Monday, May 27, 2019

သုံးပွင့်ဆိုင် ယန္တရားတွင် ပြန်လည်ပူးပေါင်းပါဝင်မည်ဟု အလုပ်သမားအဖွဲ့ချုပ် နှစ်ခုပူးတွဲကြေညာ

 လေးလခန့် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်းငံ့သည့် သုံးပွင့် ဆိုင်ယန္တရားတွင် ပြန်လည်ပူး ပေါင်းပါဝင်မည်ဟု အလုပ်သမား အဖွဲ့ချုပ် နှစ်ခုက မေလ ၂၅ ရက် ၌ ပူးတွဲကြေညာသည်။ အစိုးရက အလုပ်သမားရေး ရာဥပဒေများ ပြန်လည်ပြင်ဆင် ရာတွင် အလုပ်သမားများ၏အ ကြံပြုချက်များကို အလေးထား ထည့်သွင်းမှု မရှိခြင်းကြောင့်ဟု ဆိုကာ မြန်မာနိုင်ငံလုံးဆိုင်ရာ အ လုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) နှင့် မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(MICS-TUsF) တို့က ယခုနှစ် ဇန်န၀ါရီ ၂၅ ရက်ကစတင်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ယန္တရား၌ ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့ခဲ့သည်။ 

ထို့နောက် အလုပ်သမား ပြည်ထောင်စုဝန်ကြီးက အလုပ် သမားအဖွဲ့ချုပ်များကို လွှတ် တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ပေးခြင်း၊ အလုပ်သမားအဖွဲ့ချုပ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပုံမှန်တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု နားလည်ခြင်း၊ သုံးပွင့် ဆိုင် ယန္တရားပိုမိုသက်ဝင် လှုပ်ရှားစေရန် မတူကွဲပြားသည့် ရှုထောင့်အမျိုးမျိုးကို ညှိနှိုင်းရယူရန် လိုအပ်သည်ဟု နားလည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ချိန် ဆိုင်းငံ့မှုကြာမြင့်သဖြင့် သုံးပွင့်ဆိုင် ယန္တရားထိခိုက်မည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြန်လည်ပါဝင်ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ချုပ်နှစ်ခု ကြေညာချက်၌ ဖော်ပြထားသည်။

‘‘၀န်ကြီးရဲ့ ကူညီဆောင် ရွက်ပေးခဲ့မှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့အနေနဲ့ အလုပ်သမားရေးရာ ကဏ္ဍပိုမိုအားကောင်းအောင် ပူး ပေါင်းဆောင်ရွက်သွားပါမယ်’’ ဟု CTUM ဥက္ကဋ္ဌဦးမောင်မောင် က ပြောသည်။

ထိုသို့ သုံးပွင့်ဆိုင် ယန္တရား တွင် ပူးပေါင်းဆောင်ရွက်မှု ဆိုင်း ငံ့ခြင်းကြောင့် အစိုးရ၏အလုပ် သမားရေးရာ မူဝါဒချမှတ်ရေး လုပ်ငန်းများ ကြန့်ကြာစေခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်များ က ဆိုသည်။

အလုပ်သမားရေးရာ အငြင်း ပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိ ယအကြိမ် ပြင်ဆင်အတည်ပြုခဲ့ ရာတွင် အလုပ်သမားများ၊ အ လုပ်သမားအဖွဲ့အစည်းများ ဆိုး ရွားစွာကြုံတွေ့နေရသည့်အချို့ အချက်များဖြေရှင်းနိုင်သည့် ပြဋ္ဌာန်းချက်များ ပါဝင်လာသည့် အပေါ် ကြိုဆိုကြောင်း အလုပ် သမားအဖွဲ့ချုပ်နှစ်ခု၏ ပူးတွဲကြေ ညာချက်၌ ဖော်ပြသည်။

သို့သော် အလုပ်သမားရေး ရာ အငြင်းပွားမှု ဖြေရှင်းရေးဥပ ဒေတွင် နိုင်ငံ့ဝန်ထမ်းများ ထည့် သွင်းပေးရန်ဆိုသည့်အချက် ပယ်ဖျက်ခံရသဖြင့်  စိတ်မကောင်း ဖြစ်ရကြောင်း  ဆက်လက်ဖော်ပြ သည်။  ထိုသို့ အလုပ်သမားရေးရာ ဥပဒေများ ပြင်ဆင်သတ်မှတ်ရာ တွင် အလုပ်သမားများလိုချင် သည့် အချက်များ မပါဝင်၍ ဆန္ဒထုတ်ဖော်ခြင်းအပေါ် နားလည် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဆိုသည်။ ‘‘ဥပဒေကို လွှတ်တော်က အတည်ပြု  ပြဋ္ဌာန်းတာပါ။ အ တည်ပြုတဲ့အခါမှာ အစိုးရက ထည့်သွင်းထားတဲ့ အချက်ပယ် ဖျက်ခံရတာ ရှိသလို  အလုပ်ရှင် ဘက်ကလိုချင်တာ မပါတာလည်း ရှိတယ်။ အလုပ်သမားတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ဥပဒေတစ်ခု က တစ်သမတ်တည်း ရှိနေမှာ မဟုတ်ပါဘူး။ လိုအပ်ချက်တွေ ကို အမြဲပြင်ဆင်ဖြည့်စွက်ခွင့် ရှိနေပါတယ်’’ဟု ၎င်းကပြောသည်။

No comments:

Post a Comment