Saturday, June 22, 2019

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးတာဝန် ဦးကျော်တင့်ဆွေ ခေတ္တယူထား

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်သည် နှလုံးရော ဂါဖြင့် ဆေးခွင့်ယူထားရ၍ နိုင်ငံ တော်အတိုင်ပင်ခံရုံး ၀န်ကြီး ဦးကျော်တင့်ဆွေက ခေတ္တတာဝန်ယူထားသည်ဟု  ပြည်ထောင် စုအစိုးရအဖွဲ့တာဝန်ရှိသူအချို့ က အတည်ပြုသည်။ ၀န်ကြီး ဦးဝင်းခိုင်သည် ပြည်ပတွင် သွားရောက်ကုသမှုခံခဲ့ခြင်း ဖြစ်ပြီး လက်ရှိ၌ ရန်ကုန်မြို့ နေအိမ်တွင် အနားယူနေကာ သမ္မတ ရုံးက ၎င်းကို ဆေးခွင့်တစ်လပေး ထားသည်ဟု စုံစမ်းသိရသည်။



ပြည်သူ့လွှတ်တော် လျှပ်စစ် နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးနေမျိုးထက်က လည်း ‘‘နှလုံး(Stent)ထည့်တယ်၊ နှလုံးသွေးကြော သိပ်မကောင်းတဲ့ အတွက် Stent ထည့်ပြီး Opera-tion (ခွဲစိတ်ကုသမှု) လုပ်တယ် ပေါ့။ အခုကတော့ အနားယူနေ ပါတယ်၊ သိပ်စိုးရိမ်ရတဲ့ အခြေအ နေတော့ မရှိပါဘူး’’ ဟု ဆိုသည်။

ထိုသို့ ဆေးခွင့်ဖြင့် အနားယူ နေရသော်လည်း လက်ရှိတာဝန်မှ လုံးဝ အနားယူခြင်းမဟုတ်ဘဲ ခေတ္တအနားယူခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝန်ကြီး ဦးဝင်းခိုင်သည် အသက်(၆၉)နှစ်အရွယ်ရှိ၍ ကျန်းမာရေးမကောင်းခြင်းသာဖြစ်ပြီး မစိုးရိမ်ရန် ဦးနေမျိုးထက်က ဆို သည်။ ဒီချုပ်အစိုးရလက်ထက် ကနဦးတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ခန့်အပ်ခဲ့သည့်ဝန်ကြီးဟောင်း ဦးဖေဇင်ထွန်း သည်လည်း ကျန်းမာရေးမကောင်း ၍ ၂၀၁၇ အတွင်း အနားပေးခံခဲ့ ရဖူးသည်။ ထို့နောက် ဆောက် လုပ်ရေးဝန်ကြီးအဖြစ် တာဝန်ယူ နေသည့် ဦးဝင်းခိုင်ကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပြောင်း လဲတာဝန်ယူစေခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment