအရမ်းမူးပြီးတော့ ဖြစ်သွားတဲ့အတွက် မုဒိတာအသင်းကို တောင်းပန်ပါတယ်ဆိုတဲ့အ ကြောင်း လက်မှတ်ထိုးသွားပါ တယ်’’ဟု ၎င်းကပြောသည်။


ထိုသို့ လာရောက်တောင်း ပန်စဉ် ကာယကံရှင် ဗိုလ်ကြီးသစ် လွင်ဦးက ထိခိုက်ပျက်စီးမှုများ အတွက် လျော်ကြေးပေးရန် (သို့ မဟုတ်) ပရဟိတလုပ်ငန်းများအ တွက် အလှူငွေထည့်ဝင်ရန် ကမ်းလှမ်းသော်လည်း ငွေကြေးတစ်စုံတစ်ရာ လက်မခံခဲ့ကြောင်း ဦးရဲထွဋ်က ပြောသည်။

ကွမ်းခြံကုန်းမြို့နယ် အခြေ စိုက်မုဒိတာလူမှုပရဟိတအသင်း က မေလ ၂၅ ရက်တွင် ဆယ်အိမ် တန်းကျေးရွာသို့ သောက်သုံးရေ လှူဒါန်းရန် သွားရောက်စဉ် တပ် မတော်ခြေလျင်တပ်ရင်း အမှတ် (၁၆)မှ ဗိုလ်ကြီးသစ်လွင်ဦး လိုက် ပါလာသောယာဉ်နှင့် မျက်နှာချင်း ဆိုင်တွေ့ဆုံရာတွင် ရေအလှူ ယာဉ်တန်းကို အော်ဟစ်ဆဲဆို ခြင်း၊ ကားမှန်ကိုခဲဖြင့်ထုရိုက်ခြင်း ပြုလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

‘‘သူတို့နဲ့ ကျွန်တော်တို့နဲ့က ပေ ၂၀၀ လောက် ကွာတယ်။ ထိပ်တိုက်တွေ့တာ မဟုတ်ဘူး။ အဝေးကြီးပဲ။ အဲဒီဗိုလ်ကြီးက ဒီ ကားလမ်းအရမ်းကျဉ်းတာကို သိ ထားတာဖြစ်တဲ့အတွက် ပြေးလာ ပြီးတော့ ကျွန်တော့်ကားကို ဆဲ ဆိုတယ်။ နောက်ဆုတ်ခိုင်းတယ်။ ချက်ချင်း နောက်ဆုတ်လို့မရတဲ့ အချိန်မှာ သူက ဆဲဆိုပြီးတော့ ကျောက်စရစ်ခဲနှစ်လုံး ကိုင်ပြီး တော့ ကျွန်တော့်ကားမှန်ကို ထု တယ်။ ကျွန်တော့်မိန်းမကိုလည်း ရန်မူဖို့လုပ်တယ်။ သူတို့ဆီက တစ်ယောက်က လာဆွဲခေါ်သွား လို့ ပြဿနာကပြီးသွားတယ်’’ ဟု ဦးရဲထွဋ်ကပြောသည်။

ဖြစ်စဉ်ကြောင့် ရေအလှူ သွားရောက်သည့် ယာဉ်တန်းနှင့် လိုက်ပါသူများ ထိခိုက်ဒဏ်ရာမရသော်လည်း မုဒိတာပရဟိတ အသင်းပိုင်ယာဉ်တစ်စီး ရှေ့လေ ကာမှန် ထိခိုက်ပျက်စီးခဲ့သည်။ ဖြစ်စဉ်ကို မုဒိတာပရဟိတအ သင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြရာ ဝေဖန်မှုများ ထွက်ပေါ် ခဲ့သည်။

ထိုသို့ ဖြစ်ပွားသော်လည်း မုဒိတာပရဟိတအသင်းက ဆယ် အိမ်တန်းကျေးရွာသို့ ဆက်လက် သွားရောက်ကာ ရေအလှူပြုလုပ် ပြီး ညပိုင်းတွင် တပ်မတော်ခြေ လျင်တပ်ရင်းအမှတ်(၁၆)မှ တာ ၀န်ရှိသူများက ပရဟိတအသင်း တာဝန်ရှိသူများကို ကျေးရွာအုပ် ချုပ်ရေးမှူးအိမ်၌ လာရောက် တွေ့ဆုံညှိနှိုင်းခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းစစ် ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ကွမ်းခြံကုန်းမြို့နယ် မုဒိတာပရဟိတအသင်းရုံးခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ကာ လူထိခိုက်မှု ရှိ၊ မရှိနှင့် ဆဲဆိုသည့် ဗိုလ်ကြီးကို တပ်တွင်းစည်းကမ်းအရ အရေး ယူမည်ဟု အသိပေးကြောင်း ဦးရဲ ထွဋ်က ဆိုသည်။

တပ်မတော်ဆိုင်ရာ ဥပဒေ၊ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း များအရ ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးအရေးယူမည်ဖြစ် ကြောင်း တပ်မတော်ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။ ‘‘အခုတော့ သတင်းတွေ ပြောနေတာတော့ မူးယစ်တာတို့၊ ဘာတို့ရှိတယ်ဆိုတော့ အဲဒါဆို ရင်တော့ တပ်မတော်အက်ဥပဒေ ပုဒ်မအရ မူးယစ်တာတို့၊ ဘာတို့ ကတော့ ကျွန်တော်တို့က ထင် ရှားတယ်ဆိုရင် အရေးယူရမှာ ပေါ့’’ဟု ၎င်းကပြောသည်။

No comments:

Post a Comment