Monday, May 27, 2019

ဘောလုံးလောကထဲ မည်သည့်ရာထူးဖြင့် ပြန်ဝင်ရမည်မသိဟု အာစင်ဝင်းဂါး ပြော

ဘောလုံးလောကထဲကို ပြန်ဝင်တော့မယ်ဆိုပေမယ့် အနားယူတာ ကြာလာတာကြောင့် ဘယ်အသင်းမှာ ဘယ်လိုရာထူးနဲ့ ပြန်လုပ်ရမလဲဆိုတာ မသိတော့ဘူးလို့ အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးက အရွှန်းဖောက် ပြောကြားလိုက်ပါတယ်။ ဝင်းဂါးအနေနဲ့ ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်ဖို့ လုံးဝသေချာနေပေမယ့် ဘယ်အသင်းမှာ ဘယ်လိုရာထူးနဲ့ အလုပ်ပြန်ဝင်ရမလဲဆိုတာ မသိတဲ့ အခက်အခဲ ရှိနေတယ်လို့ မီဒီယာတွေနဲ့ တွေ့ဆုံချိန် ပြောကြားလိုက်တာပါ။



အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ ၂၂ နှစ်ကြာ နည်းပြရာထူးကို တာဝန်ယူခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလကတည်းက အနားယူနေခဲ့တာ ဖြစ်ပါတယ်။

ဝင်းဂါးက သူ့အနေနဲ့ အသက် ၂၉ နှစ်ကနေ ၆၉ နှစ်အထိ အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်း တခါမှမရေးဘူးကြောင်း၊ ဒါပေမယ့် နေ့တိုင်း အလုပ်မပျက်ခဲ့သလို ဖိအားတွေနဲ့ လည်ပတ်နေလို့ အမြဲပျော်ရွှင်နေတယ်လို့ ပြောပါတယ်။

နောက်ပြီးတော့ သူ့အတွက် အကောင်းဆုံးခံစားချက်က ဘယ်တော့မှ မလဲကျဘူးလို့ ပြန်ထဖို့ မလိုအပ်တာဖြစ်ကြောင်း ပြောပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာလာချိန်မှာ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီတို့လို အသင်းတွေက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိအထိမှာတော့ ဘယ်အသင်းကို ကိုင်တွယ်မယ်ဆိုတာ သတင်းတွေ ငြိမ်နေပါတယ်။

No comments:

Post a Comment