Saturday, May 18, 2019

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးရန် တရုတ်သံအမတ်ကြီးပြော

တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် Beltand Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆောက်ရေး ကာကွယ်ပေးခြင်းက နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို အနှစ်သာရပြည့်ဝ စေနိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီး ဟုန်လျန်က ပြောကြားသည်။ တရုတ်နိုင်ငံ သံရုံးသည် ပြည်ထဲရေးဝန်ကြီးဌာနထံ ရဲတပ်ဖွဲ့သုံး လုံခြုံရေးပစ္စည်းများ လှူဒါန်းခြင်း ကို မေလ ၁၃ ရက်တွင် နေပြည် တော်၌ အခမ်းအနားဖြင့် ကျင်းပ စဉ် အထက်ပါအတိုင်း ပြောကြား ကြောင်း သံရုံးက ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသည် ယခုအခါ အသွင်ကူးပြောင်းသည့် အရေးပါ သော ကာလသို့ရောက်နေပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံ ရေး ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-တရုတ် နှစ်နိုင်ငံမြှင့်တင် ခြင်းသည် နိုင်ငံတော်တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးရေးအတွက် လွန်စွာအရေးကြီးကြောင်း တရုတ်သံအ မတ်ကြီးက ပြောကြားသည်။

တရုတ်သံရုံး၏ လှူဒါန်းမှု သည် ရဲတပ်ဖွဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး တတ်စွမ်းသမျှ ကူညီ ပေးရန်နှင့် အထူးသဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ကြိုး ပမ်းဆောင်ရွက်မှုများကို အားပေး ရန်ဖြစ်ကြောင်း ဟုန်လျန်က ပြော ကြားသည်ဟု ဆိုသည်။

အထက်ပါ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကျော်ဆွေ တက်ရောက် ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဖက်ဆက်ဆံရေး တိုးတက်မှု အသစ်များ အဆက်မပြတ်ရရှိစေ လိုကြောင်း ပြောကြားသည်ဟု တရုတ်သံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

တရုတ်သံရုံးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့် ပစ္စည်းအမျိုးအစားများနှင့် တန်ဖိုးကို ထုတ်ပြန်ကြေညာခြင်းမရှိပေ။ ဟုန်လျန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တာဝန်မှ မကြာမီ ပြီးဆုံးမည်ဖြစ် ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းဝင်များနှင့် သီးခြားစီတွေ့ ဆုံခဲ့သည်။

No comments:

Post a Comment