Monday, May 27, 2019

အောင်လံမြို့တွင် နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိသည့် ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ ထားရှိရာ ဘုရားတိုက်ကြီးကို ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နေ

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် နှစ်ပေါင်း ၁၀၀ ခန့် သက်တမ်းရှိသည့် ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်များ ထားရှိရာ ဘုရားတိုက်ကြီးကို ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။ မကွေးတိုင်းဒေသကြီး အောင်လံမြို့ ပြာသာဒ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း တည်ရှိသော ၁၉၂၃ ခု နှစ်ခန့်က တည်ဆောက်ခဲ့သည့် ဘုရားတိုက်ကြီးမှာ နှစ်ပေါင်း ၁၀၀ နီးပါးခန့် သက်တမ်းရှိနေပြီး လက်ရှိတွင် ပျက်စီးယိုယွင်းမှုများ ရှိနေကာ ရှေးမှုမပျက် ထိန်းသိမ်းရန် လိုအပ်နေကြောင်း သိရသည်။


“ဒီအဆောက်အအုံကြီးက ၉၆ နှစ်ရှိပြီပေါ့။ အခုထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ ဘုန်းကြီးတို့လည်း တတ်နိုင်သလောက် ထိန်းသိမ်းမှုတွေ လုပ်နေပါတယ်။ ဒါကြီးကို ရှေးလက်ရာတွေမပျက် နှစ် ၁၀၀ ကျော်အထိ ခိုင်ခန့်တည်ရှိအောင် ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်” ဟု ပြာသာဒ်ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဝါသဝိန္ဒက မိန့်ကြားသည်။

ယင်းဘုရားတိုက်ကြီးသည် နှစ်ထပ်ဆောင်ကြီးဖြစ်ကာ ဘုရားဆင်းတုတော်များ တည်ရှိပြီး ရွှေဖြင့်ထုလုပ် ပူဇော်ထားသည့် ဆင်းတုတော်များလည်း ရှိနေကြောင်း သိရသည်။

No comments:

Post a Comment