Saturday, May 18, 2019

ပြည်တိုင်းရင်းဆေးရုံတွင် လူနာတက်ရောက်ကုသမှုများနေ

 ပြည်မြို့ ကမ်းနားလမ်းရှိ ပြည်တိုင်းရင်းဆေးရုံတွင် လူနာ တက်ရောက်ကုသမှု သတ်မှတ် ခုတင်ဦးရေထက် ပိုမိုကုသပေး နေရကြောင်း ဆေးရုံအုပ်ကြီး ဦးအောင်စိုးလွင်က ပြောကြားသည်။ ပြည်တိုင်းရင်းဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်သော် လည်း လစဉ်ဆေးရုံတက်ရောက် ကုသသည့် လူနာဦးရေ ပျမ်းမျှ ၄၀ ခန့်ရှိသည်။ ပြည်တိုင်း ရင်းဆေးရုံတွင် အရိုးကျီးပေါင်း ရောဂါ၊ လေငန်းရောဂါ၊   အဆစ် နာရောဂါ၊ အာရုံကြောအားနည်း ရောဂါ၊ အကြောညပ်ရောဂါ၊ နာ တာရှည်ရောဂါ၊ အစာမကြေ လေထိုးလေအောင့် ရောဂါများ ကို အများဆုံးကုသပေးရကြောင်း ၎င်းကဆိုသည်။



‘‘ဆေးရုံမှာက ခုတင်အ စိတ်အပြင်အရန်ခုတင်လေးတွေ ရှိတယ်။ အဲဒီခုတင်တွေနဲ့ထားရ သလိုတချို့နေရာမှာ အဆင်ပြေ အောင်စီစဉ်ပေးတယ်။ ခုတင် ၅၀ အထိဖြစ်ခဲ့ရင်တော့ လူနာတွေကို ပိုမိုအထောက်အကူပြု ကုသနိုင်မယ်။ ဆေးရုံတက်တဲ့အတွင်း လူနာသာမကပဲ ပြင်ပလူနာတွေ ကိုလည်းနေ့စဉ် ၅၀ နဲ့ ၁၀၀ အကြား ကုသပေးရတယ်။ လူနာ တွေဟာအနောက်တိုင်း ဆေး ပညာသာမကပဲ တိုင်းရင်းဆေး ပညာကိုပါ အားကိုးအားထားပြု လာတယ်။ ဌာနရဲ့မျှော်မှန်း ဆောင်ရွက်ချက်တွေနဲ့ ၀န်ထမ်း တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ရဲ့ရလဒ်ပါ’’ ဟု ဦး အောင်စိုးလွင် ကပြောသည်။

၂၀၁၈ - ၁၉ ဘဏ္ဍာနှစ် တွင် ပြည်တိုင်းရင်းဆေးရုံ၌ အ တွင်းလူနာ ၅၂၉ ဦး၊ ပြင်ပလူ နာ ၇,၁၄၂ ဦးရှိပြီး ကွင်းဆင်းကုသ သည့် လူနာ ၄၉၀ ဦးရှိရာ စုစု ပေါင်း ၈,၁၆၁ ဦးကုသပေးနိုင်ခဲ့ သည်။

‘‘ကျွန်တော်က အရိုးကျီး ပေါင်းရောဂါခံစားနေရတာ ငါး နှစ်လောက်ရှိပြီ။ နိုင်ငံခြားဆေး တွေနဲ့ ကုသတာသက်သာလိုက်၊ ပြန်ဖြစ်လိုက်နဲ့ ငွေလည်းကုန်ခဲ့ တယ်။  အခုတိုင်းရင်းဆေးနဲ့ကုသ တာဆေးဝယ်ရတာမရှိဘူး။ ကုသ စရိတ်ပိုက်ဆံတစ်ပြားမှ မပေးရ ဘူး။ ဒါ့အပြင်အတော်လေးလည်း  သက်သာလာတယ်။ ဒါကြောင့်  တိုင်းရင်းဆေးနဲ့ပဲ ဆက်ကုနေ လိုက်တယ်။ တိုင်းရင်းဆေးရုံ၌ လာရောက်ကုသသည့် လူနာ တစ်ဦးကပြောသည်။

ပြည်တိုင်းရင်းဆေးရုံကို ၂၀၀၀ ပြည့်နှစ်က ၁၆ ခုတင်ဆံ့ ဆေးရုံအဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅  တွင် ၂၅ ခုတင်ဆံ့ဆေးရုံ အဖြစ် အဆင့်မြှင့်တင်ကာ ၀န်ထမ်း ဆရာ၊ ဆရာမ ၁၈ ဦးရှိ သည်။ ယင်းဆေးရုံ၌ ဆေးကြပ် ထုပ်ထိုးအကြောပြင်ကုသခြင်း၊ တုန်ခါမှု စက်ဖြင့်ကုသခြင်း၊ ခါး အကြောဆွဲကုသခြင်း၊ အနီ အောက် ရောင်ခြည်ဖြင့်ကုသ ခြင်း၊ ဆေးဖက်ဝင်အရွက်များဖြင့် ပေါင်းချွေးထုတ်ခြင်းစသည့် တိုင်း ရင်းဆေးပညာဖြင့် ကုသပေး နေသည်။

No comments:

Post a Comment