Monday, May 27, 2019

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျော ထပ်မံစိုက်ပျိုးမှု ပြည်နယ်အစိုးရ တားမြစ်

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးမှုကို ပြည်နယ်အစိုးရက တားမြစ်ထား ပြီး ရှိပြီးသား စိုက်ခင်းအရေအ တွက် အတိအကျရနိုင်ရေး ဆောင်ရွက်နေသည်ဟု ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း ကပြောသည်။ေ မလ တတိယပတ်က ပြု လုပ်သည့် ကချင်ပြည်နယ်အစိုးရ၏ ခြောက်လပတ်အစည်းအဝေးတွင် ဒေသတွင်းပြဿနာ ကြီးမားနေသော တစ်သျှူးငှက်ပျောစိုက်ပျိုးရေးကို စနစ်တကျ ကိုင်တွယ်နိုင်ရေး အဓိကဆွေးနွေးပြီး ထပ်မံစိုက်ပျိုးခြင်းကိုလည်း တားမြစ်ရန် ဆွေးနွေးခဲ့သည်။



‘‘အရင် စိုက်ထားပြီးသားကို ဘာမှမလုပ်ပါဘူး။ နောက်ထပ် အသစ်မစိုက်နဲ့လို့ တားမြစ်ထား တယ်’’ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။

တစ်သျှူးငှက်ပျော စိုက်ပျိုး ခြင်းကို ကချင်ပြည်နယ်အစိုးရ က ယခင်ထက် တင်းကျပ်စွာကိုင် တွယ်နေပြီး အသစ်စိုက်ပျိုးမှုကို တားမြစ်ထားစဉ် ၀ိုင်းမော်မြို့နယ် ရှိ ၀ါရှောင်သစ်တောကြိုးဝိုင်းအ တွင်းဝင်၍ တစ်သျှူးငှက်ပျော  စိုက်ရန် ပြင်ဆင်နေသည့် တရုတ်   နိုင်ငံသားငါးဦးကို မကြာမီက ဖမ်းဆီးခဲ့သည်။

တစ်သျှူးငှက်ပျောပြဿနာ  ဖြေရှင်းနိုင်ရေး ဌာနဆိုင်ရာပေါင်းစုံပါဝင်သော Standard Opera-tion Procedure (SOP) ရေးဆွဲနေပြီး ဇွန်လအတွင်း အတည်ပြုထုတ်ပြန်မည်ဟု ဦးကျော်ကျော်ဝင်းကပြောသည်။  SOP တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပိုင်း၊ နယ်စပ်ထွက်ပေါက်များမှနေ၍ တားဆီးစစ်ဆေးခြင်း၊ မြေယာပြဿနာ များ ကိုင်တွယ်ဖြေရှင်းခြင်း စသည့် လုပ်ထုံးလုပ်နည်းများ ပါ ၀င်သည်။

‘‘SOP ထွက်တာနဲ့ ကုမ္ပဏီ    တွေကို ဆင့်ခေါ်မယ်။ အချက်အ လက်တွေယူမယ်။ သူတို့ပြောတဲ့ အတိုင်း ဟုတ်၊ မဟုတ်ကို နောက် ပိုင်းမှာ ပြန်လိုက်မယ်’’ဟု ဦး ကျော်ကျော်ဝင်းကပြောသည်။

တစ်သျှူးငှက်ပျော စိုက်ပျိုး ခြင်းကို ပြည်နယ်အစိုးရက တားမြစ်ထားသည့်အပေါ် ဒေသခံ အရပ်ဘက်အဖွဲ့များက ကြိုဆိုပြီး အလျင်အမြန် အဖြေရှာရမည့် ဒေသအတွင်း ပြဿနာတစ်ခုဖြစ် သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းကဆိုသည်။  ကချင်ပြည်နယ်တွင် ဗန်း မော်၊ ၀ိုင်းမော်၊ မိုးမောက်၊ ဒေါ့ ဖုန်းယန်မြို့နယ်တို့၌ တစ်သျှူး ငှက်ပျော အများအပြား စိုက်ပျိုးထားပြီး စိုက်ခင်းဧကအတိအကျကို အစိုးရက တိုင်းတာနိုင်ခြင်းမရှိသေးပေ။ ၀ိုင်းမော်မြို့နယ်တွင် အများဆုံးစိုက်ပျိုးထားပြီး တစ်မြို့နယ်လုံး မြေဧရိယာ၏ ၁၂ ရာခိုင်နှုန်းဖြစ်သည့် ဧကတစ်သိန်းလေးသောင်းကျော် ရှိသည်ဟု ကချင်ပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့ ၁၁ ခု ဖွဲ့စည်းထားသော မြေယာလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်း ရေးဆိုင်ရာ ကွန်ရက်အဖွဲ့က ၂၀၁၈ အတွင်း ပြုလုပ်သော သုတေသနစာတမ်း၌ ဖော်ပြထား သည်။

No comments:

Post a Comment