Sunday, May 12, 2019

အပူချိန်စံချိန်သစ်ထပ်တင် မကြာမီ အပူချိန်လျော့ကျနိုင်ဟု ဒေါက်တာထွန်းလွင် ခန့်မှန်း

 မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် အပူချိန်ဆက်လက် မြင့်တက်နေပြီး မြို့သုံးမြို့၌ ထပ်မံ၍ အပူချိန်စံချိန်သစ်တင်ခဲ့သည်။ လတ်တလော အပူဆုံးဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်ရှိ မြို့လေးမြို့တွင် မေလ၉ ရက်က အပူချိန်စံချိန်သစ်တင် ပြီးနောက် မေလ ၁၀ ရက်၌ နောက်ထပ်မြို့သုံးမြို့တွင် စံချိန် သစ်တင်ခြင်းဖြစ်သည်။ မေလ ၁၀ ရက်က ဂန့်ဂေါ၊ ပေါက်နှင့် ဖလမ်းမြို့တွင် အပူချိန် စံချိန်သစ်တင်ပြီး ဂန့်ဂေါမြို့၌ ၄၆ ဒသမ ၆ ဒီဂရီစင်တီရိတ်အထိ မြင့်တက်ခဲ့သည်။
လတ်တ လော အပူချိန်အမြင့်ဆုံးဒေသ သည် မကွေးတိုင်းဒေသကြီးဖြစ် သည်။ တိုင်းဒေသကြီးနှင့် ပြည် နယ်လေးခု၌ နှစ်ရက်အတွင်း မြို့ခုနစ်မြို့တွင် စံချိန်သစ်တင်ရာ မကွေးတိုင်းဒေသကြီးမှ လေးမြို့ ပါဝင်သည်။

အနောက်တောင်မုတ်သုံ လေ မြန်မာနိုင်ငံသို့ စတင်ဝင် ရောက်မည့်အခြေအနေကြောင့် လာမည့်ရက်ပိုင်းအတွင်း အပူချိန် လျော့ကျလာနိုင်ကြောင်း မိုးလေ ဝသပညာရှင် ဒေါက်တာထွန်း လွင်က ခန့်မှန်းထားသည်။ ‘‘ဖန်နီမုန်တိုင်းအလွန်က တည်းက အပူချိန်က ပြန်မြင့်လာ တာ။ လာမယ့် သုံး၊ လေးရက်အ တွင်း အပူချိန်တွေ ပြန်ကျနိုင်ပါ တယ်’’ဟု ဒေါက်တာထွန်းလွင်က မေလ ၁၁ ရက်တွင် ပြောသည်။

No comments:

Post a Comment