Monday, May 27, 2019

ခြေဥပြင်ရေးပူးပေါင်းကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာများ ဆွေးနွေးမည်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပူးပေါင်းကော် မတီသည် အခန်း(၉)ရွေးကောက် တင်မြှောက်ခြင်းကို လာမည့်သီ တင်းပတ်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါကော်မတီ အ တွင်းရေးမှူး ဒေါက်တာမြတ်ဉာ ဏစိုးက ပြောသည်။  အခန်း(၇) တပ်မတော်နှင့် အခန်း(၈) နိုင်ငံသားများ၏မူလ အခွင့်အရေးနှင့်တာဝန်များအခန်း တို့ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ဆွေးနွေးပြီးစီး၍ အခန်း(၉)ကို ဆက်လက် ဆွေးနွေးခြင်းဖြစ် သည်။


‘‘ဇူလိုင်မှာ ကျွန်တော်တို့ Schedule (လုပ်ငန်းစဉ်)အတိုင်း လွှတ်တော်ကို အစီရင်ခံစာတင် နိုင်မှာပါ’’ဟု ဒေါက်တာမြတ်ဉာ ဏစိုးက ဆိုသည်။ ဖွဲ့စည်းပုံပြင် ဆင်ရေးပူးပေါင်းကော်မတီ၏အ စီရင်ခံစာကို ဇူလိုင် ၁၇ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော် သို့ တင်ပြရမည်ဖြစ်သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏သုံးပုံ နှစ်ပုံခန့် ပြီးစီးမည့် အချိန်အထိ ပူးပေါင်းကော်မတီ၌ ပြည်ခိုင်ဖြိုးပါတီက ပြင်ဆင်ချက် အဆိုတင်သွင်းခြင်းမရှိဟု ယင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးကပြော သည်။

‘‘ဒီအဖွဲ့က ဥပဒေနဲ့ ဟိုဒင်း မဖြစ်ဘူး (မညီညွတ်ဘူး)ပြော ထားတော့ တို့က မပြင်ဘူး။ တို့ ပြင်ထားတဲ့ဟာတွေကို တို့ပြင်ထားတဲ့အတိုင်း သွားမယ်လို့ ပြောထားတယ်’’ဟု ၎င်းက ဆိုသည်။

သို့ရာတွင် ပြည်ခိုင်ဖြိုးပါတီ က ကျောင်းကုန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးဆောင်၍ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်းက တင်သွင်းသည့် ဒုတိယအ ကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဥပဒေမူကြမ်း (ပုဒ်မ ၂၆၁- တိုင်း၊ ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ခွင့်ဆိုင်ရာ ပုဒ်မပြင်ဆင် ရေး)ကို ပြည်ထောင်စုလွှတ်တော် ၌ တင်ထားဖူးသည်။ သို့သော် သီးခြားမဆွေးနွေးဘဲ အထက်ပါ ပူးပေါင်းကော်မတီ၌ တပေါင်း တည်းဆွေးနွေးရန် လွှတ်တော်က မဲခွဲဆုံးဖြတ်သည်။

တစ်ဖက်တွင်လည်း တပ်မ တော်သားကိုယ်စားလှယ်အစုအ ဖွဲ့က ပြင်ဆင်ချက်အဆိုတင်သွင်း ခြင်းရှိ၊ မရှိ ရှင်းလင်းစွာ မသိရ သေးပေ။ အခန်း(၃) နိုင်ငံတော် အကြီးအကဲအခန်းကို ဆွေးနွေး စဉ်အထိ တပ်မတော်က ပြင်ဆင် ချက်အဆိုတင်သွင်းခြင်းမရှိပေ။

အစောပိုင်းက ပူးပေါင်း ကော်မတီ၌ ဆွေးနွေးသည့် အ ကြောင်းအရာများကို ကော်မတီ ဝင် လွှတ်တော်ကိုယ်စားလှယ်အ ချို့က သတင်းမီဒီယာများအား ထုတ်ဖော် ပြောကြားခဲ့သော်လည်း တပ်မတော်သားကိုယ်စားလှယ် ပါဝင်မှုလျှော့ချရေး၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင် စီကို ဖျက်သိမ်းရေး စသည့် အ ကြောင်းအရာများ ဆွေးနွေးအပြီး တွင် ပူးပေါင်းကော်မတီ၌ ဆွေး နွေးချက်များနှင့် ပတ်သက်၍ ကော်မတီဝင်များအား ထုတ်ဖော် ပြောကြားခွင့်ကန့်သတ်ခဲ့သည်။ လွှတ်တော်တွင်း အချိုးကျ အရ ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်အများစုပါဝင်သည့် ပူး ပေါင်းကော်မတီအစည်းအဝေး များတွင် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတဖြစ်ခွင့် ကန့်သတ်ခံထား ရသည့် ပုဒ်မ ၅၉(စ) ပယ်ဖျက် ရေး၊ သမ္မတကို ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ ရွေးချယ် ရန်၊ ဒုတိယသမ္မတကို တစ်ဦးသာ ထားရှိရန် စသည့်အဆိုပြုဆွေး နွေးချက်များရှိခဲ့သည်။

No comments:

Post a Comment