Sunday, May 12, 2019

ထောင်ဆူမှု ဌာနတွင်း စုံစမ်းစစ်ဆေးမှု စတင်

အကျဉ်းထောင် ဆူပူမှု ဖြစ်စဉ်များကို ဌာနတွင်း စုံစမ်း စစ်ဆေးမှုစတင်နေပြီး စစ်ဆေးမှု သည် လာမည့်နှစ်ရက်၊ သုံးရက် အတွင်း ပြီးပြတ်နိုင်ကြောင်း အ ကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးဦးမင်းထွန်းစိုးက ယမန်နေ့ တွင် ပြောသည်။ မေလ ၇ ရက်မှ ၁၀ ရက်အ တွင်း ဘားအံ၊ မော်လိုက်-က လေး၊ ရွှေဘို၊ မြစ်ကြီးနား၊ ပုသိမ်၊ သာယာဝတီ၊ ထားဝယ်နှင့် က သာအကျဉ်းထောင်တို့တွင် ဆက် တိုက်ဆိုသကဲ့သို့ အကျဉ်းသား များ ဆူပူဆန္ဒထုတ်ဖော်မှုများဖြစ် ပွားခဲ့သည်။



လုံခြုံရေး  တင်းကျပ်ပြီးနောက် မေလ ၁၁ ရက်တွင် အ ခြေအနေ တည်ငြိမ်ခဲ့သည်။ အကျဉ်းထောင် များ ဆူပူမှုတွင် တာဝန်ရှိသူများ အား မည်သို့ဆောင်ရွက်နေသည် ကို မေလ ၁၁ ရက်တွင် 7Day Daily သတင်းစာက အကျဉ်းဦးစီး ဌာနသို့  ဆက်သွယ်မေးမြန်းခဲ့ သည်။ ‘‘စုံစမ်းစစ်ဆေးဖို့ သက်ဆိုင် ရာ အုပ်ချုပ်သူတွေ၊ ညွှန်ကြား ရေးမှူးတွေလုပ်နေပါပြီ’’ ဟု ဦး မင်းထွန်းစိုးက ပြောသည်။ စုံစမ်းစစ်ဆေးမှုကာလနှင့် ပတ်သက်၍ ‘‘အကြာကြီးမဟုတ် ပါဘူး။ နှစ်ရက်၊ သုံးရက်ပဲကြာ မှာပါ’’ ဟု၎င်းကဆက်လက်ပြော သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ဧပြီ ၁၇ ရက်မှ မေလ ၇ ရက် အတွင်း အကျဉ်းသား ၂၃,၀၀၀ ကျော်လွတ်ငြိမ်းသက်သာခွင့်သုံး ကြိမ်ပေးရာတွင် မျှတမှုမရှိဟု ဆိုကာ အထက်ပါအကျဉ်းထောင် များမှ အကျဉ်းသားအချို့က ဆူပူ ဆန္ဒပြခဲ့ကြသည်။ ရွှေဘိုထောင် ဆူပူမှုသည် ကျန်အကျဉ်းထောင် ဆူပူမှုများထက် ဆိုးရွားခဲ့ပြီး လုံ ခြုံရေးအဖွဲ့က ထိန်းသိမ်းစဉ် အ ကျဉ်းသားလေးဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရခဲ့သည်။

အကျဉ်းထောင်များ ဆက် တိုက်ဆိုသကဲ့သို့ ဆူပူခြင်းနှင့် တောင်းဆိုချက်များ ထပ်တူညီနေ ခြင်း၊ အကျဉ်းသားများက ဖုန်း သုံးစွဲကာ ထောင်အတွင်းဖြစ်ရပ် များကို လူမှုကွန်ရက်ပေါ်တင် ခြင်းစသည့်ဖြစ်ရပ်များသည် လွတ်ငြိမ်းသက်သာခွင့်များကို အကြောင်းပြုကာ ဆူပူမှုဖြစ် အောင် သွေးထိုးလှုံ့ဆော်မှုများ ရှိနေကြောင်း သုံးသပ်ရရှိ၍ စုံစမ်း စစ်ဆေးမည်ဟု နိုင်ငံတော်သမ္မတ ရုံးက သတင်းထုတ်ပြန်ထား သည်။ ဦးမင်းထွန်းစိုးပြောကြား သည့် စုံစမ်းစစ်ဆေးမှုသည် အ ကျဉ်းဦးစီးဌာနတွင်း စစ်ဆေးမှု သာဖြစ်ပြီး အစိုးရ၏ စုံစမ်းစစ် ဆေးမှုမဟုတ်သေးပေ။ အကျဉ်း ထောင်ဆူပူမှုများကို စုံစမ်းစစ် ဆေးမည်ဟု အစိုးရက မေလ ၉ ရက်ညတွင် သတင်းထုတ်ပြန် ထားပြီး မေလ ၁၁ ရက်ည ၇ နာ ရီခန့်အထိ နောက်ဆက်တွဲသတင်း မထုတ်ပြန်သေးပေ။

No comments:

Post a Comment