Sunday, May 12, 2019

ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်းနေစဉ် တပ်မတော်ဘက်က စစ်ရှိန်လျှော့သင့်ကြောင်း AA ပြောကြား

ရခိုင်လက်နက်ကိုင် အဖွဲ့(AA)အပါအ၀င် မြောက် ပိုင်းလက်နက်ကိုင်လေးဖွဲ့နှင့် အ စိုးရအကြား အပစ်ရပ်စဲရေးဆိုင် ရာဆွေးနွေးပွဲကျင်းပနိုင်ရေး ညှိ နှိုင်းနေစဉ် တပ်မတော်ဘက်က  စစ်ရှိန်လျှော့သင့်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။ တပ်မတော်ဘက်က ထိုး စစ်ဆင်မှုများ လုပ်ဆောင်နေပါ က ရခိုင်ဒေသတွင်း စစ်ရှိန် လျှော့ရန် အခက်အခဲရှိသည်ဟု ၎င်းက ဆိုသည်။



‘‘အမှန်ကတော့ ငြိမ်းချမ်း ရေးကိစ္စအတွက် တကယ်စေတ နာမှန်မှန်နဲ့လုပ်မယ်ဆိုရင် စစ်ရှိန် ကို လျှော့ချဖို့သင့်တာပေါ့။ အစိုး ရဘက်က စစ်ရှိန်လျှော့ချလို့ရှိ ရင်တော့ ကျွန်တော်တို့ဘက်က စစ်ရှိန်လျှော့လို့ရတာပေါ့’’ ဟုခိုင် သုခက ပြောသည်။

အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့အကြား ဧပြီ ၃၀ ရက်က မူဆယ်မြို့၌ ကျင်းပသည့် ဆွေးနွေးပွဲအပြီးနောက်ပိုင်း ရခိုင် ဒေသ၌ စစ်ရှိန်လျှော့ခြင်းမရှိဘဲ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေ ကြောင်း AA က ပြောသည်။

တပ်မတော်အနေဖြင့် AA နှင့်ပတ်သက်ပြီး ဆွေးနွေးရေး လမ်းကြောင်းမှ ညှိနှိုင်းဆောင် ရွက်မည်ဖြစ်သကဲ့သို့ ရခိုင်ဒေသ  လုံခြုံရေးဆောင်ရွက်မှုကိုလည်း  ယခင်အတိုင်း ဆက်လက်ဆောင် ရွက်မည်ဟု တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။ ‘‘ကျွန်တော်တို့အနေနဲ့တော့  ရခိုင်ဒေသရဲ့ ရပ်တည်ချက်က  မပြောင်းလဲဘူး’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

AA အနေဖြင့် မူဆယ်ဆွေး နွေးပွဲအပြီး ယခုမေလအတွင်း  မိုင်းဆွဲတိုက်ခိုက်မှုများ ယခင် ထက်ပိုမိုပြုလုပ်လာသည်ဟု ၎င်း က ဆိုသည်။ အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် AA အပါအ၀င် မြောက်ပိုင်းမဟာ မိတ်လေးဖွဲ့တို့ ယခုမေလလယ် တွင် တွေ့ဆုံဆွေးနွေးရန် ချိန်းဆို ထားသည်။ မူဆယ်မြို့ ဆွေး နွေးပွဲတွင်  မြောက်ပိုင်းလက်နက် ကိုင်လေးဖွဲ့က အစိုးရထံ အဆိုပြု ထားသည့် အပစ်ရပ်စဲရေး စာချုပ် မူကြမ်းကို စာပေးစာယူလမ်း ကြောင်းဖြင့် ညှိနှိုင်းနေကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြား ၀င်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးဆန်းအောင်က ပြော သည်။

No comments:

Post a Comment