Monday, May 27, 2019

လက်ရှိဘဏ္ဍဍာနှစ်၌ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဆေးဝါး ၁၅ မျိုးနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ဆေးဝါးငါးမျိုး တီထွင်ထုတ်လုပ်ခဲ့ပြီး ဆေးဝါးထုတ်လုပ်မှုမှ ကျပ်သန်းပေါင်း ၄၉၀ဝ၀ ရရှိရန် လုပ်ဆောင်နေ

ယခုဘဏ္ဍဍာနှစ်၌ ဆေးဝါးစက်ရုံ (အင်း စိန်) မှ ဆေးဝါး ၁၅ မျိုးနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ဆေးဝါးငါးမျိုး တီထွင်ထုတ်လုပ်ခဲ့ပြီး ယခုနှစ်အတွင်း ဆေးဝါးထုတ်လုပ် မှုမှ ကျပ်သန်း ၄၉၀ဝ၀ ထုတ်လုပ်ရန် လုပ်ဆောင်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။ “စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများမှ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍဍအတွက် အဓိကလိုအပ်သော အခြေခံအကျဆုံး ဆေးဝါးများကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဆေးဝါးထုတ်လုပ်မှု စံနှုန်းများ၊ စံချိန်စံညွှန်း၊ အရည်အသွေး ကိုက်ညီပြီး သင့်တင့်မျှတသော ဈေးနှုန်းများနဲ့ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးနေပါတယ်။
ဆေးဝါးတွေ အရည်အသွေး ပြည့်မီရေးအတွက် ကုန်ကြမ်းတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ စံသတ် မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း လုပ်ဆောင်ထားပါတယ်။ ယခု ၂၀၁၈-၂၀၁၉  ဘဏ္ဍဍာနှစ်မှာ ဆေးဝါးစက်ရုံ (အင်းစိန်) မှ ဆေးဝါး ၁၅ မျိုး၊ ဆေးဝါးစက်ရုံ (အင်ရောင်း) မှ ဆေးဝါးငါးမျိုး၊ စုစုပေါင်း ဆေးဝါးအမျိုး ၂၀ ကို  တီထွင်စမ်းသပ် ထုတ်လုပ်ခဲ့ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ဆေးဝါး မျိုးစုံထုတ်လုပ်မှုတွင် ယခင်က ပြည်တွင်းလို အပ်ချက်၏ ငါးရာခိုင်နှုန်း အောက်သာ ထုတ် လုပ်နိုင်ခဲ့ပြီး တတိယ တစ်နှစ်တာ ကာလအတွင်း ပြည်တွင်းလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း ကျော်၊ တန်ဖိုးငွေကျပ် ၄၉ ဘီလျံအထိ ထုတ် လုပ်နိုင်ခဲ့သဖြင့် ပြည်ပမှ ဆေးဝါးတင်သွင်းမှုကို လျော့နည်း စေခဲ့ကြောင်းနှင့် ဆေးဝါး ထုတ်လုပ်မှုမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်တွင် ငွေကျပ် ၃၁၈၈၁ ဒသမ ၉၁၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်တွင် ငွေကျပ် ၄၇၆၄၄ ဒသမ ၇၉၇ သန်းရရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာနှစ်တွင် ငွေကျပ်သန်း ၄၉၀ဝ၀ ရရှိ သည်အထိ ထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် လက်ရှိ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Public Private Partnership (PPP) အနေဖြင့် ဆောင်ရွက်ထားပြီး ပလတ်စတစ်ဆေးဘူးခွံ ထုတ်လုပ်ရေး အဆောက်အအုံများ ပြင်ဆင်ခြင်း၊ ဆေးဘူးခွံထုတ်လုပ်သည့် Blow Moulding စက်များနှင့် ဆေးဘူးအဖုံး ထုတ်လုပ်သည့် Injection Moulding စက်များ အထိုင်ချ တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း BPI မှ ထုတ်လုပ်သောဆေးဝါးများ ကျပ် ၃၆ ဒသမ ၉၄၂ ဘီလျံ ရောင်းချနိုင်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အများဆုံး ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

BPI မှ ထုတ်လုပ်သော ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကျပ်၂၆ ဒသမ ၈၁၇ ဘီလျံအထိ အများဆုံး ဝယ်ယူခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ကျပ် ၂ ဒသမ ၄၀၇ ဘီလျံ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကျပ် ဝ ဒသမ ၁၈၀ ဘီလျံနှင့် ပုဂ္ဂလိက ဆေးရုံများနှင့် အရောင်းကိုယ်စားလှယ်များမှ ကျပ် ၇ ဒသမ ၅၃၈ ဘီလျံအထိ ဝယ်ယူခဲ့ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ (အင်းစိန်) တွင် ပြည် တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိသည့် ဆေးဝါးအမယ်သစ်များကို တိုးချဲ့ထုတ်လုပ်လျက်ရှိပြီး အမေရိကန်နှင့် စပိန်နိုင်ငံတို့မှ ကျော်ကြားသည့် ဆေးထုတ်လုပ်ရေး ကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်း၍ ဆေးထုတ်လုပ်ရေး လိုင်းသစ်များ ထပ်မံတိုးချဲ့ လုပ်ဆောင်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်း အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍဍာနှစ်အတွင်း ဆေးဝါးအမယ်သစ်၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍဍာ နှစ်အတွင်း ဆေးဝါးအမယ်သစ် ၂၁မျိုးကို တီထွင်စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါးအများစုသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ၏ ခွင့်ပြုချက် ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်းနှင့် လက်ရှိတွင် ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေးရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေးကြောသွင်းဆေးရည် အမျိုးမျိုးအပြင် မြွဆေိပ်ဖြေဆေး စသည့် ဆေးဝါးထုတ်ကုန် အမျိုးပေါင်း ၂၀ဝ ခန့်ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment