Monday, May 27, 2019

စည်းကမ်းမဲ့ တရုတ်စီးပွားရေးလုပ်ငန်းများကို ထိန်းသိမ်းရန် မြန်မာ- တရုတ်စီးပွားရေးအသင်း စတင်ဖွဲ့စည်း

 မြန်မာနိုင်ငံတွင် စည်း ကမ်းမဲ့လုပ်ကိုင်နေသော တရုတ် စီးပွားရေးလုပ်ငန်းများကို ထိန်း သိမ်းရန် တရုတ်သံအမတ် ထောက်ခံချက်ဖြင့် မြန်မာ- တရုတ်စီးပွားရေးအသင်းကို စတင်ဖွဲ့ စည်းခဲ့သည်။ြ မန်မာနိုင်ငံ ကုန်သည်များ ၏ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် တရုတ်ကုန်သည် များနှင့် စီးပွားရေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်များဖြင့် ပူးပေါင်းဖွဲ့စည်းခြင်း ဖြစ်သည်။


မြန်မာ-တရုတ်စီးပွားရေး အသင်းကို လက်ရှိတွင် မြန်မာနိုင် ငံဘက်က ဥက္ကဋ္ဌတစ်ဦးနှင့် တရုတ်နိုင်ငံဘက်က တွဲဖက်ဥက္ကဋ္ဌတစ် ဦးဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။ ဒုဥက္ကဋ္ဌနှစ်ဦးနှင့် အတွင်းရေးမှူး အဖွဲ့အပါအ၀င် အလုပ်အမှု ဆောင်များအဖြစ် နှစ်နိုင်ငံမှ ကိုယ်စားလှယ် ၃၂ ဦး၊ ကဏ္ဍအလိုက် အသင်းဝင်နှစ်နိုင်ငံမှ ကိုယ်စားလှယ် ၄၈ ဦးပါဝင်သည်။ြ မန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမည့် တရုတ်စီးပွားရေးလုပ်ငန်း များ တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေရန် ဆောင်ရွက်မည်ဟု အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ကုန်သည် စက်မှုအသင်းချုပ် ဒု ဥက္ကဋ္ဌဦးသိန်းဟန်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တရုတ်အဖွဲ့အစည်းများ၊ တရုတ် ကုမ္ပဏီများစီးပွားရေး လုပ်ကိုင် ရာတွင် သံရုံးကပင် မသိရခြင်း၊ စီးပွားရေးလုပ်ငန်းများ စည်းကမ်း မဲ့လုပ်ကိုင်ခြင်းများ ရှိနေသဖြင့် ထိန်းသိမ်းရန် တရုတ်သံအမတ် က အသင်းဖွဲ့စည်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္က ဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။ တရုတ်နိုင်ငံမှ လာသည့်ရင်းနှီးမြှုပ်နှံမှုများ စနစ်တကျဖြစ်စေရန်အသင်းက ဆောင်ရွက်မည်ဟု ၎င်းကပြောသည်။

မြန်မာ- တရုတ်စီးပွားရေးအသင်းက နှစ်နိုင်ငံအစိုးရနှင့် စက်မှုလက်မှုကဏ္ဍတွင် အရေးပါသော ပေါင်းကူးတံတားဖြစ်လာ မည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် မစ္စတာဟုန်လျန် က မေလ ၂၀ ရက်တွင် ပြုလုပ်သော အသင်းဖွင့်ပွဲ၌ ပြောကြား သည်။

မြန်မာ-တရုတ် စီးပွားရေး စင်္ကြံလမ်းစီမံကိန်းနှင့် ဆက်စပ် ပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းကိုလည်း အကောင်အထည် ဖော်နေသည်။ အဆိုပါစီမံကိန်း များတွင် မြန်မာစီးပွားရေးလုပ်ငန်း ရှင်များနှင့် တရုတ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် အသင်းက အကူအညီမည်ဟု ဦး သိန်းဟန်ကဆိုသည်။

အလုပ်အကိုင် အခွင့်အ လမ်းနှင့် နိုင်ငံတော်က လိုအပ်နေ သော အခြေခံအဆောက်အအုံ ပိုင်းကို တိုးတက်လာစေရန် မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ် ငန်းများ လွယ်ကူစွာပူးပေါင်း ဆောင်ရွက်ရေး ကူညီမည်ဟု ၎င်းကဆိုသည်။

လက်ရှိ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လာ ရန် ခြေလှမ်းပြင်ဆင်မှုများရှိလာ သည်ဟု ဦးသိန်းဟန်က ပြော သည်။ မြန်မာနိုင်ငံတွင် တရုတ်စီး ပွားရေး လုပ်ငန်းရှင်များ၏ ရင်း နှီးမြှုပ်နှံမှု ၂၀၁၉ ဧပြီလကုန်အထိ လုပ်ငန်း ၃၃၄ ခု ရင်းနှီးမြှုပ်နှံမှု တန်ဖိုးကန်ဒေါ်လာ ၂၀ ဒသမ ၅ဘီလီယံကျော်ဖြင့် ဒုတိယအများ ဆုံး ရင်းနှီးမြှုပ်နှံထားသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ က စင်ကာပူဖြစ်ပြီး လုပ်ငန်း ၃၀၉ ခု၊ တန်ဖိုးဒေါ်လာ ၂၁ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။

No comments:

Post a Comment