Thursday, May 9, 2019

ဘင်္ဂလားဒေ့ရှ်လေယာဉ်တစ်စီး ရန်ကုန်လေဆိပ်၌ မတော်တဆဖြစ်ပြီး ဆယ်ဦးကျော်ဒဏ်ရာရ၊ လေယာဉ်မယ် စိုးရိမ်ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရန်ကုန်လေဆိပ်သို့ ဆင်းသက် သည့် လေယာဉ်တစ်စီး မတော်တ ဆမှုဖြစ်ပွားပြီး ဆယ်ဦးကျော် ဒဏ်ရာရကာ တစ်ဦးစိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်ဟု တာ ၀န်ရှိသူများက ပြောသည်။ ခရီးသည် ၂၇ ဦးနှင့်  လေ ယာဉ်ဝန်ထမ်း ခြောက်ဦး စုစု ပေါင်း ၃၃ ဦးပါဝင်သည့်ဘင်္ဂလား ဒေ့ရှ်နိုင်ငံ Biman လေကြောင်း လိုင်းမှ လေယာဉ်တစ်စီးသည် မေလ ၈ ရက် ည ၆ နာရီ ၅၂ မိနစ်တွင် ရန်ကုန်လေယာဉ်ကွင်း သို့ဆင်းသက်ရာ၌ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။



‘‘ဒဏ်ရာရတာ လေး ယောက်ရှိတယ်။ ပိုင်းလော့တစ် ယောက်  ၊ လေယာဉ်မယ်တစ် ယောက် ၊ အင်ဂျင်နီယာတစ် ယောက် ခရီးသည်တစ်ယောက်။ လေယာဉ်မယ်က အခြေအနေ စိုး ရိမ်ရတယ်’’ ဟု လေကြောင်း ပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ် အောင်က ပြောသည်။ လေယာဉ်မယ်ကို မြောက် ဥက္ကလာပဆေးရုံသို့ ပို့ဆောင် ထားကြောင်း ၎င်းကပြောသည်။

ရန်ကုန်ဆေးရုံကြီးသို့လည်း တင်ပို့ရသူများရှိပြီး ၎င်းတို့ထဲ တွင် အထိတ်တလန့်ဖြစ်သူ၊ ပွန်း ပဲ့ဒဏ်ရာရသူတို့လည်း ပါဝင် သည်။ ‘‘ပြေးလမ်းကို ဆင်းရမယ့် နေရာမှာမထိဘဲနဲ့ အလယ် လောက်ပေ ၆,၀၀၀ လောက်မှ လာထိတယ်။ အဲဒီတော့ နောက် ကျသွားပြီ။ Late Landing ဖြစ် တော့သူ ပြန်တက်တယ်။ ကြိုးစား ပေမယ့်မတက်ဘဲနဲ့ ပေ ၁၀,၀၀၀ လောက်အကွာမှာ ပြန်ကျတယ်။ ပြေးလမ်းအထိမှာ ညာဘက် အစွန်နားမှာ မြေကြီးထဲရောက်နေ တယ်။ ပျက်စီးသွားတယ်။တောင် ပံတွေ ကျိုးတဲ့အနေအထားရှိ တယ်။ နှစ်ဖက်စလုံး။  လေယာဉ် ကိုယ်ထည်လည်းတွန့်သွားတယ်’’ ဟု ဦးရဲထွဋ်အောင်က ဖြစ်စဉ်ဖြစ် ပွားမှုကို ရှင်းပြသည်။

မေလ ၈ ရက်ည ၈ နာရီခွဲ အထိ လေယာဉ်ပြေးလမ်းပျက်စီးမှုများနှင့် မတော်တဆဖြစ်ပွားခဲ့ သည့် လေယာဉ်ဖယ်ရှားရေး ဆောင်ရွက်နေဆဲဖြစ်၍  ရန်ကုန် လေဆိပ် ဆင်းတက်မှုများကို ခေတ္တပိတ်ထားကာ ရှင်းလင်းမှု များပြီးစီးချိန်တွင် အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးမည်ဟု ၎င်းက ပြောသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်လေဆိပ်သို့ ဆင်းသက် မည့် လေကြောင်းခရီးစဉ်အချို့မှာ မန္တလေး၊ နေပြည်တော်ရှိလေဆိပ် များသို့ ပြောင်းလဲဆင်းသက်ခဲ့ရ သည်။

No comments:

Post a Comment