Monday, May 27, 2019

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ အလောင်းအား တွေ့ရှိဟုသိရ

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်တွင် ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ အလောင်းအား တွေ့ရှိပြီဖြစ်ကြောင်း မစိမ့်ထက်၏ ဖခင်ဖြစ်သူက The Daily Eleven သတင်းစာသို့ အတည်ပြုပြောကြားသည်။ “အသေးစိတ်တော့ မသိဘူး။ ကျွန်တော်က ရန်ကုန်မှာဆိုတော့။ ကယ်ဆယ်ရေးမှာ ဘော်ဒီရပြီဆိုတာပဲ သိတယ်” ဟု မစိမ့်ထက်၏ ဖခင် ဦးမောင်မောင်လေးက ပြောကြားသည်။ မစိမ့်ထက်မှာ ရေခဲတောင်ပေါ်မှ ပြုတ်ကျ၍ သေဆုံးခဲ့သည်မှာ ၄၅ ရက် ကြာပြီဖြစ်သည်။

“ခန္ဓာကိုယ်အနေအထားပေါ် ကြည့်ပြီး ခန့်မှန်းပြောရရင်တော့ ဘော်ဒီက သိပ်မကောင်းတော့ဘူးလို့ ကျွန်တော် ယူဆတယ်။ အချိန်အတိုင်းအတာကလည်း ကြာနေပြီဆိုတော့လေ။ နောက်ပြီး ဘော်ဒီကျတဲ့ နေရာက ရေခဲမရှိဘူးလို့ ကြားတယ်” ဟု ဦးမောင်မောင်လေးက ပြောကြားသည်။

ဖန်ဂရမ်ရာဇီရေခဲတောင်ပေါ်တွင် ပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ အလောင်းကို ရှာဖွေရန် မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဌဦးကျင်ဦးက ငွေကြေးစိုက်ထုတ်ပြီး အဖွဲ့ဝင် ၁၅ ဦးပါ ကယ်ဆယ်ရေးကော်မတီ ဖွဲ့စည်းခဲ့သည်။

ထိုကယ်ဆယ်ရေးအဖွဲ့သည် ဧပြီ ၂၆ ရက်တွင်ပူတာအိုမှ ဖန်ဂရမ်ရာဇီရေခဲတောင်ဘက်သို့ စတင်ထွက်ခွာခဲ့သည်။

ထိုကယ်ဆယ်ရေးအဖွဲ့က မစိမ့်ထက် ခန္ဓာကိုယ်ကို မတွေ့ရှိဘဲ ゞင်း၏ စုတ်ပြဲနေသည့် ဂျာကင်၊ ပျက်စီးနေသော မျက်မှန်နှင့် အသုံးအဆောင်ပစ္စည်းအချို့သာ တွေ့ရှိခဲ့ကြောင်း သိရသည်။

 ဒုတိယအကြိမ် ရှာဖွေရေးကို မစိမ့်ထက်၏ မိသားစုက ငွေကြေးစိုက်ထုတ်၍ ပထမအကြိမ် ကယ်ဆယ်ရေး၌ ပါဝင်သော လမ်းပြ ဦးလန်ဝမ်ထိန်နှင့် အဖွဲ့ဝင်ရှစ်ဦးအား စေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုကယ်ဆယ်ရေးအဖွဲ့သည် မေ ၁၈ ရက်တွင် စတင်ထွက်ခွာခဲ့ကြောင်း ဦးမောင်မောင်လေးက ပြောကြားသည်။

“ဘော်ဒီပြန်တွေ့တဲ့ ရက်ကိုတော့ သေချာ ကျွန်တော်မသိဘူး။ ကျွန်တော်ထင်တယ်။ ဒီတစ်ရက်နှစ်ရက်လောက်က ဖြစ်မယ်ထင်တယ်။ မနေ့ကလောက်များ ဖြစ်မလားမသိဘူး” ဟု ဦးမောင်မောင်လေးက ပြောကြားသည်။

မစိမ့်ထက်၏ ခန္ဓာကိုယ်သည် ပူတာအိုသို့ မရောက်ရှိသေးဘဲ လမ်းခရီးတွင်သာရှိနေပြီး ပူတာအိုသို့ ရောက်ရှိရန် သုံး-လေးရက်ခန့်လိုကြောင်း ゞင်းက ပြောကြားသည်။ ထို့ပြင် ခန္ဓာကိုယ်ပုံစံအနေအထားအပေါ် မူတည်၍ ရန်ကုန်သို့ သယ်ဆောင်ရန် ဆုံးဖြတ်မည်ဟု ゞင်းက ပြောကြားသည်။

“ခန္ဓာကိုယ် အနေအထားပေါ် ကြည့်ပြီး ရန်ကုန်သယ်လာဖို့ ဆုံးဖြတ်ရမှာ။ အချိန်ကလည်း နည်းနည်းကြာသွားပြီ။ ၄၅ ရက်လောက် ဆိုတော့။ သူ့ရဲ့ဘော်ဒီအနေအထားပေါ် ဘယ်လိုရှိလဲ ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ” ဟု ဦးကိုကိုလေးက ပြောသည်။

ကယ်ဆယ်ရေးအဖွဲ့ဝင်များ အားကျပ် သိန်း ၅၀ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မစိမ့်ထက်သည် ဧပြီ ၆ ရက်တွင် အဖွဲ့ ဝင် ၂၀ ပါဝင်သည့် The Summiter အမည်ရှိ တောင်တက်အဖွဲ့နှင့် ပူတာအိုမှ ထွက်ခွာပြီး ဖန်ဂရမ်ရာဇီရေခဲတောင်သို့ စတင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧပြီ ၁၂ရက် နံနက် ၈နာရီ မိနစ် ၅၀ တွင် ဖန်ဂရမ်ရာဇီ ရေခဲတောင်ထိပ်သို့ ရောက်ရှိပြီး တောင်ထိပ်မှ ပြန်အဆင်းတွင် ခြေချော်၍ ချောက်အတွင်းသို့ ပြုတ်ကျခဲ့ကြောင်း  The Summiter အဖွဲ့က မေ ၁၉ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

No comments:

Post a Comment