Sunday, May 12, 2019

ကျောက်တန်းရွာ၌ ထိန်းသိမ်းစစ်ဆေးနေသူ ၂၁ ဦးကို ထပ်မံလွှတ်ပေးဟု တပ်မတော်ပြော AA နှင့် ပတ်သက်၍ မသင်္ကာသူများကို စစ်ဆေးနေမှု ၁၂ ရက်ကြာသည်အထိ မပြီးသေး

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)နှင့် ပတ်သက်၍ မသင်္ကာသူ များကို ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ စာသင်ကျောင်း ၌ ထိန်းသိမ်းစစ်ဆေးနေရာ AA နှင့် ပတ်သက်မှုမရှိသူ ၂၁ ဦးကို ယမန်နေ့ (မေလ ၁၁ ရက်)တွင် ထပ်မံလွှတ်ပေးခဲ့ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ အမျိုးသား ၂၇၅ ဦးကို ဧပြီ ၃၀ ရက်က စတင်ထိန်းသိမ်းစစ် ဆေးခဲ့ရာ မေလ ၁၁ ရက်အထိ ၂၃၀ ဦးကို လေးကြိမ်ခွဲ၍ ပြန် လွှတ်ပေးခဲ့သည်။



စစ်ဆေးမှုများအရ ပြန်လွှတ်ပေးသူများထဲမှ နှစ်ဦးသည် AA နှင့် ပတ်သက်မှုရှိ၍ ပြန်လည် ထိန်းသိမ်းခဲ့ရကြောင်း ဗိုလ်မှူး ချုပ် ဇော်မင်းထွန်းက ပြောသည်။

‘‘ထပ်မံစစ်ဆေးချက်အရ ၂၁ ယောက်က အပြစ်မရှိကြောင်း တွေ့ရတယ်။ ဒီနေ့ ၃ နာရီ ၂၀ မှာတော့ အဲဒီ ၂၁ ဦးကို ပြန်လွှတ် လိုက်ပါတယ်။ ပြန်လွှတ်လိုက် တော့ ကျန်တဲ့လူ ၂၄ ဦး ကျန်ရှိပါ တယ်ဗျ’’ဟု ၎င်းက ဆိုသည်။

ကျန်ရှိနေသူများကို အမြန် ဆုံးစစ်ဆေးပြီး AA နှင့် ပတ်သက် မှုမရှိသူများကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း၊ AA အဖွဲ့ဝင်များ ထပ်မံစစ်ဆေးတွေ့ရှိပါက တရား ဥပဒေအရ တရားစွဲတင်မည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ဆက်လက်ပြောသည်။ ကျောက်တန်းရွာ၌ သံသယ ရှိသူများကို ထိန်းသိမ်းစစ်ဆေး ရာတွင် မေလ ၂ ရက်က ပစ်ခတ် မှုဖြစ်ပွားပြီး ခြောက်ဦးသေ၊ ရှစ် ဦးဒဏ်ရာရကာ လေးဦးလွတ် မြောက်သွားသည်။ ယင်းပစ်ခတ် မှုဖြစ်စဉ်သည် ထိန်းသိမ်းထားသူ များအနက် လူအုပ်စုတစ်စုက အော်ဟစ်ပြီး လက်နက်လုရန် ကြိုးပမ်းခြင်းကြောင့်ဟု တပ် မတော်က ပြောကြားထားပြီး အဖြစ်မှန်ပေါ်ပေါက်ရေး တပ်မတော်စုံစမ်းရေးအဖွဲ့က စစ်ဆေးနေသည်။

No comments:

Post a Comment