Monday, May 27, 2019

နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးစတင်ရန်အသင့်ရှိဟု မြန်မာအစိုးရပြောကြား

ဘင်္ဂလားဒေ့ရှ် ရောက် ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်စတင်ရန် မြန်မာနိုင်ငံ က အဆင်သင့်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာသံတမန်များသို့ အသိပေးသည်။ေ နပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC) ၌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမြင့်သူတို့က သံတမန်များ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များအား ပြည် တွင်းငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင် ပြည်နယ်အခြေအနေများကို မေ လ ၂၄ ရက်က ရှင်းလင်းပြောကြားခဲ့သည်
။ေ နရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်ကို စတင်ရန် နှစ်ကြိမ် ကြိုးစားခဲ့ သော်လည်း အောင်မြင်မှုမရခြင်း သည် မြန်မာအစိုးရဘက်မှ ဒုက္ခ သည်များကို ပြန်လည်လက်ခံလို စိတ်မရှိ၍မဟုတ်ဘဲ ဘင်္ဂလား ဒေ့ရှ်က နှစ်နိုင်ငံသဘောတူညီ ချက်များကို လိုက်နာမှုအားနည်း ၍ဖြစ်ကြောင်း အထက်ပါအစိုးရ တာဝန်ရှိသူများက ပြောကြား သည်။

‘‘အဓိကက ဘယ်သူက ဘယ်သူ့ကြောင့် ဘယ်နေရာမှာ ဘယ် လိုတွေ ဖြစ်နေလဲ။ ဆိုလိုတာက မြန်မာနိုင်ငံက Bilateral Agree-ment အရ လုပ်တဲ့ဟာတွေ ကျွန် တော်တို့ဘက်က မပျက်ကွက်ဘူး။ အဲဒါဆိုရင် Bilateral Agree-ment မှာ ပျက်ကွက်တာ ဘယ်သူတွေလဲ။ သူတို့ဘာတွေ လုပ်ရမှာ မလုပ်ဘဲ ဖြစ်နေလဲ၊  ဒါတွေ ကျွန်တော်တို့အသေးစိတ်ရှင်းပြ ပါတယ်’’ဟု အတိုင်ပင်ခံရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းထောက်များအား ပြော သည်။

မြန်မာအစိုးရတာဝန်ရှိသူ များ၏အထက်ပါရှင်းလင်းပြော ကြားချက်သည် မည်သည့်နိုင်ငံကိုမျှ လက်ညှိုးထိုးအပြစ်ဖို့ရန် မ ဟုတ် ဘဲ သဘောတူညီချက်များနှင့် အ ကောင်ထည်ဖော်မှုအခြေအနေ များကို နိုင်ငံတကာသံတမန်များ၊ ကုလအေဂျင်စီများကို သိရှိစေလို ၍ဖြစ်ကြောင်း ဦးဇော်ဌေးက ဆို သည်။

‘‘သူတို့အနေနဲ့ ဒီရခိုင်ကိစ္စ တိုးတက်မှုနှေးကွေးနေတာ ဘာ ကြောင့်လဲ၊ ဘယ်လိုနေရာတွေမှာ နှေးကွေးနေလဲ၊ ဘာတွေဖြေရှင်း လိုက်ရင်တော့ ဒီနှေးကွေးမှုတွေ ပြေလည်သွားနိုင်တယ်ဆိုတာ သူ တို့ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

ရှင်းလင်းပွဲတွင် ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ရခိုင်ပြည်နယ်အရေးတွင် အစိုးရ၏ဖြေရှင်းဆောင်ရွက်နေမှု များကို ပြောကြားသည်။ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်နှင့်ပတ် သက်၍ ကုလသမဂ္ဂ၊ အာဆီယံ နှင့် မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများ၊ IDP စခန်းများပိတ်သိမ်းနိုင်ရေး ဆောင်ရွက်နေမှုများကို ဦးကျော် တင်က ရှင်းလင်းပြောကြားသည်။

ထို့အတူ နိုင်ငံခြားရေးဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မြန်မာ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံလက်မှတ်ရေးထိုး ထားသည့် သဘောတူညီချက် များ၊ တစ်ဖက်နိုင်ငံမှ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် ပါဝင် ဆောင်ရွက်နေမှုအခြေအနေနှင့် နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးရလဒ်များကို ရှင်း ပြသည်။ ယင်းရှင်းလင်းပွဲသို့ နိုင်ငံတ ကာ သံတမန်နှင့် ကုလသမဂ္ဂအ ဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၅၀ ခန့်တက်ရောက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးရေးကော်မ ရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment