Sunday, May 12, 2019

လာအိုတွင် တရားမ၀င်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို ကာကွယ်ပေးနိုင်ရေး နှစ်နိုင်ငံ MoU ရေးထိုးရန် စီစဉ်ခြင်းဖြစ်

တရားမ၀င်ရောက်ရှိ လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများကို ကာကွယ်စောင့် ရှောက်ပေးနိုင်ရေး လာအိုနိုင်ငံ နှင့် လုပ်သားစေလွှတ်မှုဆိုင်ရာ MoU ရေးထိုးရန်စီစဉ်ခြင်းဖြစ် ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။ ထိုသို့ MoU လက်မှတ်ရေး ထိုးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ကတစ်ဆင့် လာအိုနိုင်ငံနှင့်ချိတ် ဆက်ဆောင်ရွက်နေခြင်းဖြစ်ကာ အကောင်အထည်ဖော်မည့်ကာ လကို ပြောကြားနိုင်ခြင်းမရှိသေး ဟု ၎င်းကပြောသည်။

လက်ရှိတွင် လာအိုနိုင်ငံ၌ မြန်မာအလုပ်သမားဦးရေ လေး သောင်းခန့်သွားရောက်အလုပ် လုပ်ကိုင်နေပြီး တရားဝင်သွား ရောက်ခြင်းမဟုတ်သဖြင့် ၎င်းတို့ ကိုတရားဝင်ဖြစ်စေရန် စီစဉ် ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။

‘‘အဓိကက မိမိနိုင်ငံရဲ့ ရောက်နှင့်ပြီးသားအလုပ်သမား တွေကို သက်ဆိုင်ရာနိုင်ငံရဲ့ ဥပ ဒေနဲ့အညီ တရားဝင်အကာအ ကွယ်ပေးနိုင်ဖို့ ဆောင်ရွက်နေ ခြင်းဖြစ်ပါတယ်’’ ဟု ၎င်းကပြော သည်။

မြန်မာအလုပ်သမားများ သည် တစ်ဦးနှင့်တစ်ဦးချိတ်ဆက် ၍ လာအိုနိုင်ငံရှိ တရုတ်စက်မှုဇုန် တွင် အသွား၊ အပြန်ကူးသန်း သွားရောက်လုပ်ကိုင်နေသည်။

‘‘၁၄ ရက်လောက် သွား လိုက်၊ လုပ်လိုက်၊ ပြန်လာလိုက်နဲ့ အဲဒီလိုလုပ်တာ။ ဟိုမှာလည်း ခန့် ထားပြီးသား’’ ဟု ဦးသိန်းဆွေက ပြောသည်။

ထိုသို့လာအိုနိုင်ငံတွင် အ လုပ်အကိုင်အခွင့်အလမ်းထွက် ပေါ်နေသော်လည်း ပြည်ပအ လုပ်အကိုင်ဈေးကွက်ကြီးတစ်ခု အနေဖြင့် ဖြစ်ပေါ်နိုင်ခြေနည်း ကြောင်း အေဂျင်စီလုပ်ငန်းရှင်အ ချို့က ဆိုသည်။

‘‘နယ်စပ်ကသူတွေလောက် ပဲ စိတ်ဝင်စားမှုရှိမှာပေါ့။ လက်ရှိ မှာက ထိုင်း၊ မလေးရှားကို သွား မယ့်သူတွေပဲ ပုံနေတာလေ’’ ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ယခုအခါ မြန်မာအလုပ်သ မားများကို ထိုင်း၊ မလေးရှား၊ စင် ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ယူအေ အီး၊ မကာအို၊ ဂျော်ဒန်နှင့် ကာ တာ ကိုးနိုင်ငံသို့သာ တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ပြုထား ပြီး  လစဉ်သွားရောက်သည့် အလုပ်သမား ၂၀,၀၀၀ ကျော်ရှိ ကြောင်း အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာနက ထုတ်ပြန်ထား သည်။

No comments:

Post a Comment