Sunday, May 12, 2019

အကျဉ်းထောင်ဖောက်ထွက်ပြေးသော အကျဉ်းသား ၁၀၀ ကျော်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ အပူတပြင်း ရှာဖွေနေ

 မေလ ၁၁ ရက်က ဆူမားတြားကျွန်းရှိ အကျဉ်း ထောင်တစ်ခုမှ အကျဉ်းသား ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက် သွားကြောင်း အင်ဒိုနီးရှားရဲတပ် ဖွဲ့က ပြောသည်။ ဆူမားတြားကျွန်း ဆိုက်ခ် ခရိုင်ရှိ အကျဉ်းထောင်၌ ဆူပူမှု ဖြစ်ကာ မီးလောင်မှုဖြစ်ပွားပြီး နောက် စနေနံနက်က အကျဉ်း သားများ ထွက်ပြေးသွားသည်။ အာဏာပိုင်များက အကျဉ်း သားအမြောက်အမြားကို ရှာဖွေ နေပြီး နံနက် ၁၁ နာရီဝန်းကျင်အ ထိ အကျဉ်းသား ၁၁၅ ဦးကို ပြန် လည် ဖမ်းမိခဲ့ကြောင်း ရီအာယူ ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ ဝီ ဒိုဒိုအီကိုပရီဟက်စတိုပိုက ပြော သည်။



အကျဉ်းသား ၆၅၀ ခန့် ချုပ် နှောင်ထားသော ယင်းထောင်မှ ဒါဇင်နှင့်ချီသော အကျဉ်းသားများ လွတ်မြောက်နေသည်ဟု ဟက်စတိုဂိုက ထပ်လောင်းပြော သည်။

‘‘စစ်တပ်နဲ့ အနီးအနားမှာရှိ တဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့ လွတ်မြောက်နေတဲ့သူတွေကို ရဲတပ်ဖွဲ့က ရှာနေတုန်းပါ’’ဟု ဟက်စတိုပိုက ပြောသည်။

 မက်သာအဖက်တမင်းများ အသုံးပြုလျက်တွေ့ရှိရသည့် အ ကျဉ်းသား အမြောက်အမြားကို အစောင့်များက ရိုက်နှက်ပြီး နောက် ဆူပူမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဆူပူမှုအ တွင်း အကျဉ်းသားသုံးဦး ဓားဒဏ် ရာရရှိခဲ့ပြီး ရဲသားတစ်ဦး သေနတ် ဖြင့် ပစ်ခတ်ခံရသည်ဟု ဒေသန္တရ ကျန်းမာရေးရုံးက ပြောသည်။

အင်ဒိုနီးရှားတွင် အကျဉ်း ထောင်ဖောက်ပြေးမှုများ မကြာ ခဏဖြစ်ပွားလေ့ရှိသည်။

No comments:

Post a Comment