Monday, May 27, 2019

ရန်ကုန်တိုင်းဒေသကြီး ၁၂ မြို့နယ် ရေပေးဝေမှု ခေတ္တပြတ်တောက်မည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 33KV (လှော်ကား- အထယု) ဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်းအပြစ်ဖြစ်ပွားမှု လျော့ကျစေရေးအတွက် ဓာတ်အားပိတ်၍ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်မည်ဖြစ်သဖြင့် မြို့နယ် ၁၂ မြို့နယ်တွင် ရေပေးဝေမှု ခေတ္တပြတ်တောက် မည်ဖြစ်ပြီး ကျန်မြို့နယ်အချို့မှာ ရေအားလျော့နည်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် မေ ၂၅ ရက်က အသိပေးထားသည်။



ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော ၃၃ုဠ (လှော်ကား-အထယု) ဓာတ်အားလိုင်းကို လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်း အပြစ်ဖြစ်ပွားမှု လျော့ကျစေရေးအတွက် ဓာတ်အားပိတ်၍ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို ၂၀၁၉မေ ၃၀ ရက် နံနက် ၉နာရီ မှ မွန်းလွဲ ၂ နာရီအထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်စဉ်ကာလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့အနေဖြင့် ငမိုးရိပ်ရေသန့်စင်စက်ရုံ( အထယု)မှ ရေတွန်းစက်များမောင်းနှင်မှုကို ခေတ္တရပ်နားထားရမည်ဖြစ်သောကြောင့် ရွှေပြည်သာ၊မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)သာကေတ၊ ဒေါပုံမြို့နယ်များနှင့် လှိုင်သာယာစက်မှုဇုန်တို့တွင်ရေပေးဝေမှု ခေတ္တပြတ်တောက်မည်ဖြစ်ပြီး ကျန်ရှိသောမြို့နယ်များမှာရေအားလျော့နည်းမှုများဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြိုတင်စုဆောင်းသုံးစွဲနိုင်ကြရန် ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း ရေလိုအပ်မှုရှိပါက ခရိုင်မှူး(အရှေပိုင်းခရိုင်)ဖုန်း၀၉-၂၅၀၂၈၃၈၂၃၊ ခရိုင်မှူး (အနောက်ပိုင်းခရိုင်) ဖုန်း၀၉-၂၅၀၂၈၃၈၁၂၊ ခရိုင်မှူး(တောင်ပိုင်းခရိုင်)ဖုန်း ၀၉-၅၀၅၄၅၆၅၊ခရိုင်မှူး (မြောက်ပိုင်းခရိုင်)ဖုန်း ၀၉-၂၅၃၈၃၅၂၇၅ တို့သို့ ဆက်သွယ်၍ ရေသယ်ယာဉ်များ တောင်းခံနိုင်ကြောင်း အသိပေးကြေညာထားသည်။

No comments:

Post a Comment