Monday, May 27, 2019

ရေတာရှည်မြို့တွင် ကုန်တင်ယာဉ်မောင်းတစ်ဦးအား ရိုက်နှက်လုယက်ထွက်ပြေးသော လူလေးဦးပူးပေါင်းအဖွဲ့ကို ဖမ်းဆီးရမိပြီး လုယက်သူလေးဦးအနက် တစ်ဦးမှာ ပြီးခဲ့သော ခုနစ်လအတွင်းက လူသတ်မှုပုဒ်မဖြင့် အမှုဖွင့်အရေးယူခံရဖူးသူဖြစ်နေ

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် မေ ၂၆ ရက် နံနက်အစောပိုင်းက ကုန်တင်ကားတစ်စီးမှ ယာဉ်မောင်းကို လူလေးဦးပူးပေါင်းပါအဖွဲ့က ရိုက်နှက်၍ ပစ္စည်းလုယူထွက်ပြေးမှုဖြစ်ပွားခဲ့ရာ အဆိုပါရိုက်နှက် လုယက်သူလေးဦးအား နေ့တွင်းချင်း ဖမ်းဆီးရမိခဲ့ပြီး လုယက်ထွက်ပြေးသူလေးဦးအနက် တစ်ဦးမှာ ပြီးခဲ့သောခုနစ်လက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးခံထား ရဖူးသူဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်မှာ မေ ၂၅ ရက် ညနေ ၃ နာရီခွဲ ခန့်က ရန်ကုန်မြို့မှ သကြားနှင့် ဂျုံအိတ်များ တင်ဆောင်ကာ ယာဉ်နောက်လိုက်ကိုထက် ၂၅ နှစ် (ဘ)ဦးမြင့်ဖေ လိုက်ပါပြီး ယာဉ်မောင်း ကိုသောင်းထိုက်စိုး ၃၁ နှစ် (ဘ)ဦးသူ၊ အေးသာယာရပ်ကွက်၊ တောင်ကြီးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6N/ --- ISUZU (၁၂)ဘီး ဖြူ^နီကြား ကုန်တင်ယာဉ်သည် ရန်ကုန်-မန္တလေး လမ်းမဟောင်းအတိုင်း တောင်ကြီးသို့ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း သိရသည်။ တောင်ကြီးဘက်သို့မောင်းနှင်လာစဉ် မေ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မရောက်မီ နှစ်မိုင်ခန့်အလို ဟန်ဝင်းအောင် စက်သုံးဆီအရောင်းဆိုင်အနီးတွင် ယာဉ်မောင်းဖြစ်သူ ကိုသောင်းထိုက်စိုးက အလေးသွားချင်၍ ကားကိုခေတ္တရပ်နားကာ ယာဉ်ပေါ်တွင် ယာဉ်နောက်လိုက် ကိုထက်အား ထားခဲ့ပြီး လမ်းဘေးမြောင်းထဲသို့ဆင်း၍ အလေးသွားခဲ့ကြောင်း၊ အလေးသွားပြီး ပြန်တက်လာစဉ် အသက် ၂၀ နှစ်အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ ရောက်ရှိလာကာ ကာမကိစ္စနှင့်ပတ်သက်၍ “အစ်ကိုအလုပ်လုပ်ဦး မလား” ဟု မေးရာ မလုပ်လိုကြောင်းပြောပြီး ゞင်းရပ်ထားသော ကားရှိရာသို့ ပြန်လာခဲ့ကြောင်း၊ ကားနားသို့မရောက်မီ အမျိုးသားသုံးဦး(လူမြင်လျှင်မှတ်မိ)က ဝါးစိမ်းတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ရာ ကိုသောင်းထိုက်စိုး၏ ဦးခေါင်းတွင် ဖူးရောင်ဒဏ်ရာတစ်ချက်၊ ဝဲလက်ဖျံတွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ယာဘက်ခြေသလုံးတွင် ပွန်းပဲ့ဒဏ်ရာတစ်ချက်ရရှိ ခဲ့သည့်အပြင် ゞင်း၏ ဟွာဟွေးဖုန်းအမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေစက္ကူ ရှစ်သောင်းကျပ်တို့အား လုယူထက်ပြေးသွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုသောင်းထိုက်စိုးက ရေတာရှည်မြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ရိုက်နှက်လုယက်ထွက်ပြေးသူ လေးဦးစလုံးအား မေ ၂၆ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းမှူးထံမှ သိရသည်။

ရေတာရှည်မြို့မစခန်းမှူး ဒုရဲမှူးမြင့်နိုင်က “ကားသမားနဲ့ သူရဲ့ယာဉ်နောက်လိုက်ပေါ့နော်။ သူတို့ ပဲခူးဘက်ကနေ တောင်ကြီးဘက်ကိုထွက်လာတာဗျ၊ သူ့ရဲ့ ကိုယ်ပိုင်ယာဉ်ပေါ့။ အဲဒီကားက ကျွန်တော်တို့ ရေတာရှည်ရဲစခန်းကနေ တောင်ဘက်နှစ်မိုင်လောက် အကွာပေါ့။ ရွှေပြည်ကုန်း အဲဒီနားရောက်တော့ လမ်းဘေးနားမှာ ကားကိုရပ်ပြီး အလေးသွားတာပေါ့။ အလေးသွားပြီးတော့ ပြန်တက်လာတာပေါ့။ အဲဒီမှာ အသက် ၂၀ ခန့်အမျိုးသမီးတစ်ဦးက သူ့ဆီကိုရောက်လာတယ်။ ရောက်လာပြီးတော့ ကာမကိစ္စနဲ့ပတ်သက်ပြီးတော့ မေးတယ်ပေါ့နော်။ ကျွန်တော်တော့ မလုပ်လိုဘူးဆိုပြီးတော့ ပြန်လှည့်လာတာပေါ့။ ပြန်လှည့်လာတော့ အမှောင်ထဲမှာ လူသုံးယောက်က ဘေးနားက မြောင်းထဲကနေတက်လာပြီးတော့ ဝါးတုတ်တွေနဲ့ရိုက်တယ်။ ရိုက်တော့ ခေါင်းမှာ ဖူးရောင်ဒဏ်ရာတစ်ချက်၊ လက်ဖျံမှာ ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ ညာဘက်ခြေသလုံးမှာ ပွန်းပဲ့ဒဏ်ရာတစ်ချက်၊ သုံးယောက်ဆိုတော့ သုံးချက်ရတယ်။ သူ့ကိုလုတဲ့အခါကျတော့ ဟွာဟွေးအမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနဲ့ ငွေစက္ကူရှစ်သောင်းခန့် ပါသွားတယ်။ ပါသွားပြီးတော့ ကျွန်တော်တို့ ဒီကလှည့်ကင်း ရဲတပ်ဖွဲ့တွေနဲ့ တွေ့တဲ့အခါကျတော့ အကူအညီတောင်းတယ်။ အကူအညီတောင်းတဲ့အခါကျတော့ ကျွန်တော်တို့က သန်းမြတ်ဦးဆိုတာကို အရင်မိတယ်။ သန်းမြတ်ဦးကို မသင်္က࿿ာလို့စစ်တဲ့အခါမှာ သူကတစ်ဆင့်ပေါ့။ ယောကျာ်းသုံးယောက်၊ မိန်းကလေးတစ်ယောက်ပေါ့။ အားလုံးလေး ယောက်ပေါ့။ အဲဒါဖမ်းပြီးတော့ ကျွန်တော်တို့ ပုဒ်မ ၃၉၄ နဲ့ အရေးယူထားပါတယ်။ (ပ)နံပါတ် ၂၇၅၊ သက်သေခံပစ္စည်း ငွေစက္ကူတွေ သိမ်းထားတယ်။ သူတို့အခင်းဖြစ်တဲ့အချိန်မှာ ရိုက်တဲ့တုတ်ပေါ့။ အဲ့ဒါလည်းသိမ်းထားတယ်။ သူတို့အသုံးပြုတဲ့ ဆိုင်ကယ်နှစ်စီး အဲဒါတွေ ကျွန်တော်တို့ သိမ်းဆည်းရမိပါတယ်” ဟု ပြောကြားသည်။


ရေတာရှည်မြို့မရဲစခန်းက ဖမ်းဆီးရမိသည့် ရိုက်နှက်ပြီး လုယက်ထွက်ပြေးသူလေးဦးမှာ သန်းမြတ်ဦး ၂၁ နှစ်(ဘ)ဦးစိုးနိုင် တုံးခေါင်းရွာ၊ သာဂရမြို့၊ တောရှည်မြို့နယ်၊ အုန်းသီး(ခ) ကိုမျိုး ၃၅ နှစ်(ဘ)ဦးချစ်ခင် အမတ်ကြီးခုံကျေးရွာ၊ ဆွာမြို့၊ မစိုးစိုး ၁၉ နှစ်(ဘ)ဦးသန်းစိန် အမတ်ကြီးခုံကျေးရွာ ဆွာမြို့(အုန်းသီး၏ဇနီး)၊နှင့် သက်ဇော်အောင်(ခ)ဦးကြီး ၃၄ နှစ်(ဘ)ဦးအုန်းရှိန် တုံးခေါင်းကျေးရွာ သာဂရမြို့၊ ရေတာရှည်မြို့နယ်နေသူတို့ လေးဦးဖြစ်ပြီး ゞင်းတို့လေးဦးအား ရေတာရှည်မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး(ပ)၂၇၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

No comments:

Post a Comment