Saturday, May 18, 2019

မင်းကင်းမြို့နယ်ရှိ သောက်သုံးရေခက်ခဲသော ကျေးရွာများတွင် စက်ရေတွင်းတူးမည်

မင်းကင်းမြို့နယ်တွင် အပူ ချိန်မြင့်မားသောကြောင့် သောက် သုံးရေအခက်အခဲဖြစ်နေသော ကျေးရွာများတွင် စက်ရေတွင်း တူးဖော်မည်ဖြစ်ကြောင်း မင်း ကင်းမြို့နယ် စက်ရေတွင်းတူး ဖော်ရန် အကောင်အထည်ဖော် ရေးကော်မတီအတွင်းရေးမှူးဦး ကျော်မင်းအောင်က ပြောသည်။ မင်းကင်းမြို့နယ် လင်းလု ကျေးရွာအုပ်စု မဟူကျေးရွာတွင် ယခုနှစ်မေလဆန်းကစ၍ အပူ ချိန်မြင့်မားသောကြောင့် ဒေသခံ များ သောက်သုံးရေအခက်အခဲ ကြုံတွေ့သဖြင့် စက်ရေတွင်း တူးဖော်ရန် အကောင်အထည် ဖော်ရေးကော်မတီကို ဖွဲ့စည်း ဆောင်ရွက်နေသည်။
‘‘ရေအခက်အခဲဖြစ်တဲ့ရွာ အတွက် ရေတိုစီမံကိန်းနဲ့ ရေရှည် စီမံကိန်းဆိုပြီး ဆွဲလိုက်တယ်။ ရေတိုစီမံကိန်းကတော့ အရမ်း ဝေးလံတော့ ရေကိုကားနဲ့ တင် ပေးနေရတယ်။ မင်းကင်းမှာ ကားကရှားပြီး လမ်းကဆိုးတော့ Double Cab ကားမျိုးနဲ့မှ ပို့လို့ရ တယ်။ လောလောဆယ် သူတို့ သုံးလို့ရအောင် ရေပို့ပေးနေတာ ၁၀ ရက်ကျော်ပြီ။ နေ့တိုင်း ရေပို့ ပေးတာပေါ့။ ရေရှည်စီမံကိန်းက စက်ရေတွင်းတူးပေးမှာပါ။ စက် ရေတွင်းတူးတဲ့သူက မြို့ပေါ်မှာ တူးနေတာ မပြီးသေးလို့။ ပြီးတာ နဲ့ စတူးမှာပါ။ ခန့်မှန်းခြေရေတွင်း တူးခတင် သိန်း ၅၀ လောက်ကုန် မယ်’’ ဟု ဦးကျော်မင်းအောင်က ပြောသည်။

မင်းကင်းမြို့နယ်နှင့် ၁၈ မိုင် ခန့်ကွာဝေးပြီး လမ်းပန်းဆက် သွယ်ရေးခက်ခဲသော မဟူကျေး ရွာ၌ သောက်သုံးရေအခက်အခဲ ဖြေရှင်းရန် စေတနာရှင်၊ ကုသိုလ် ရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် စက်ရေတွင်း တူးဖော်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘စက်ရေတွင်းက အနက်ပေ ၈၀၀ လောက်တူးရမှာ။ ရေတွင်း တူးတာက အားလုံးပေါင်းသိန်း ၁၅၀ လောက်ကုန်မယ်။ အခုအ လှူရှင်တွေလှူဒါန်းငွေက ၁၅ သိန်း၊ သိန်း ၂၀ ၀န်းကျင်ပဲရသေး တယ်။ အဲဒီရွာကလေးက လမ်း ပန်းဆက်သွယ်ရေးခက်ခဲပြီး ချို့ တဲ့တော့ အလှူရှင်တွေ လိုအပ် နေပါသေးတယ်’’ ဟု မင်းကင်းမြို့ နယ် စက်ရေတွင်းတူးဖော်ရန် အ ကောင်အထည်ဖော်ရေးကော်မ တီဘဏ္ဍာရေးမှူးဦးမန်းရည်က ပြောသည်။ မဟူကျေးရွာ၌ သောက်သုံး ရေအခက်အခဲဖြေရှင်းရန် စက် ရေတွင်းတူးဖော်ရာတွင် လှူဒါန်း လိုသူများအနေဖြင့် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မင်းကင်း မြို့ စက်ရေတွင်းတူးဖော်ရန် အ ကောင်အထည်ဖော်ရေးကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ထားသည်။

No comments:

Post a Comment