Monday, May 27, 2019

လိုက်ပ်ဇစ်ကို အနိုင်ယူပြီး ဘိုင်ယန်မြူးနစ်အသင်း ပြည်တွင်းဖလားနှစ်လုံးသိမ်းပိုက်

ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူခဲ့ရပြီး ပြန်လည်ပွဲထွက်ကစားသော အ သင်းခေါင်းဆောင်ဂိုးသမား နျူအာသည် ဂျာမန်ဖလားဗိုလ်လုပွဲ တွင် လိုက်ပ်ဇစ်ကို သုံးဂိုးပြတ် အနိုင်ရပြီးနောက် ဘိုင်ယန်မြူးနစ် ကို ပြည်တွင်းဖလားနှစ်လုံး ရရှိ အောင်ကူညီနိုင်ခဲ့သည်။ တိုက်စစ်မှူးလီဝမ်ဒေါစကီး က နှစ်ဂိုးနှင့် ကိုမန်၏သွင်းဂိုးများ ဖြင့် ဘိုင်ယန်သည် ပြီးခဲ့သည့်နှစ် က ဖရန့်ဖတ်ကို ရှုံးနိမ့်သော ဗိုလ်လုပွဲရလဒ်ဆိုးကို ချေဖျက်နိုင် ခဲ့ပြီး ဂျာမန်ဖလားကို (၁၉) ကြိမ် မြောက်စံချိန်တင်ဆွတ်ခူးခဲ့သည်။


ပြီးခဲ့သည့်နှစ်က ဂျာမန် ဖလားချန်ပီယံဖရန့်ဖတ်ကို ကိုင် တွယ်ခဲ့သော လက်ရှိဘိုင်ယန် နည်းပြကိုဗက်စ်အနေဖြင့် ပွဲဦး ထွက်ရာသီတွင် အမှတ်ပေးဖလား နှင့် ဂျာမန်ဖလားကိုင်မြှောက်နိုင်ခဲ့ ပြီးနောက် နည်းပြရာထူးဆက်မြဲ မည့်အခွင့်အလမ်းများတိုးမြှင့်နိုင် ခဲ့သည်။

ခြေသလုံးဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူခဲ့ရသူ နျူအာသည် ယခုပွဲတွင် ပွဲအဖြေ အလှည့်အပြောင်း ဖြစ်စေနိုင် သော လိုက်ပ်ဇစ်၏ အပိုင်ကန် ချက်နှစ်ကြိမ်ကို လက်စွမ်းပြကာ ကွယ်ခဲ့သည်။

ဘိုင်ယန်မှ ထွက်ခွာတော့ မည့် အာဂျန်ရော်ဘင်နှင့် ရီဘာရီ တို့လည်း ပွဲပြီးခါနီးတွင်လူစားဝင် ကစားခဲ့ပြီး ရီဘာရီသည် ဂျာမန် ဖလားဗိုလ်လုပွဲရှစ်ကြိမ်အထိ ကစားခွင့်ရသည့် တစ်ဦးတည်း သောကစားသမားအဖြစ် မှတ် တမ်းရေးထိုးခဲ့သည်။

‘‘သူတို့(ရီဘာရီနဲ့ ရော်ဘင်) က အသင်းကို အများကြီးပေး ဆပ်ခဲ့ပါတယ်။ သူတို့ကို ကျေးဇူး တင်ရပါမယ်’’ ဟု လီဝမ်ဒေါစကီး က ပြောသည်။

‘‘ကျွန်တော်တို့ တစ်ရာသီ လုံးအလုပ်ကြိုးစားခဲ့ရတယ်။ အ ဆုံးသတ်မှာတော့ ကျွန်တော်တို့ အတွက် ကောင်းမွန်တဲ့ရာသီလို့ ပြောနိုင်တာပေါ့’’ ဟု ယခုနှစ်ဘွန် ဒက်စ်လီဂါဂိုးသွင်းဘုရင်လီဝမ် ဒေါစကီးက ထပ်လောင်းပြော ကြားသည်။

No comments:

Post a Comment