Saturday, June 22, 2019

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရန် စစ်ဆင်ရေးဖြင့် ဆောင်ရွက်နေဟု တပ်မတော်ပြော

ရှမ်းပြည်နယ်တွင် မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးဖြင့် ဆောင်ရွက်နေ ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ယမန်နေ့၌ ပြောကြားသည်။  ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ‘‘တိုင်းစစ်ဌာနချုပ်က လုပ်နေ တာပါ။ တချို့လက်နက်ကိုင်နယ် မြေတွေမှာလည်း လုပ်နေတာသိ ရင် စစ်ဆင်ရေးအနေနဲ့ ဆောင် ရွက်နေတာရှိတယ်’’ဟု ပြောကြားသည်။



‘ရှမ်းရိုးမ-၂’ အမည်ဖြင့် မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး စီမံချက်အရ စစ်ဆင်ရေးဖြင့် မူး ယစ်ဆေးဝါးရှိကြောင်း သတင်းရရှိခြင်းအပါအ၀င် ကွင်းဆင်းဖမ်း ဆီးမှုများပါ ပြုလုပ်နေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

‘ရှမ်းရိုးမ-၂’ စစ်ဆင်ရေး တွင် စိတ်ကြွဆေးပြား သန်းနှင့်ချီ သိမ်းဆည်းရမိမှုများရှိပြီး လက် နက်အချို့အပါအ၀င် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုဆေးဝါးများ ပါဝင် ကြောင်း ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးစီမံချက်အတွင်း ရှမ်းပြည်နယ်ရှိ မြို့နယ် ၃၅ ခု ထက်မနည်းတွင် မူးယစ်ဆေးဝါး များ သိမ်းဆည်းရမိကာ ပြည်ပ နိုင်ငံသားအချို့ကိုလည်း ဖမ်းဆီး နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

 သိမ်းဆည်းရမိသည့် မူး ယစ်ဆေးဝါးများတွင် စိတ်ကြွ ဆေးပြားအမှု အများဆုံးဖြစ် ကြောင်း၊ ဘိန်းဖြူ၊ ကတ်သမင်း၊ ဘိန်းစိမ်း၊ မူးယစ်ဆေးဝါး ချက် လုပ်ရာတွင် အသုံးပြုသည့် ဓာတု ဆေးပစ္စည်း အီသိုင်းအီသာနှင့် ဘိန်းစိမ်းမှုန့်များ ပါဝင်သည်။

တပ်မတော်၏ စစ်ဆင်ရေး တွင် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိသည့် ဖြစ်စဉ်သည် တာချီလိတ်မြို့နယ်၌ ကျပ်သန်း ၅,၀၀၀ ခန့်ရှိ စိတ်ကြွဆေးပြား ၂,၆၉၀,၀၀၀၊ ကဖင်းအလေးချိန် ကီလို ၁,၀၅၀၊ ဘိန်းဖြူ ၁ ဒသမ ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ကီလို ၂၀၀ ခန့် သိမ်းဆည်းရမိခဲ့ သည်။ ဇွန်လ ၁၅ ရက်တွင် တာချီလိတ်မြို့ ပါခါးကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား လေးသန်းကျော်နှင့်အတူ သေနတ်မျိုးစုံကိုးလက်၊ ကျည်အိမ်ရှစ်ခု၊ ခဲယမ်းမျိုးစုံ ၁၉,၂၇၉ တောင့် သိမ်းဆည်းရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

No comments:

Post a Comment