Monday, May 27, 2019

ပခုက္ကူမြို့နယ်ရှိ ရွာများတွင် မိုးဦးသီးနှံ စတင်စိုက်ပျိုးနေ

Image may contain: one or more people, sky, tree, outdoor and natureမကွေးတိုင်းဒေသကြီး၊ ပခုက္ကူ မြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးသီးနှံများဖြစ်သည့် နှမ်း၊ ၀ါ၊ မြေပဲ၊ ပဲစင်းငုံနီ တို့ကို စတင်စိုက်ပျိုးနေကြောင်း တောင်သူများထံမှ သိရသည်။ “နှစ်စဉ်စိုက်ပျိုးနေကျ သီးနှံတွေပဲ စိုက်တာပါ။ ပဲလေးခေါ် သုံးလ မြေပဲ၊ ၆ လပဲခေါ် ပဲကြီး၊ နှမ်း၊ ဝါနဲ့ ပဲစင်းငုံနီလည်း စိုက်တယ်။ ဒီနှစ် ပဲစင်းငုံနီဈေးကွက်ပေါ်လာတော့ အမယ်စုံအောင် စိုက်မယ်ဗျာ ”ဟု ဒေသခံ တောင်သူ တစ်ဦးက မဇ္ဈိမသို့ပြောသည်။ ပဲစင်းငုံနီပေါက်ဈေးသည် မေ ၂၂ ရက်နေ့တွင်၂၀၁၉ ပိသာ(၂၀) တစ်တင်းလျှင် ၃၅၀၀၀၊ ၂၀၁၇ပိသာ(၂၀) တစ်တင်း လျှင် ၃၁၁၀၀ ကျပ်ဈေးရှိကြောင်း ပခုက္ကူမြို့နယ်ကုန်သည်ပွဲစားအသင်းထုတ်ပြန်ချက်အရ သိရသည်။ “ ဒီနှစ် မိုးဦးနောက်ကျတယ်။ မိုးက ဝယ်မရဘူး။ မျိုးဝယ်ရတယ်လေ။ စိုက်မဲ့သီးနှံရဖို့ လိုတာပါ။ ဈေးကွက်တွေ မဆိုးဘူး၊မိုးပေးကောင်းရင် အဆင်ပြေမှာပါ၊အဓိကတော့ မိုးပေးကောင်းဖို့ပါ” ဟု တောင်သူဦးဝင်းက ဆိုသည်။

No comments:

Post a Comment