Sunday, May 12, 2019

မြန်မာနိုင်ငံသားလေးဦးလျှင်တစ်ဦး ရွှေ့ပြောင်းလုပ်သားဖြစ်

 မြန်မာနိုင်ငံသားလေးဦး လျှင် တစ်ဦးနှုန်း ရွှေ့ပြောင်းသွား လာနေပြီး နိုင်ငံတကာနှုန်းထား ထက် သိသာစွာများပြားနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ IOM အကြီးအကဲ မစ္စတာအာခိရိုနာ ကာရာမာက ပြောသည်။ နိုင်ငံတကာတွင် ရွှေ့ပြောင်း သွားလာမှုနှုန်းထားသည် လျင် မြန်စွာ မြင့်တက်နေသော်လည်း မြန်မာနိုင်ငံ၏ နှုန်းမှာပိုများနေသ ဖြင့် ယင်းရွှေ့ပြောင်းအလုပ်သ မားများအတွက် လုံခြုံစိတ်ချရ သည့်အခွင့်အလမ်းရရှိရေး စိန် ခေါ်မှုများရှိနေသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာတွင် လက်ရှိ၌ လူခုနစ်ဦးလျှင် တစ်ဦးနှုန်း ပြည် တွင်း (သို့မဟုတ်)ပြည်ပသို့ ရွှေ့ ပြောင်းသွားလာနေပြီး မြန်မာ နိုင်ငံသည် ယင်းနှုန်းထားထက်ပို များနေခြင်းဖြစ်သည်ဟု မေလ ၁၁ ရက်ကပြုလုပ်သည့် နိုင်ငံတ ကာလုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာအမျိုးသားအ ဆင့်ဒုတိယငါးနှစ်တာလုပ်ငန်းစီ မံချက် (၂၀၁၈-၂၀၂၂)မိတ် ဆက်ပွဲအခမ်းအနားတွင် မစ္စတာ အာခိရိုနာကာရာမာက ပြောကြား သည်။

‘‘သူတို့က ပိုပြီးကောင်းမွန် တဲ့လူမှုဘ၀ရအောင်၊ အလုပ်အ ကိုင်အခွင့်အလမ်းရအောင်၊ ပညာသင်အောင် ရည်ရွယ်ချက် မျိုးစုံနဲ့ ရွှေ့ပြောင်းသွားလာနေ ကြတာဖြစ်ပါတယ်’’ ဟု မစ္စတာ အာခိရိုနာကာရာမာက ပြော သည်။

ထို့ကြောင့် ရွှေ့ပြောင်းလုပ် သားများအတွက် လုံခြုံစိတ်ချရမှု ရရှိစေရန် ငါးနှစ်တာစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်နေ ပြီး အောင်မြင်ထိရောက်စေရန် အစိုးရဌာနပေါင်းစုံနှင့် ဆက်စပ် အဖွဲ့အစည်းများ ပူးပေါင်းရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါရွှေ့ပြောင်းအလုပ် သမားများအတွက် စိန်ခေါ်မှုများ ရှိနေခြင်းကြောင့် နိုင်ငံတော်အနေ ဖြင့် အမျိုးသားအဆင့်သတ်မှတ် ကာ စီမံချက်ကိုပူးပေါင်းအ ကောင်အထည်ဖော်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်း ဆွေက ပြောသည်။

ယခုရေးဆွဲအကောင်အ ထည်ဖော်နေသည့် ငါးနှစ်တာစီမံ ချက်တွင် ရွှေ့ပြောင်းလုပ်သား များအနေဖြင့် သက်ဆိုင်ရာနိုင်ငံ များတွင် ဥပဒေနှင့်အညီ အကာ အကွယ်ရရှိရေး၊ ပြည်ပသို့မထွက် ခွာမီ လိုအပ်သည့်ပညာရပ်များ ကြိုတင်သင်ကြားနိုင်ရေးအပါ အ၀င် လုပ်ငန်းစဉ် ၉၆ ခုကို ထည့် သွင်းရေးဆွဲထားသည်။

‘‘အရှေ့တောင်အာရှနဲ့ တ ခြားနိုင်ငံတွေမှာ သင့်လျော် ကောင်းမွန်တဲ့အလုပ်အကိုင်ရရှိ စေခြင်းဖြင့် ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းသွားလာမှုဖြစ်စေရေး မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ဥပဒေနဲ့အညီ ပံ့ပိုးပေးရန် ရေရှည်မျှော်မှန်းထားပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်း ဆွေက ပြောသည်။

မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနှင့် မလေးရှားနိုင်ငံသို့ အဓိကသွား ရောက်လုပ်ကိုင်နေကြောင်း IOM ထုတ်ပြန်ချက်စာရင်းများတွင် ဖော်ပြထားသည်။ ယင်းစာရင်းများအရ ပြည်ပ နိုင်ငံသို့ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံသား လေးသန်းကျော်ရှိပြီး ယင်းလုပ် သားဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံနှင့် ၁၅ ရာခိုင်နှုန်းသည် မလေးရှားနိုင်ငံတွင် ရှိနေခြင်းဖြစ် သည်။

No comments:

Post a Comment