Saturday, June 22, 2019

အာဆီယံထိပ်သီးအစည်းအဝေး ဘန်ကောက်မြို့၌ စတင်၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်

 (၃၄)ကြိမ်မြောက် အာ ဆီယံထိပ်သီးအစည်းအဝေးကို ယနေ့ (ဇွန်လ ၂၂ ရက်)တွင် ဘန် ကောက်မြို့၌ စတင်ကျင်းပပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ယင်းထိပ်သီးအစည်းအဝေး သို့ အခြားအာဆီယံခေါင်းဆောင် များနှင့်အတူ တက်ရောက်နေခြင်း ဖြစ်ပြီး ဒေသတွင်း ကိစ္စရပ်များ၊ အာဆီယံနှင့် နိုင်ငံတကာဆက်ဆံ ရေးအခြေအနေများ ဆွေးနွေး မည်ဖြစ်သည်။ ခေါင်းဆောင်များသည် အာ ဆီယံ၏ အချက်အချာကျမှုနှင့် ညီညွတ်မှုကို အားကောင်းလာစေ  မည့် နည်းလမ်းများ၊ ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းများ ကို ထည့်သွင်းဆွေးနွေးမည်ဟု  ကြေညာထားသည်။



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာဆီယံထိပ်သီး အစည်းအဝေးကာလအတွင်း အာဆီယံခေါင်းဆောင်အချို့နှင့် သီးခြားတွေ့ဆုံရန် စီစဉ်ထား သည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဝန်ကြီး ဦးကျော်တင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိများ လိုက်ပါ သွားသည်ဟု ထုတ်ပြန်ထား သည်။

အာဆီယံထိပ်သီးအစည်း အဝေးကို အလှည့်ကျဥက္ကဋ္ဌ နိုင်ငံက တစ်နှစ်လျှင် နှစ်ကြိမ်လက်ခံ ကျင်းပရပြီး ယခုအစည်းအဝေး သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ဒုတိယအကြိမ်အစည်းအဝေးကို ဘန်ကောက်မြို့၌ပင် လာမည့် နိုဝင်ဘာတွင် ကျင်းပမည်ဖြစ် သည်။ ယင်းအစည်းအဝေးတွင် အာဆီယံနိုင်ငံများမှ ခေါင်း ဆောင်များသာမက အရှေ့အာရှ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပမည်ဖြစ်၍ သက်ဆိုင်ရာနိုင်ငံများ မှ ခေါင်းဆောင်များလည်း တက် ရောက်မည်ဖြစ်သည်။

No comments:

Post a Comment